သည်နေ့ကဖြင့် နေကောင်းကာစ ကလေးထင်ကာ ဆိုင်ဖွင်ရန် ဈေးသို့ထွက်ခဲ့ပါသည်။ ဆိုင်မရောက်မီ လမ်းတွင်မနက်စာ ကလေး တစ်ခုခုအစာပြေစားလိုက်သေးသည်။ နေမကောင်း၍ ထမင်းမစားရသေးသည့် အတွက် လူကသိပ်ပြီးအားမရှိပေ။ သိုသော်လည်း ဝင်ငွေမရှိ၍ကမဖြစ်။
မနက်စာ စားပြီးသော် ဆိုင်ကလေးအားဖွင်ကာ ဘုရားမီးပူဇော် ရေချမ်းကပ် စသည်ဖြင့် ပြုလုပ်ပြီး။ ထိုင်နေစဉ်တွင် အစ်မ အရွယ် အမျိုးသမီးနှစ်ယောက်ဝင်လာချေသည်။ "ဟုတ်ကဲ့ အစ်မ ဘာလိုလဲမသိဘူးခင်ဗျ" _____ "အင်းမောင်လေး အစ်မဖုန်းကလေ vivo ဆိုတဲ့ နေရာက မတတ်ဖြစ်နေတယ် ဟိုဘက်ကဆိုင်ပြတော့ ခဏစောင့်ခိုင်းပြီး၊ ပြီးတော့ နောက်နေ့ မှ လာယူလို့ပြောတယ် အစ်မတို့ကလည်း နေ့ခင်းပြန်ရမှာမို အမြန်လေးလိုချင်တယ်မောင်လေး ကြည့်ပေးပါလား"
"ဟုတ်ကဲ့ ကျွန်တော်တစ်ချက်ကြည့်ပေးမယ်လေ"
ဖုန်းအား battery ဖြုတ် power ပြန်ဖွင့်ကြည့်သည်။ ဟုတ်ပါသည် vivo ဆိုသည့် logo တွင်သာ လည်ပတ် နေပြီး ရှေ့ဆက်မတတ်ပါချေ။ မိမိလည်း Computer နှင့် ချိတ်ဆက်ပြီး flashtool.exe file အားဖွင့်ကာ သက်ဆိုင်ရာ firmware အားထည့်သွင်း၍ saftware ရေးကြည့်သည်။ သို့သော် 1018 flashtool error တတ်လေတော့သည်။ ခေါင်းနည်းနည်းကြီးသွားသည်။
Flashtool 1018 ဆိုလျှင် နောက်ဆုံးမရပါက EMMC Change ရတော့ပေမည်။ ထပ်ကာ ထပ်ကာ ပြန်ရေး ကြည့်သည်။ သိုသော်မရပေ။ Error 1018 ။ခေါင်း နောက် ပြီ။ G-730 U00 fet မပါသော စက်ပြားများတွင် EMMC လဲပြီးသည်တိုင် 1018 error မပျောက်ပါက 730-U00 data ပါပြီးသား EMMC အား ၎င်းစက်ပြားတွင် တပ်၍ UFI Android Tool ဖြင့်ပြန်ရေးမှသာ ရတတ်သည် မျိုးရှိသည်။
သည်တော့ စကားပြောရတော့ချေပြီ။ "အစ်မရေ ဟုတ်တယ် ခင်ဗျ နောက်တစ်ရက်လောက်မှ ရလိမ့်မယ်" ____ "ငှယ်...(ငှယ်လို့တော့ မပြောပါ) မောင်လေးရယ် အခုရရင် လိုချင် တယ်လုပ်ပေးပါနော်။" ___ "အမ်(အသံတော့ မထွက်) ဟုတ် ခဏစောင့်နော်" ကြံပြီလေး ဘာcreck ၊ ညာcreck တွေနက်။ အရင်ဆုံး NCK ဖြင့် software ရေးကြည့် သည်။ Error တော့ မပြ ကောင်းကောင်းအလုပ် လုပ်နေသည်။ ဟုတ်ပြီ။ 100% ပြည့်အောင် စောင့်ကြည့် လိုက်ပါသည်။
OK ပြီလေး All done တဲ့။ ကျေးဇူးတင်ပါသည် NCK ကြီးရေ။ သို့ပေမယ့် သိပ်တေယ့ စိတ်မချရသေး ဖုန်းအား power နှိုးကြည့်သည်။ power နိုးမှ စိတ်သက်သာယာ ရပေသည်။ Dead boot ဖြစ်တတ်သည်ကိုး။ ၁မိနစ်ခန့်ကြာသော် welcome ဟု ဖုန်မှ စာပေါ်လာသည်။ အစ်မရေ ရပါပြီခင်ဗျာ။ လိုအပ်သည် မြန်မာစာ၊ application ထည့်သွင်းပြီး ပိုင်ရှင် အမျိုးသမီ ထံအား ကျသင့်ငွေ တောင်းခံကာ ပြန်လည်အပ်နှံခဲ့ပါတော့သည်။
မိမိလည်း နောက်ဆက်တွဲ လာရောက်အပ်နှံသည့် ဖုန်း ၂လုံးအား လက်ခံပြုပြင်ခဲ့ ပြီး မနက် ၁၀ခန့်တွင် အပူများပြန်တတ်လာ၍ ဆေးခန်းသွားကာ ဆေးတစ်လုံးထပ်မံ ထိုးခဲ့ရပြန် ပါသေးသည်။ ဆေးခန်းအပြန် လမ်းတွင်ခေါက်ဆွဲပြုတ်ဝင်စား ကာ ဆေးတစ်စုံသောက်၍ အိမ်ပြန်ကာ အနားယူလိုက် တော့လေသည်။
ခင်မင်လေးစားစွာဖြင့် ဖြိုးဇော်ဦး ကျုံမငေး။
Writing by phyozawoo
MSC-071
အာ့လိုလေး သင်ပေးပါ😆😆
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
ကိုယ့်ဆရာတွေ ကပြောနေပြန်ပါပြီ။
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
နေမကောင်းဘူးပေါ့ bro
ရာသီအကူးအပြောင်းဂရုစိုက်ပါ
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
ဟုတ်တယ် အစ်ကို အာသီးယောင်တာ။
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
ရာသီအကူးပြောင်းမှာဖြစ်တတ်တယ်ဗျ
ဂရုစိုက်ပါဗျာ
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
ဟုတ်ကဲ့ အစ်ကို။
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
အဟေး ကလုန်းလွန်တာမရား 😒😒နောက်ခါကျ ဂရုစိုက်အေ. မြန်မြန်နေကောင်းပါစေ😍
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
ကျေးဇူးပါမမ ဆုနဲပြည့်ပါစေ။
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
တစ်နည်းမရရင်နောက် နည်းနဲ့ရအောင် ကျော်ပေးရတာပေါ့
အမကြီးတော့ပျော်သွားပုံရတယ်
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
ပျော် မပျော်တော့ မသိဘူးအစ်ကို software ရေးနေတုန်း အနောင်ခန်ကနေ အားသွင်းကြိုထပေါက်တာ ညှော်သွားတာဘဲ။
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
ကိုယ်ပိုင်အလုပ်ကို အားကျတယ်ဗျာ။
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
ဟုတ် အစ်ကို ။
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
ကျန်းမာရေး ဂရုစိုက်ပါ အစ်ကို
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
ဟုတ်ကဲ့ အစ်ကို။ကျေးဇူးပါ။
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
နေမကောင်းတဲ့ကြားက အလုပ်လေးတော့ လုပ်ဖြစ်တယ်ပေါ့နော်
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
အဟဲ မနက်ပိုင်း ၂ပြားခွဲလောက်တော့ရလိုက်တယ် အစ်မရဲ့။
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
ကျန်းမာရေးကို ဂရုစိုက်ပါ။vivo စက်ကလေး ပြင်ပေးလိုက်တာ အဆင်ပြေသွားတယ်နော်။ချီးကျူးပါတယ်ဗျာ။ကိုယ်က costumer လိုချင်တဲ့အချန်ကို ကြိုးစားလုပ်ပေးတာလေ။အဲဒါ marketing သဘောတရားပါတယ်အစ်ကို။costumer ကို အဲဒီလိုမျိုးတွေနဲ့ ဆွဲဆောင်ပါခင်ဗျာ
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
ဟုတ်ကဲ့ အစ်ကို ကျန်းမာရေးလည်းဂရုစိုက်ပါပြီ။ vivoစက်ကလေးကတော့ ပြင်ပေးလိုက်တာ ကောင်းသွားပြီ ခင်ဗျ။ ချီးကျးစရာမဟုတ်တာပါ အစ်ကိုရာ ညီတို့က services ဆိုင်ဖွင့်ထားတာဘဲလေ။ အဆင်ပြေအောင် လုပ်ပေးရတာပေါ့ အဲ့အပေါ်စေတနာလေးပါ ထည့်ပေးလိုက်တော့ အဆင်ပြေသွားတယ်ထင့်ပါ့။ နောက်ဆုံး မရရင် miracle box နဲ့ပါ ကစ်ပေးလိုက်မို့။ ကျေးဇူးတင်ပါတယ် အစ်ကို @uthantzin
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
ဖုန်းပြင်တာလည်းမလွယ်ဘူးနော့...ကျန်းမာရေး လည်းဂရုစိုက်ပါ...
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
ငါ့လည်း flash toolနဲ့လုပ်မရတာတွေရှိတယ် အာ့ခရက်နဲ့စမ်းကြည့်ရမလား
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
ကျန်းမာရေးဂရုစိုက်ပါနော့ phပြင်ရတာဆိုတော့ မျက်လုံးကိုလည်းဂရုစိုက်ပါ မြန်မြန်နေကောင်းပါစေနော်
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
ပညာရပါတဗျာ