Chin State is not stable and secure

in myanmar •  6 years ago 

Chin State is not ‘stable and secure’
ချင်းပြည်နယ်သည် တည်ငြိမ်မှု မရှိပါ၊ လုံခြုံမှု မရှိပါ။
The UN refugee agency’s decision to revoke protection for Chin refugees is not informed by a sincere assessment of conditions for return in Chin State.
UN ဒုက္ခသည် အေဂျင်စီ၏ ချင်းလူမျိုး ဒုက္ခသည်များကို ကာကွယ်ထားပေးမှု ရုတ်သိမ်းရန် ဆုံးဖြတ်ချက်သည် အခြေအနေကို စစ်မှန်စွာ သုံးသပ်ပြီး ဆုံးဖြတ်ခဲ့ခြင်း မဟုတ်ပါ။ ချင်းလူမျိုး ဒုက္ခသည်များ နေရပ်ပြန်ရန် အဆင်သင့် မဖြစ်သေးပါ။
By SALAI SH LIAN and KO THANG | FRONTIER
Salai Sh Lian နှင့် Ko Thang ရေးသားသည်။
ON JUNE 13, Chin refugees living in Malaysia and India – numbering approximately 35,000 –were told they no longer needed international protection. The office of the United Nations High Commissioner for Refugees noted that, while Myanmar remains “fluid and unstable”, Chin State is now “stable and secure”.
ဇွန်လ ၁၃ ရက်နေ့တွင် မလေးရှားနှင့် အိန္ဒိယ နိုင်ငံတို့တွင် နေထိုင်နေသော ၃၅ ၀၀၀ ခန့် ရှိသည့် ချင်းလူမျိုး ဒုက္ခသည်များကို နိုင်ငံတကာ၏ ကာကွယ်စောင့်ရှောက်မှု မလိုအပ်တော့ကြောင်း ပြောကြားခဲ့သည်။ မြန်မာနိုင်ငံသည် ရှုပ်ထွေးနေပြီး တည်ငြိမ်မှု မရှိသော်လည်း ချင်းပြည်နယ်သည် တည်ငြိမ်ပြီး လုံခြုံနေပြီဖြစ်ကြောင်း United Nations High Commissioner for Refugees ရုံးက ဆုံးဖြတ်ခဲ့သည်။
“My family wept when we heard this news,” said a senior member of the Chin Refugee Committee in Delhi, India. Since the UN refugee agency’s cessation announcement, there have been eight suicide attempts among refugees, resulting in one death and one arrest, both in Malaysia. This represented the extreme end of widespread disagreement over the determination.
ဒီသတင်းကို ကြားတော့ ကျွန်တော်တို့ မိသားစု စိတ်မကောင်းဘူးဟု အိန္ဒိယနိုင်ငံ ဒေလီမြို့မှ Chin Refugees Committee ၏ အထက်တန်း အဖွဲ့ဝင် တစ်ဦးက ပြောကြားသည်။ UN ဒုက္ခသည် အေဂျင်စီ၏ ကာကွယ်စောင့်ရှောက်မှု ရပ်ဆဲကြောင်း ကြေညာပြီးကတည်းက ဒုက္ခသည် လူ ၈ ဦးသည် မိမိကိုယ်ကို သတ်သေရန် ကြိုးစားမှု ဖြစ်ပေါ်ခဲ့ပြီး မလေးရှားနိုင်ငံတွင် တစ်ဦး သေဆုံးသွားပြီး တစ်ဦး အဖမ်းခံခဲ့ရသည်။ ၎င်းသည် UN ဒုက္ခသည် အေဂျင်စီ၏ ဆုံးဖြတ်ချက်အပေါ် သဘောထား ကွဲလွဲမှုများ ကျယ်ကျယ်ပြန့်ပြန့် ရှိနေကြောင်း ပြသနေသည်။
Cessation announcements are governed by clear rules to ensure that decisions entailing mass repatriation are not taken lightly. These include community consultations, clear evidence concerning the stability and security of the place of proposed return, and a coherent plan for repatriation. However, in this case, the decision was taken without meaningful community consultation and the only identifiable rationale put forward was the fact that, over the last two years, Chin applying for refugee status have mostly failed.
အလုံးအရင်းနှင့် နေရပ်ပြန်ပို့မှုကို ပေါ့ဆစွာ မလုပ်ဆောင်ရဟူသော စည်းမျဥ်းများဖြင့် ရပ်ဆဲရေး ကြေညာချက်ကို ထုတ်ပြန်ရမည် ဖြစ်သည်။ ၎င်းတို့တွင် လူ့အဖွဲ့အစည်းနှင့် တိုင်ပင်ဆွေးနွေးခြင်း၊ ပြန်ပို့မည့် နေရာတွင် တည်ငြိမ်မှုနှင့် လုံခြုံမှုရှိကြောင်း သက်သေအထောက်အထား၊ နေရပ်ပြန်ပို့ရာတွင် သင့်တော်စွာ စီစဥ်ပေးခြင်းတို့ ဖြစ်သည်။ သို့သော် ယခုကိစ္စတွင် လူ့အဖွဲ့အစည်းနှင့် တိုင်ပင်ဆွေးနွေးခဲ့ခြင်း မရှိပေ။ တင်ပြသော အချက်အလက် တစ်ခုတည်းမှာ ပြီးခဲ့သော ၂ နှစ်အတွင်း ဒုက္ခသည်အဖြစ် လျှောက်ထားသော ချင်းလူမျိုး အများစုသည် မအောင်မြင်ခဲ့သော အချက်သာ ဖြစ်သည်။
UNHCR offices in India and Myanmar will undertake field trips to verify conditions in Chin State in November. Though this casts doubt on how informed the June cessation announcement was, it at least entails a delay in procedures.
အိန္ဒိယနှင့် မြန်မာနိုင်ငံရှိ UNHCR ရုံးများသည် ချင်းပြည်နယ်ရှိ အခြေအနေကို သိရှိရန် နိုဝင်ဘာလတွင် ကွင်းဆင်းလေ့လာရန် ရှိသည်။ ဇွန်လတွင် ပြုလုပ်သော ရပ်ဆဲရေး ကြေညာချက်တွင် သတင်းအချက်အလက် မည်မျှ ရရှိခဲ့သည်ကို သံသယ ဖြစ်နိုင်သော်လည်း ယခုအချိန်တွင် လုပ်ငန်းစဥ်ကို အချိန်ဆွဲရန်သာ လုပ်ဆောင်နိုင်မည်။
However, the office in Malaysia – which hosts the overwhelming majority of Chin refugees, with 16,521 registered and more than 10,000 still seeking asylum – is pressing ahead with the cessation interview process.
သို့သော် မလေးရှား နိုင်ငံမှ ရုံးသည် ရပ်ဆဲရေး အင်တာဗျူးများကို စတင်လုပ်ဆောင်နေပြီ ဖြစ်သည်။ မလေးရှားတွင် မှတ်ပုံတင်ထားသော ချင်းလူမျိုး ဒုက္ခသည် ၁၆ ၅၂၁ ဦးရှိပြီး ၁၀ ၀၀၀ ခန့်သည် ခိုလှုံရန် စောင့်ဆိုင်းနေဆဲ ဖြစ်သည်။
During interviews, individual Chin refugees are given two options. The first is to agree that they no longer need protection and make arrangements to return to Chin State by the end of 2019. The second is to disagree and be asked to justify their fears in a two-month review process. If previous UNHCR cessation processes are any guide, the overwhelming majority will fail and be left without protection.
အင်တာဗျူးတွင် ချင်းလူမျိုး ဒုက္ခသည် တစ်ဦးချင်းစီကို ရွေးချယ်စရာ လမ်း ၂ ခု ပေးထားသည်။ ပထမ တစ်ခုမှာ သူတို့ ကာကွယ်စောင့်ရှောက်ရေး မလိုအပ်တော့ကြောင်း သဘောတူညီပြီး ၂၀၁၉ အကုန်တွင် ချင်းပြည်နယ်သို့ ပြန်ရန် စီစဥ် ဖို့ ဖြစ်သည်။ ဒုတိယ တစ်ချက်မှာ သဘောမတူဘဲ သူတို့ ကြောက်ရွံနေရသေးသော အကြောင်းချက်များကို ၂ လကြာ သုံးသပ်ရေး ကာလတွင် တင်ပြရန် ဖြစ်သည်။ UNHCR ၏ ယခင်ပြုလုပ်ခဲ့သော ရပ်ဆဲရေး သုံးသပ်ချက်ကို လမ်းညွှန်အဖြစ် အသုံးပြုပါက အများစုသည် စစ်ဆေးချက် ကျရှုံးပြီး ကာကွယ်စောင့်ရှောက်မှု ရရှိတော့မည် မဟုတ်ပေ။
A cessation decision requires that improvements in the country of origin be “fundamental” and “durable”, whereby a refugee can expect an acceptable level of protection from national authorities. Democratic elections, the dismantling of security services complicit in crimes, peace agreements and the development of progressive policies are some possible indicators of this. While the 2015 election in Myanmar represented an important change, it has not contributed to fundamental change, particularly from a human rights perspective.
ရပ်ဆဲရေး ဆုံးဖြတ်ချက်အတွက် မူလနိုင်ငံသည် အခြေခံကျကျ တိုးတက်လာရန် လိုအပ်သည်။ ယင်းတိုးတက်မှုသည်လည်း တာရှည်ခံရမည်။ ဒုက္ခသည်များသည် နိုင်ငံ၏ အာဏာပိုင်များ၏ ကာကွယ်စောင့်ရှောက်မှုကို ရရှိရမည် ဖြစ်သည်။ ဒီမိုကရေစီကျသော ရွေးကောက်ပွဲ ရာဇဝတ်မှုများအတွက် ထားရှိသော လုံခြုံရေး ဝန်ဆောင်မှုများကို ဖယ်ရှားလိုက်ခြင်း ငြိမ်းချမ်းရေး သဘောတူညီချက်များနှင့် တခြား တိုးတက်လာသော မူဝါဒများကြောင့် ထိုသို့ ဆုံးဖြတ်ခြင်း ဖြစ်နိုင်သည်။ ၂၀၁၅ ရွေးကောက်ပွဲသည် အရေးပါသော ပြောင်းလဲမှု တစ်ခုဖြစ်သော်လည်း ၎င်းသည် အခြေခံကျကျ ပြောင်းလဲသွားခြင်း မဟုတ်ပေ။ အထူးသဖြင့် လူ့အခွင့်အရေး ရှုထောင့်တွင် ဖြစ်သည်။
Refugees’ fears of persecution centre on the Myanmar military, known as the Tatmadaw, but this institution remains unreformed. Outside of civilian control, it continues to violate human rights with impunity. A recent UN Fact-Finding Mission has held the Tatmadaw responsible for the worst crimes under international law, including crimes against humanity, war crimes and possibly genocide. According to UNHCR’s own assessment, Tatmadaw impunity makes conditions in Myanmar “fluid and unstable”. What would make Chin State different?
ဒုက္ခသည်များသည် မြန်မာ တပ်မတော်၏ ဖိနှိပ်မှုများကို ကြောက်ရွံ့ခြင်း ဖြစ်သည်။ ထိုအဖွဲ့အစည်းသည် ပြုပြင်ပြောင်းလဲခြင်း မရှိသေးပေ။ ယင်းအဖွဲ့အစည်းသည် အရပ်သား အစိုးရ၏ ထိန်းချုပ်မှုကို မရရှိဘဲ လူ့အခွင့်အရေးကို ချိုးဖောက်နေဆဲ ဖြစ်သည်။ မကြာသေးမီက ပြုလုပ်သော UN Fact Finding Mission သည် မြန်မာ တပ်မတော်ကို စစ်ရာဇဝတ်မှုများ လူမျိုးတုန်း သတ်ဖြတ်မှုများဖြင့် တာဝန်ရှိကြောင်း ဖော်ပြထားသည်။ UNHCR က ပြုလုပ်သော သုံးသပ်ချက်တွင်ပင် တပ်မတော်၏ ချိုးဖောက်မှုများသည် မြန်မာနိုင်ငံကို မတည်ငြိမ် ဖြစ်စေသည်ဟု ဆိုထားသည်။ ထိုသို့ဆိုပါက ချင်းပြည်နယ်သည် ဘာထူးမည်နည်း။
Does UNHCR assume that the bilateral ceasefire agreement signed between the Tatmadaw and the Chin National Front, a Chin ethnic armed organisation, in 2012 has succeeded where others have faltered? UNHCR’s cessation guidelines require that ceasefire agreements be “monitored carefully”. Many aspects of the 2012 ceasefire, drawn from consultations with people across Chin State, have still not been properly implemented – particularly those related to religious freedom, protection from conflict-related abuses, and meaningful community involvement in large development projects.
တပ်မတော်နှင့် ချင်းတိုင်းရင်းသား လက်နက်ကိုင် အုပ်စုဖြစ်သော Chin National Front တို့အကြား ၂၀၁၂ ခုနှစ်တွင် အပစ်ရပ်ဆဲရေး သဘောတူစာချုပ် ချုပ်ဆိုနိုင်ခဲ့ခြင်းက လုံလောက်သည်ဟု UNHCR က ယူဆသလော။ သို့သော် တခြား တိုင်းရင်းသားများနှင့် စာချုပ်ချုပ်ဆိုရန် မအောင်မြင်နိုင်ခဲ့ပေ။ UNHCR ၏ ရပ်ဆဲရေး လမ်းညွှန်ချက်တွင် အပစ်ရပ်ဆဲရေး စာချုပ်များကို စောင့်ကြည့်မည်ဟု ပါရှိသည်။ ချင်းပြည်နယ် တစ်ဝန်းမှ လူများနှင့် ဆွေးနွေးပြီး ချုပ်ဆိုခဲ့သော ၂၀၁၂ ခုနှစ် အပစ်ရပ်ရေး စာချုပ်တွင် ပါဝင်သော အချက်များကိုလည်း ပြီးမြောက်အောင် မလုပ်ဆောင်နိုင်သေးပေ။ အထူးသဖြင့် ဘာသာရေး ယုံကြည်မှုဆိုင်ရာ လွတ်လပ်ခွင့် ပဋိပက္ခနှင့် ဆက်နွယ်နေသော အလွဲသုံးစား လုပ်ဆောင်မှုများနှင့် ဖွံ့ဖြိုးရေး စီမံကိန်းကြီးများတွင် လူ့အဖွဲ့အစည်း ပါဝင်နိုင်စေခြင်းတို့ ဖြစ်ကြသည်။
For example, attempts by Chin people to register land for religious worship founder in red tape at the military-controlled General Administration Department. Chin Christians seeking a place of worship are generally forced to buy private land and bribe officials. In 2014, all the churches in Hakha, the Chin State capital, applied to convert their private ownership documents. To date, none have received a response.
ချင်းလူမျိုးများက ဘာသာရေးအတွက် မြေနေရာများကို မှတ်ပုံတင်ရာတွင် စစ်တပ်က ထိန်းချုပ်သော အထွေထွေ အုပ်ချုပ်ရေး ရုံးတွင် ခွင့်ပြုချက် လွယ်ကူစွာ မရရှိပေ။ ဘုရားရှိခိုးကျောင်းအတွက် မြေနေရာရှာသော ချင်းလူမျိုး ခရစ်ယာန် ဘာသာဝင်များသည် ပုဂ္ဂလိက မြေနေရာများကို ဝယ်ယူရသည်။ သို့မဟုတ် တာဝန်ရှိသူများကို လာဘ်ထိုးရသည်။ ၂၀၁၄ ခုနှစ်တွင် ချင်းပြည်နယ် မြို့တော် ဟားခါးမှ ဘုရားရှိခိုးကျောင်းများ အားလုံးသည် ပုဂ္ဂလိက ပိုင်အဖြစ်မှ အများပိုင်အဖြစ် ပြောင်းလဲရန် လျှောက်ထားခဲ့သော်လည်း တုန့်ပြန်မှု တစ်စုံတစ်ရာ ရရှိခဲ့ခြင်း မရှိပေ။
These restrictions contribute to tensions with other communities, particularly in areas bordering Chin State where Christians are a minority and their faith is seen as a Western or “kala” religion. Local authorities often crack down harshly on missionary work and local communities sometimes resort to violence to obstruct Sunday services and other activity perceived as proselytisation.
ထိုသို့သော ကန့်သတ်ချက်များသည် ခရစ်ယာန် ဘာသာဝင် နည်းပါးသော ချင်းပြည်နယ် နယ်စပ်များတွင် တင်းမာမှုများကို ဖြစ်ပွားစေသည်။ ထိုနေရာများတွင် ခရစ်ယာန် ဘာသာဝင်များကို အနောက်တိုင်း ယုံကြည်မှု ကိုးကွယ်သူများ ကုလား ယုံကြည်မှု ကိုးကွယ်သူများအဖြစ် မြင်ကြသည်။ ဒေသဆိုင်ရာ အာဏာပိုင်များသည်လည်း ခရစ်ယာန် သာသနာပြု လုပ်ငန်းများကို နှိပ်ကွပ်ပြီး လူ့အဖွဲ့အစည်းများကလည်း တနင်ဂနွေ ဘုရားရှိခိုးကျောင်း တက်သည်ကို ပိတ်ပင်တားဆီး လိုကြသည်။ အတင်းအကြပ် ဘာသာပြောင်းလဲရန် ကြိုးစားကြသည်။
Given difficulties in accessing education, children in some poor rural communities in Chin State are inducted into the “Na Ta La” schooling system, overseen by the military-controlled Ministry of Border Affairs. Though the schools offer free tuition and lodging, they ban languages other than Burmese and force conversions to Buddhism, partly by inducting children into Buddhist monasteries to train as novices.
ပညာရေး ရရှိရန် ခက်ခဲသောကြောင့် ချင်းပြည်နယ်မှ ဆင်းရဲသား ကျေးလက်ကလေးများသည် စစ်တပ်က ထိန်းချုပ်သော နယ်စပ်ရေးရာ ဝန်ကြီးဌာန၏ နတလ ပညာရေးကို တက်ရောက်ရသည်။ ၎င်းသည် အခမဲ့ ပညာရေးကို ပေးထားသော်လည်း ဗမာဘာသာစကားဖြင့်သာ သင်ကြားရသည်။ ထို့ပြင် ဗုဒ္ဓဘာသာသို့ အတင်းအကြပ် သွပ်သွင်းခံရသည်။ ဗုဒ္ဓဘာသာ ဘုန်းကြီးကျောင်းများသို့ စေလွှတ်ပြီး ရှင်ပြုခိုင်းကြသည်။
Furthermore, mega development projects such as the Kaladan Multi-Modal Transit Transport project, which aims to connect the port of Sittwe in Rakhine State with Northeast India via southern Chin State, have been undertaken with inadequate information and compensation for affected communities, and with exploitative labour conditions.
ထို့ပြင် ဖွံ့ဖြိုးရေး စီမံကိန်းကြီးများဖြစ်သော Kaladan Multi-Modal Transit Transport စီမံကိန်းသည် ရခိုင်ပြည်နယ် စစ်တွေဆိပ်ကမ်းမှ ချင်းပြည်နယ် တောင်ပိုင်းကိုဖြတ်ပြီး အိန္ဒိယ အရှေ့မြောက်ပိုင်းကို ချိတ်ဆက်ထားသည်။ ၎င်းစီမံကိန်းတွင် ထိခိုက်ခဲ့သော လူ့အဖွဲ့အစည်းများကို လျော်ကြေးပေးခြင်း မရှိသည့်အပြင် အလုပ်သမားအဖြစ် ခိုင်းစေရာတွင်လည်း ခေါင်းပုံဖြတ်မှုများ ရှိနေသည်။
Paletwa Township, in southern Chin, has also seen sporadic conflict over the last three years between the Tatmadaw and the Arakan Army, a Rakhine ethnic armed organisation. Civilians have been killed in the crossfire or by landmines, and approximately 8,000 people have fled to India or to settlements on the border with India and Bangladesh.
ချင်းပြည်နယ် တောင်ပိုင်း ပလက်ဝ မြို့နယ်တွင် ပြီးခဲ့သော ၃ နှစ်အတွင်း တပ်မတော်နှင့် ရခိုင် တိုင်းရင်းသား လက်နက်ကိုင်ဖြစ်သော Arakan Army တို့ကြား ပဋိပက္ခများ ဖြစ်ပွားခဲ့သည်။ အပစ်အခတ်များနှင့် မြေမြုပ်မိုင်းများကြောင့် အရပ်သားများ သေဆုံးခဲ့ရသည်။ လူပေါင်း ၈ ၀၀၀ ခန့်သည် အိန္ဒိယနှင့် ဘင်ဂလားဒေရှ့် နယ်စပ်သို့ ထွက်ပြေးခဲ့ရသည်။
The situation in Chin State mirrors issues seen across the country: armed conflict, the displacement of civilians, continued militarisation, and development projects premised on a lack of local inclusion and undertaken without free, prior and informed consent. It is a depressingly familiar picture – far from “stable and secure” – and it leaves Chin refugees without the required guarantees on safe and dignified return.
ချင်းပြည်နယ်မှ အခြေအနေသည် မြန်မာနိုင်ငံ တစ်ဝန်းတွင် ဖြစ်ပွားနေသော အခြေအနေကို ထင်ဟပ်နေသည်။ လက်နက်ကိုင် ပဋိပက္ခများ အရပ်သားများ နေရာပြောင်းရွှေ့ရခြင်း စစ်တပ်၏ ပါဝင်မှု ဒေသခံများ၏ သဘောတူညီမှု မပါဝင်သော ဖွံ့ဖြိုးရေး စီမံကိန်းများ စသည်တို့ ရှိနေဆဲဖြစ်သည်။ ၎င်းသည် တည်ငြိမ်မှု လုံခြုံမှုနှင့် ဝေးကွာနေပြီး ဘေးကင်းလုံခြုံစွာ သိက္ခါရှိစွာ နေရပ်ပြန်ရန်မှာ မဖြစ်နိုင်ပေ။
UNHCR’s decision urgently needs to be reviewed, and assessments of “durable” change should await genuine progress in Myanmar’s peace process, involving commitments by the Tatmadaw to constitutional reform, and the development of a more open, tolerant politics in Myanmar, under which displaced Chin communities can feel safe and included.
UNHCR ၏ ဆုံးဖြတ်ချက်သည် ပြန်လည်သုံးသပ်ရန် အရေးတကြီး လိုအပ်နေသည်။ တာရှည်ခံသော အပြောင်းအလဲကို သုံးသပ်ရာတွင် မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေး လုပ်ငန်းစဥ် အမှန်တကယ် တိုးတက်လာမှု တပ်မတော်က အခြေခံ ဥပဒေကို ပြုပြင်ပြောင်းလဲပေးခြင်း မြန်မာနိုင်ငံတွင် ပိုမိုပွင့်လင်းသော နိုင်ငံရေး ဖြစ်ပေါ်လာမှုကို စောင့်ရမည် ဖြစ်သည်။
Salai SH Lian and Ko Thang work for the Chin Human Rights Organization, an NGO registered in Canada, with branch offices in India, Thailand and in the United States.
Salai SH Lian နှင့် Ko Thang သည် Chin Human Rights Organization တွင် အလုပ်လုပ်ကိုင်နေသူများ ဖြစ်သည်။ ၎င်းသည် ကနေဒါ နိုင်ငံတွင် မှတ်ပုံတင်ထားသော NGO တစ်ခုဖြစ်ပြီး အိန္ဒိယ ထိုင်းနှင့် အမေရိကန် နိုင်ငံတို့တွင် ရုံးခွဲများ ရှိသည်။

Authors get paid when people like you upvote their post.
If you enjoyed what you read here, create your account today and start earning FREE STEEM!
Sort Order:  

Hi! I am a robot. I just upvoted you! I found similar content that readers might be interested in:
https://www.burmalink.org/chin-state-is-not-stable-and-secure/

Congratulations @phyowinkoko! You have completed the following achievement on the Steem blockchain and have been rewarded with new badge(s) :

You received more than 100 upvotes. Your next target is to reach 250 upvotes.

Click here to view your Board of Honor
If you no longer want to receive notifications, reply to this comment with the word STOP

Do not miss the last post from @steemitboard:

Meet the Steemians Contest - The results, the winners and the prizes
Meet the Steemians Contest - Special attendees revealed
Meet the Steemians Contest - Intermediate results

Support SteemitBoard's project! Vote for its witness and get one more award!