Middle Myanmar’s vanishing toddy palms

in myanmar •  6 years ago 

Middle Myanmar’s vanishing toddy palms
မြန်မာနိုင်ငံ အလယ်ပိုင်းမှ တိမ်ကောတော့မည့် ထန်းပင်များ
Toddy palms are in sharp decline, a trend that’s affecting production of the confectionary known as jaggery as well as the illegal tipple popular in rural areas.
ထန်းပင်များသည် တိမ်ကောလာနေသည်။ ထိုသို့ဖြင့် ထန်းလျက်နှင့် ကျေးလက်ဒေသ၏ အရက်ဖြစ်သော ထန်းရည်ထုတ်လုပ်မှုကို ထိခိုက်လာနေသည်။
By HEIN KO SOE / Photos TEZA HLAING
ဟိန်းကိုစိုး ရေးသားသည်။
IN MANDALAY Region’s Patheingyi Township there’s a thriving plantation of 20,000 toddy palms established about 165 years ago by Crown Prince Kanaung of the Konbaung dynasty, a respected moderniser killed in a failed palace coup in 1866 at the age of 46.
မန္တလေးတိုင်း ပုသိမ်ကြီးမြို့နယ်တွင် ကုန်းဘောင်ခေတ်မှ အိမ်ရှေ့စံ ကနောင်မင်းသား လွန်ခဲ့သော နှစ်ပေါင်း ၁၆၅ နှစ်ခန့်က စိုက်ပျိုးခဲ့သော ထန်းပင် ၂၀ ၀၀၀ ခန့် ရှိနေသေးသည်။ ကနောင်မင်းသားသည် အသက် ၄၆ နှစ်အရွယ် ၁၈၆၆ ခုနှစ် မအောင်မြင်သော ထီးနန်းလုမှုတွင် မတရားသဖြင့် အသတ်ခံခဲ့ရခြင်း ဖြစ်သည်။
The plantation is about 10 kilometres from the royal palace that dominates central Mandalay and the palms, from which a cloudy sap is harvested to make the self-fermenting toddy, are owned by descendants of the workers ordered by the prince to plant the trees.
ထိုထန်းတောသည် မန္တလေး နန်းတော်မှ ၁၀ ကီလိုမီတာ အကွာတွင် တည်ရှိပြီး ကနောင်မင်းသားက ခိုင်းစေခဲ့သော အလုပ်သမားများ၏ မျိုးဆက်များက ပိုင်ဆိုင်ခြင်း ဖြစ်သည်။
It’s a pleasant location where families like to relax, often while sipping on toddy wine, an illegal tipple that is popular in rural areas.
ထိုထန်းတောသည် ထန်းရည်သောက်ရင်း မိသားစုများ သွားရောက် အနားယူနိုင်သော သာယာသည့် နေရာဖြစ်သည်။ ထန်းရည်သည် ကျေးလက်ဒေသတွင် လူကြိုက်များသော တရားမဝင်သည့် အရက် ဖြစ်သည်။
U Khin Maung Win inherited more than 100 toddy palms from his grandfather, to whom ownership of the trees had been transferred from the prince.
ဦးခင်မောင်ဝင်းသည် သူ၏ အဖိုးထံမှ ထန်းပင် ၁၀၀ ခန့်ကို အမွေဆက်ခံရရှိခဲ့ခြင်း ဖြစ်သည်။ သူ၏ အဖိုးဖြစ်သူကို ကနောင်မင်းသားကြီးက ထန်းပင်များ စိုက်ပျိုးခိုင်းခဲ့ခြင်း ဖြစ်သည်။
“The trees are an asset and I’ve never thought of cutting them down as long as they are making money for us,” he told Frontier.
ထန်းပင်တွေက တန်ဖိုးရှိတဲ့ ပိုင်ဆိုင်မှုပါ။ ထန်းပင်တွေကနေ ဝင်ငွေရရှိနေသရွေ့ ကျွန်တော်ခုတ်ပစ်ဖို့ ဘယ်တော့မှ တွေးမှာမဟုတ်ဘူးဟု သူကဆိုသည်။
The toddy palm (Borussus flabellifer) is found throughout Southeast Asia and the Subcontinent, where it is used for wine and a sugar product known as jaggery.
Borussus Flabellifer ဟု ရုက္ခဗေဒ အမည်ရှိသော ထန်းပင်များကို အရှေ့တောင်အာရှနှင့် အာရှတိုက်တောင်ပိုင်းတွင် တွေ့ရှိရပြီး ထန်းရည်ခေါ် အရက်ချက်လုပ်ရန်နှင့် ထန်းလျက်ပြုလုပ်ရန် သုံးကြသည်။
There are many references to the palms, toddy wine and jaggery in Myanmar art and culture.(pic)
မြန်မာနိုင်ငံ၏ ယဥ်ကျေးမှု အနုပညာများတွင် ထန်းပင် ထန်းလျက်နှင့် ထန်းရည် မပါလျှင် မပြီးပေ။
In 1972, Ne Win’s Socialist government printed a K5 note with a toddy palm on the reverse side. In central Myanmar, where the trees flourish, toddy wine is known as htan yae, which literally means “toddy water”.
၁၉၇၂ ခုနှစ်တွင် ဦးနေဝင်း၏ ဆိုရှယ်လစ် အစိုးရသည် ၅ ကျပ်တန် ငွေစက္ကူ၏ နောက်ဘက်တွင် ထန်းပင်ပုံကို ရိုက်နှိပ်ထုတ်ဝေခဲ့သည်။ ထန်းပင်များသည် မြန်မာနိုင်ငံ အလယ်ပိုင်းတွင် ပေါများသည်။
However, the trees are under threat in central Myanmar as increasing numbers are being chopped down, mainly because they are no longer generating income.
သို့သော် ထန်းပင်များသည် တိမ်ကောမည့် အန္တရာယ် ကျရောက်နေသည်။ ထန်းပင်မှ ဝင်ငွေ ကောင်းစွာ မရရှိတော့သောကြောင့် အများအပြားကို ခုတ်လှဲပစ်ကြသောကြောင့် ဖြစ်သည်။
Research by associate professor Daw Kalayar Lu of the Botany Department at Mandalay University has found that the number of toddy palms declined by an estimated 50 percent between 2012 and this year, to about five million trees.(pic)
မန္တလေး တက္ကသိုလ် ရုက္ခဗေဒ ဌာနမှ တွဲဖက်ပါမောက္ခ ဒေါ်ကလျာလုက ပြောကြားရာတွင် ထန်းပင်များသည် ၂၀၁၂ ခုနှစ်မှ ယခုနှစ်အတွင်း ၅၀ ရာနှုန်းခန့် လျော့ကျသွားခဲ့ပြီး အပင်ပေါင်း ၅ သန်း ခန့် ဆုံးရှုံးသွားခဲ့သည်ဟု ဆိုသည်။
One of the reasons for the decline has been the enforcement by police of a ban on the sale of toddy wine, which is illegal under Section 30 of the Burma Excise Act, which punishes the illegal import “of excisable items”, and carries a maximum sentence of six months in prison, or a fine, or both. The arrests of several people in central Myanmar in recent years for selling toddy wine has suppressed production of the popular tipple.
ထန်းပင်များ တိမ်ကောရသည့် အဓိက အကြောင်းရင်း တစ်ခုမှာ ထန်းရည်ရောင်းချမှုကို မြန်မာနိုင်ငံ ယစ်မျိုးခွန် အက်ဥပဒေ ပုဒ်မ ၃၀ ဖြင့် တားမြစ်ထားခြင်းကြောင့် ဖြစ်သည်။ တရားမဝင် ရောင်းချသူများကို ထောင်ဒဏ် ၆ လ ဖြစ်စေ ငွေဒဏ်ဖြစ်စေ ၂ ခုစလုံးဖြစ်စေ ချမှတ်နိုင်သည်။ ထန်းရည်ကို တရားမဝင် ရောင်းချမှုဖြင့် မြန်မာနိုင်ငံ အလယ်ပိုင်းတွင် ဖမ်းဆီးမှုများ ရှိလာသောကြောင့် ထန်းရည်ထုတ်လုပ်မှု လျော့ကျသွားခဲ့သည်။
Toddy palm fronds are used to make roofing and the wood can be used for furniture, but the biggest effect of the decline has been on the production of jaggery, a traditional sweet in Myanmar that was once the main income earner for plantation owners.
ထန်းရွက်များကို အမိုးအကာများအတွက် အသုံးပြုပြီး ထန်းပင်စည်ကို ပရိဘောဂများ ပြုလုပ်ရာတွင် သုံးနိုင်သည်။ ထန်းပင်များ တိမ်ကောခြင်းကြောင့် အထိခိုက်ဆုံး လုပ်ငန်းမှာ ထန်လျက်ချက်လုပ်သည့် လုပ်ငန်းဖြစ်သည်။ ထန်းလျက်သည် တစ်ခေတ်တစ်ခါက ထန်းတောပိုင်ရှင်များ၏ အဓိက ဝင်ငွေ ဖြစ်ခဲ့သည်။
Jaggery is made by heating toddy sap until it thickens. It is then cooled and poured into moulds of differing sizes. Deforestation has affected production because of a shortage of firewood. Toddy farmers say the cost of firewood is higher than the market price of the jaggery.(pic)
ထန်းလျက်ကို ထန်းနို့ရည်ကို ပျစ်သွားအောင် အပူပေးပြီး လုပ်ဆောင်သည်။ ထို့နောက် ၎င်းကို အအေးခံပြီး ပုံစံခွက်များထဲသို့ လောင်းချခြင်း ဖြစ်သည်။ သစ်တော်များ ပြုန်းတီးလာပြီး ထင်းရှားပါးလာသဖြင့် ထန်းနို့ရေကို ကျိုရန်အခက်တွေ့စေသည်။ ထင်း၏စျေးနှုန်းသည် ထန်းလျက်ထက် ပိုကြီးနေသောကြောင့် ဖြစ်သည်ဟု ထန်းတောပိုင်ရှင်များက ပြောသည်။
“When people are poor, they get so desperate they sometimes sell their children. So if we can’t make money from the tree, we will cut it down,” said a farmer who owns toddy trees in Kyaukpadaung.
လူတွေက ဆင်းရဲလာရင် မိမိရဲ့ သားသမီးကိုတောင် ရောင်းစားချင်လာနိုင်တယ်။ ဒီထန်းပင်တွေက ဝင်ငွေမရရင် ကျွန်တော်တို့က ခုတ်ရောင်းရမှာပေါ့ဟု ကျောက်ပန်းတောင်းမြို့မှ ထန်းတောပိုင်ရှင် တစ်ဦးက ပြောသည်။
For the past three months, the Palm and Palm Farmers Development Association has been providing advice to plantation owners at Mandalay Region’s Kyaukpadaung Township, about 160 kilometres southeast of the former royal capital.
လွန်ခဲ့သော ၃ လတိုင်အောင် ထန်းပင်နှင့် ထန်းစိုက်ပျိုးသူများ ဖွံ့ဖြိုးရေး အသင်းသည် မန္တလေးတိုင်း ကျောက်ပန်းတောင်းမြို့မှ ထန်းတောပိုင်ရှင်များကို အကြံဥာဏ်များ ပေးနေခဲ့သည်။ ကျောက်ပန်းတောင်းမြို့သည် မန္တလေး နန်းတော်၏ အရှေ့တောင်ဘက် ၁၆၀ ကီလိုမီတာ အကွာတွင် ရှိသည်။
“There’s no more firewood in the jungle, so we can’t make jaggery any more. If we can’t make money from our toddy palms we will have no choice but to cut them down and sell the wood,” said U San Wai, who farms more than 50 of the trees at Yhar Tan Shae village, Kyaukpadaung.(pic)
တောထဲမှာ ထင်းမရှိတော့ဘူး။ ဒီတော့ ထန်းလျက်ကျိုလို့ မရတော့ဘူး။ ကျွန်တော်တို့က ထန်းပင်တွေကနေ ဝင်ငွေမရရင် ထန်းပင်ကို ခုတ်လှဲပြီး ပင်စည်ကို သစ်သားအဖြစ် ရောင်းဖို့ပဲ ရှိတယ်ဟု ကျောက်ပန်းမြို့နယ် ရွာတန်းရှည်ရွာမှာ ထန်းပင် ၅၀ ခန့်ကို ပိုင်ဆိုင်သူ ဦးဆန်းဝေက ပြောသည်။
Further north, at Nyaung-U Township in which the Bagan Archeological Zone is located, Ko Yan Naing Soe has a plantation of about 4,000 toddy palms but is only able to earn income from 100 trees because of a labour shortage. The nearest village has only five men with experience in tending toddy palms, Yan Naing Soe said.
မြောက်ဘက်တွင်ရှိသော ညောင်ဦးမြို့နယ်တွင် ကိုရန်နိုင်စိုးသည် ထန်းပင်ပေါင်း ၄၀၀၀ ခန့်ကို ပိုင်ဆိုင်သည်။ သို့သော် လုပ်သားရှားပါးသောကြောင့် ထန်းပင် ၁၀၀ ခန့် ကသာ ဝင်ငွေရရှိသည်ဟု ဆိုသည်။ အနီးအနားက ရွာတွေမှာ ထန်းပင်တက်ပြီး ထန်းလျက်ကျိုတဲ့ အတွေ့အကြုံရှိတဲ့ လုပ်သား ၅ ဦးဘဲ ရှိတယ်ဟု ကိုရန်နိုင်စိုးက ဆိုသည်။
“We have to pay more money for workers because of the shortage in the last four years,” he said, adding that the loss of workers was mainly due to them finding different jobs, such as motorbike taxi drivers or construction workers, that provide a higher income.
ပြီးခဲ့ ၄ နှစ်လောက်ကစပြီး လုပ်သားရှားပါးသောကြောင့် လုပ်အားခတွေ ပိုပေးနေရတယ်။ အလုပ်သမားတွေက ဝင်ငွေပိုရတဲ့ ဆိုင်ကယ်တက်စီမောင်းတာတို့ ဆောက်လုပ်ရေးတို့ ပြောင်းလုပ်ကုန်ကြတယ်ဟု ကိုရန်နိုင်စိုးက ဆိုသည်။
“If toddy palms are not making money their owners may have to cut them down to sell for their livelihood, because people cannot make [jaggery] from them,” Yan Naing Soe said.
ထန်းပင်တွေက ဝင်ငွေမရနိုင်တော့ရင် ထန်းတောပိုင်ရှင်တွေက ခုတ်လှဲပြီး သစ်သားအဖြစ် ရောင်းမှာဘဲ။ ထန်းလျက်ကလည်း ချက်ရောင်းလို့ မမြတ်နိုင်တော့ဘူးဟု သူက ဆိုသည်။
The uncertain future of the toddy palm industry was raised in the Pyithu Hluttaw by Dr Hla Moe (National League for Democracy, Aung Myay Thar Zan) in November 2017.
ထန်းပင် ထုတ်ကုန်လုပ်ငန်းများ၏ မရေရာသော အနာဂတ်နှင့် ပတ်သက်ပြီး အောင်မြေသာဇံ အမျိုးသားဒီမိုကစေီ အဖွဲ့ချုပ် အမတ်ဖြစ်သူ ဒေါက်တာလှမိုးက ပြည်သူလွှတ်တော်တွင် ၂၀၁၇ ခုနှစ် နိုဝင်ဘာလအတွင်း တင်ပြဆွေးနွေးခဲ့သည်။
He asked if there were plans to support toddy palm farmers and their workers and to prevent the destruction of plantations.(pic)
ထန်းတောများ ပြုန်းတီးခြင်းကို ကာကွယ်ရန် ထန်းတောပိုင်ရှင်များနှင့် အလုပ်သမားများကို ထောက်ပံ့ပေးရန် အစီအစဥ် ရှိမရှိ မေးမြန်းခဲ့သည်။
Hla Moe said the Ministry of Agriculture, Livestock and Irrigation has offered to support the industry by providing funding for a new “collective” of palm workers pooling their resources, but that many workers had rejected the idea because they could make more money doing different types of work.
ဦးလှမိုးက ပြောကြားရာတွင် စိုက်ပျိုးရေး မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာနသည် ထန်းတော အလုပ်သမားသစ်များကို စုစည်းပြီး ရန်ပုံငွေ ထောက်ပံ့ပေးရန် စီစဥ်ခဲ့ရာ ထိုအလုပ်သမားများက တခြားအလုပ်အကိုင်ဖြင့် ဝင်ငွေပိုရသောကြောင့် ငြင်းပယ်ခဲ့ကြသည်။
Toddy palm farmers who have no choice but to clear their plantations can expect to receive between K15,000 and K25,000 for trees that have taken up to 40 years to grow.
ထန်းတောပိုင်ရှင်များက ထန်းပင်များကို ခုန်လှဲရောင်းစားပါက ၁ ပင်လျှင် ကျပ် ၁၅ ၀၀၀ မှ ၂၅ ၀၀၀ အထိ ရရှိနိုင်သည်။ ထိုထန်းပင်များသည် ထိုမျှ ကြီးထွားလာရန် အနှစ် ၄၀ ခန့် စောင့်ဆိုင်းရသည်။
Kalayar Lu said that as well as the labour shortage, another factor contributing to the destruction of plantations was the use of palm wood to make furniture because it was more attractive than some other timber.
ကလျာလု က ပြောကြားရာတွင် အလုပ်သမား ရှားပါးခြင်းအပြင် ထန်းပင်စည်များကို သစ်သားအဖြစ် ပရိဘောဂများ လုပ်ဆောင်လာခြင်းကြောင့်လည်း တိမ်ကောရခြင်း ပါဝင်သည်ဟု ဆိုသည်။ ထန်းပင်စည်ဖြင့်လုပ်သော ပရိဘောဂများသည် ပိုမိုဆွဲဆောင်မှု ရှိသည်ဟုဆိုသည်။
A sculpture made from toddy palm timber attracted attention at an exhibition of wood furniture in Mandalay last year. It was sculpted by U Soe Soe Win, a resident of Mandalay’s Amarapura Township, who told Frontier on May 21 that a government official who visited the exhibition had praised the sculpture and said it showed the potential to be exported, presenting an opportunity to make value-added products from toddy palm trees.(pic)
ထန်းသစ်သားဖြင့် ပြုလုပ်သော ပရိဘောဂများသည် ပြီးခဲ့သော နှစ်က မန္တလေးမြို့တွင် ကျင်းပသော ပရိဘောဂပြပွဲတွင် ထန်းပင်နှင့် ပြုလုပ်သော ပရိဘောဂများသည် လူအများ နှစ်သက်ခဲ့ကြသည်။ ၎င်းကို မန္တလေးတိုင်း အမရပူရမြို့နယ်မှ ဦးစိုစိုးဝင်းက ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။ ၎င်းက ပြောကြားရာတွင် ထိုပြပွဲသို့ လာရောက်ကြည့်ရှုခဲ့သော အစိုးရ အရာရှိ တစ်ဦးသည် ထိုပရိဘောဂများကို ချီးမွမ်းပြောဆိုခဲ့ပြီး နိုင်ငံခြားသို့ တင်ပို့ရန် အလားအလာကောင်းများ ရှိသည်ဟု ပြောကြားခဲ့သည်ဟု ဆိုသည်။
Soe Soe Win, one of few known sculptors who work with toddy palm wood, said he acquires the timber from a broker who buys it at Kyaukpadaung, Myaing in neighbouring Magway Region and elsewhere in central Myanmar.
ဦးစိုစိုးဝင်းက ပြောကြားရာတွင် သူ၏လုပ်ငန်းအတွက် ထန်းပင်စည်များကို ကျောက်ပန်းတောင်း မကွေးတိုင်းရှိ မြိုင်မြို့နယ်နှင့် တခြား မြန်မာနိုင်ငံ အလယ်ပိုင်းဒေသများမှ ရရှိသည်ဟု ဆိုသည်။
A factory established at the Pakokku industrial zone in Magway two years ago is making toddy palm wood furniture for the domestic market and export to China.
ပြီးခဲ့သော ၂ နှစ်ခန့်က မကွေးတိုင်း ပခုက္ကူ စက်မှုဇုန်တွင် တည်ထောင်ခဲ့သော စက်ရုံသည် ထန်းသစ်သားများကို အသုံးပြုပြီး ပရိဘောဂများ ပြုလုပ်ကာ ပြည်တွင်းတွင် ရောင်းချရုံသာမက တရုတ်ပြည်သို့ တင်ပို့လျှက်ရှိသည်ဟု ဆိုသည်။
Magway Region MP U Zaw Moe Lwin (NLD, Pakokku-2) has visited the factory as a member of the assembly’s environment and natural resources committee.(pic)
မကွေးတိုင်း ပခုက္ကူမြို့ အမှတ် ၂ မဲဆန္ဒနယ် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် အမတ် ဦးဇော်မိုးလွင် သည် လွှတ်တော်၏ သဘာဝပတ်ဝန်းကျင် သယံဇာတ ကော်မတီ၏ အဖွဲ့ဝင် တစ်ယောက်အနေဖြင့် ထိုစက်ရုံသို့ လာရောက်လည်ပတ်ခဲ့သည်ဟု ဆိုသည်။
“We visited to see the furniture, not to stop their business. We need to see how we can both protect their business and prevent deforestation happening,” he said.
ကျွန်တော်တို့က ထုတ်လုပ်တဲ့ ပရိဘောဂတွေကို ကြည့်ရှုဖို့ လာတာပါ။ သူတို့ရဲ့ လုပ်ငန်းကို ရပ်တန့်ဖို့ မဟုတ်ပါဘူး။ ကျွန်တော်တို့က သူတို့ရဲ့ လုပ်ငန်းကိုလည်း မထိခိုက်စေဘဲ သစ်တောပြုန်းတီးမှုကိုလည်း ကာကွယ်နိုင်အောင် နည်းလမ်းရှာဖို့ လာရောက်ကြည့်ရှုတာပါဟု ၎င်းက ဆိုသည်။
Zaw Moe Lwin said the committee intended to propose in the assembly a plan aimed at providing legal protection for toddy palms, though he acknowledged it would take time to prepare.
ဦးဇော်မိုးလွင်က ပြောကြားရာတွင် ကော်မတီသည် လွှတ်တော်တွင် ထန်းပင်များကို ဥပဒေအရ ကာကွယ်ပေးဖို့ အစီအစဥ် တစ်ခု လုပ်ဆောင်ပေးရန် တင်သွင်းသွားမည် ဖြစ်သည်ဟု ဆိုသည်။
Khin Maung Win in Mandalay’s Patheingyi Township said a national plan was needed “urgently” to provide legal protection for toddy palms.
မန္တလေးတိုင်း ပုသိမ်ကြီးမြို့နယ်မှ ဦးခင်မောင်ဝင်းက ပြောကြားရာတွင် ထန်းပင်များကို တရားဥပဒေအရ ကာကွယ်ပေးဖို့ အမျိုးသားအဆင့် အစီအစဥ်တစ်ခု အရေးတကြီး လိုအပ်နေသည်ဟု ဆိုသည်။
As well as helping to raise the income of toddy palm farmers, such a plan was also needed to preserve a tree that has long played an important role in the country’s agricultural sector, he said.
ထန်းတောပိုင်ရှင်များ၏ ဝင်ငွေကို မြင့်မားလာအောင် လုပ်ဆောင်ပေးခြင်းအပြင် နိုင်ငံ၏ စိုက်ပျိုးရေး ကဏ္ဍ သမိုင်းတွင် အရေးပါသော ထန်းပင်များကို ထိန်းပင်ရန် ဥပဒေဖြင့် ကာကွယ်ပေးခြင်းမျိုးလည်း လိုအပ်သည်ဟု ဦးခင်မောင်ဝင်းက ဆိုသည်။

Authors get paid when people like you upvote their post.
If you enjoyed what you read here, create your account today and start earning FREE STEEM!
Sort Order:  

Congratulations @phyowinkoko! You have completed the following achievement on Steemit and have been rewarded with new badge(s) :

Award for the number of posts published

Click on the badge to view your Board of Honor.
If you no longer want to receive notifications, reply to this comment with the word STOP

To support your work, I also upvoted your post!

Do you like SteemitBoard's project? Then Vote for its witness and get one more award!