ရှေးရိုးစွဲ လူသတ်သမား ရန်မှဘယ်လိုကာကွယ်မှာလဲ (၂)steemCreated with Sketch.

in myanmar •  7 years ago 

ကျမတို့ သင်တန်းသူလေးများသည် ကျန်းမာရေးအသိပညာများ ဖြန့်ဝေပေးရမည့် ရွာလေးသို့ ရောက်ပြီး ဒုတိယမြောက်နေ့တွင် ထိုရွာတွင် နေထိုင်သော sister ကြီး၏ အမဖြစ်သူမှ ဖိတ်ကြား ဧည့်ခံမှုဖြင့် နေ့လည်စာ သွားရောက်စားသောက်ခဲ့ကြပါသည်။ကျမတို့ နေ့လည်စာ စားနေချိန်တွင် ခေါင်းရင်းဘက်ခြံဝိုင်းထဲမှ သူငယ်ပြန်နေသည့် အဘွားအို၏ သီချင်းအော်ဆိုသံကို ကြားလိုက်မိ၍ ထမင်းစားပြီးသည်နှင့် ကျမတို့ သူငယ်ချင်းတစ်စုလည်း လိုအပ်သည့် ကျန်းမာရေး အကူအညီများပေးနိုင်ရန် အဘွားအို ရှိရာ ခြံဝိုင်းထဲသို့ သွားခဲ့ကြပါသည်။အဘွားအိုမှာ အသက် ၇၀ ကျော်ပြီ ဖြစ်၍ မသွားနိုင် မလာနိုင်ဘဲ နေ့နေ့ ညည အိပ်ယာထဲတွင်သာ လဲလျောင်းနေရပါသည်။သားသမီးများမှာလည်း တစ်နေကုန် လယ်ခင်း ယာခင်းများတွင်သာ အချိန်ကုန်နေရသဖြင့် အဘွားအိုအား အချိန်ပြည့် မစောင့်ရှောက် မကြည့်ရှုနိုင်ကြပါ။ထမင်းဟင်းများနှင့် အဘွားအို စားခြင်သည့် စားစရာများကိုတော့ ချက်ပြုတ်ကျွေးတာ တွေ့ရပေမယ့် သန့်ရှင်းရေးပိုင်းတော့ အားနည်းကြပါသည်။ရေပုံမှန် မချိုးရခြင်း;အိပ်ယာထိုင်ခင်း မသန့်ပြန့်ခြင်းတို့ကြောင့် အဘွားအိုနေထိုင်ရာ ဧရိယာတစ်ဝိုက်မှာ ဆိုးရွားသောအနံ့အသက်များပင် ထွက်နေပါသည်။

image
ကျမတို့လည်း အဘွားအိုအား ထူမတ်ပြီး ထိုင်စေကာ လက်သည်း ခြေသည်းများကိုညှပ်ပေးရာတွင် အဘွားအိုမှ သီချင်းလေး တညည်းညည်းဖြင့် အညှပ်ခံနေပါသည်။ရေချိုးပေးရန် အင်ကျီအချွတ်မှ အဘွားအို၏ ကျောကုန်းရှိ အဖုအပိန့်ကြီး များစွာကို တွေ့ခဲ့ရပါသည်။ မသွားနိုင် မလာနိုင်ဖြစ်နေသော အဘွားအိုအား အမြဲတစေ အိပ်ယာထဲလှဲ နေစေခြင်းကြောင့် ကျောပူလောင်ပြီး အဖုအပိန့်များ ထွက်နေတာကို စိတ်မကောင်းစွာ တွေ့ခဲ့ရပါသည်။ရေပုံမှန် မချိုးခြင်းကြောင့်လည်း အဘွားရဲ့ လက်ဖဝါးနှင့် ခြေဖဝါးကြားမှာ ယားနာများစွာလည်း ပေါက်နေတာကိုလည်း တွေ့ရပါသည်။အပေါ့အလေးပင် လွတ်အောင် မသွားနိုင်တော့သော အဘွားအိုအားကြည့်ပြီး အလွန်လည်း သနားမိပါသည်။ကိုယ်ပြုသမျှ နုရမယ့် လူတွေထဲမှာ လူမမယ်ကလေးသူငယ်လေးများအပြင် မလုပ်ကိုင် မကိုင်နိုင်တဲ့ အိုမင်းရင့်ရော်နေသော အဘိုးအဘွားများလည်း ပါဝင်နေတာကို သိစေခြင်ပါသည်။

အလုပ်မအားတဲ့ မိသားစုနဲ့ အိုမင်းမစွမ်းဖြစ်ပြီး သတိလက်လွတ်ဖြစ်နေတဲ့ အဘိုးအဘွားအိုတွေကြားမှာ ဒီလိုကိစ္စမျိုးတွေ ရှိတတ်ကြတာ ထူးဆန်းလှတဲ့ ကိစ္စတစ်ခုတော့ မဟုတ်ပါ။ဘယ်သူ့ကိုမှလည်း အပြစ်တင်လို့ မရသလို ကျမမှာလည်း အသက်၈၀ကျော် အဘွားရှိတဲ့အတွက် အနီးကပ်တတ်နိုင်သလောက် ပြုစု စောင့်ရှောက်နေတဲ့ မိသားစုကိုလည်း ကိုယ်ခြင်းစာနာမိပါသညါ။သို့ပေမယ့် မိသားစုမှ အဘွားအတွက် အချိန်လေးနည်းနည်းပိုပေးပြီး နေ့စဉ်ရေပုံမှန်ချိုး သနပ်ခါးလိမ်းပေးခြင်းဖြင့် အဘွားခန္ဓာကိုယ်ပေါ်မှာရှိတဲ့ ယားနာများနဲ့ အနံ့အသက်များကို သက်သာစေနိုင်ပါသည်။ဒါ့အပြင် မသွားနိုင် မလာနိုင်တဲ့ သက်ကြီးရွယ်အိုများကို အိပ်ယာထဲမှာ အမြဲတစေ မနေစေဘဲ ကူတွဲပြီး လမ်းလျှောက်စေခြင်း;အိပ်ယာထဲ အိပ်နေပါက တစ်ဖက်တည်း ဖိမအိပ်စေဘဲ ဟိုဘက်သည်ဘက် လှည့်ပေးကာ အိပ်စေခြင်းဖြင့်လည်း ကျောပူလောင်၍ ထွက်သော အဖုအပိန့်နှင့် ပြည်တည်အနာ များဒဏ်မှ အထိုက်အလျောက် ကာကွယ်နိုင်ပါတယ်။

image
နောက်ထပ် ကြားသိရတဲ့ စိတ်မကောင်းစရာ တစ်ခုကတော့ သူငယ်နာ အမည်တပ်ပြီး လသားကလေးငယ်လေးအား ပိုးဟပ်ချေး ခွံ့ကျွေးသည့် ဖြစ်ရပ်ပင် ဖြစ်သည်။သူငယ်နာ ရောဂါသည် မြန်မာပြည်ရှိ မိခင်များ၏ ပါးစပ်ဖျားတွင်သာ ရှိသောရောဂါတစ်ခု ဖြစ်ပါသည်။ကလေးငယ်လေးများ ကလေးသဘာဝ ပြုမူသော ပြုမူလှုပ်ရှားမှုတိုင်းကို သူငယ်နာ အမည်တပ်ပြီး မိမိထင်ရာ ကြားရာ ကုသနည်းများဖြင့် မကုသစေလိုပါ။၆လ မပြည့်သေးသော ကလေးငယ်လေးများ၏ အူသည်လွန်စွာပါးလွှာပြီး အစာအိမ်သည်လည်း အစာကိုကောင်းစွာ မချက်နိုင်သေးပါ။ကောင်းစွာ ထူမတ်နိုင်ခြင်းမရှိသေးသော ရင်သွေးလေး၏ လည်ပင်းသည် အစာကို မမြိုချနိုင်သေးသည့်အတွက် မိခင်နို့တစ်မျိုးတည်းသာ တိုက်သင့်ပါသည်။ခုဖြစ်ရပ်သည် နုနယ်လွန်းသဖြင့် အစာမကျွေးသင့်သေးသည့် ကလေးငယ်လေးအား ပိုးဟပ်ချေး ကျွေးသည်ဆို၍ လွန်စွာသနားဖို့လည်းကောင်းပြီး အံ့သြမိရပါသည်။

image
ကျမတို့ ကျန်းမာရေး ဝန်ထမ်းများအနေနှင့် ကလေးသူငယ်လေးများအား အုပ်ထိန်းသူမိဘဘိုးဘွားများ ၏ နည်းလမ်းမှန်သော ပြုစုစောင့်ရှောက်မှုများဖြင့် ရှင်သန် ကြီးပြင်းခွင့်ရနိုင်ရန် များစွာကြိုးစားရပါဦးမည်။ဒါ့အပြင် ၆လကျော်၍ အစာစားနိုင်ပြီ ဖြစ်သောကလေးငယ်လေးများကိုလည်း ငယ်စဉ်ကတည်းက အစားဂျီးမများဘဲ အဟာရစုံလင်စွာ စားသောက်တတ်စေရန် လေ့ကျင့်ပေးစေလိုပါသည်။အသားငါးကျွေးရင် ကလေးသန်ထမှာ စိုးရိမ်ပြီး ထမင်းကို ဆီနှင့်စားနှင့်သာ နယ်ကျွေးနေကြသည့် အုပ်ထိန်းသူအချို့လည်း ကျမတို့ပါတ်ဝန်းကျင်မှာ တွေ့ရဆဲ ဖြစ်ပါသည်။နုနယ်လွန်းသေးသည့် လသားကလေးငယ်လေးအား သန်မာစေရန် မြေကြီးပေါ်တွင်ပစ်ထားပြီး မြေကြီးမှုန့်များ သဲမှုန့်များ ကောက်စားခြင်းအား သန်မာစေသည်ဟူသော အယူအဆဖြင့်လည်း လွှတ်မပေးစေလိုပါ။မှားယွင်းသော အယူအဆလေးများအား တဖြည်းဖြည်းခြင်း တိုက်ယူပြီး နည်းလမ်းမှန်သော ကျန်းမာရေးအသိများအား မြန်မာပြည်ရှိ မိဘတိုင်း၏ ရင်ထဲရောက်ရှိကြစေရန် ကျမတို့ များစွာကြိုးစားရပါဦးမည်။
photo google
own writer: @poewuttyee
image

Authors get paid when people like you upvote their post.
If you enjoyed what you read here, create your account today and start earning FREE STEEM!
Sort Order:  

ဗဟုသုတရပါတယ်ခင်ဗာ ကျေးဇူးပါ

သိသလောက်လေး မျှဝေပေးတာဖြစ်လို့ စာဖက်သူတို့ အကျိုးရှိမယ်ဆိုရင် ၀မ်းသာပါတယ် ရှင့် ။

ကျန်းမာရေးဗဟုသုတရပါတယ်good

သိသလောက်လေး မျှဝေပေးတာဖြစ်လို့ စာဖက်သူတို့ အကျိုးရှိမယ်ဆိုရင် ၀မ်းသာပါတယ် ရှင့် ။

upvote ပေးမလို့ပါပဲ။post က 8days ago ဖြစ်နေလို့ မန့်ရုံသာမန့်ခဲ့ပါတယ်ဗျား။

thanks for your sharing

ကျေးဇူးပါ ။

Nice Article

thanks

ပယ်သင့်တာကိုပယ်မှ လှပတဲ့ ပန်းပု ရုပ်ရနိုင်သလို အစွဲမကျွတ်ရင်ဒုက္ခတွေ့တတ်တာပေါ့ဗျာ

nice

thanks

thanks for sharing!

ဟုတ်တယ် ခလေးတွေ သနားစရာပါ လူကြီးကြီးရော တစ်ချို့က ပြောမရ ကိုယ့်အပြစ်တင် ကိုယ်လည်း ဘာမှ သိပ်မတတ် သိသလောက်လေးပြောမိရင် ကိုယ်လူဆိုးဖြစ်ရော

ဗဟုသုတရရှိလို့ ကျေးဇူးပါ။

thank for sharing

thanks

Congratulations @poewuttyee! You have completed some achievement on Steemit and have been rewarded with new badge(s) :

Award for the number of comments

Click on any badge to view your own Board of Honor on SteemitBoard.
For more information about SteemitBoard, click here

If you no longer want to receive notifications, reply to this comment with the word STOP

By upvoting this notification, you can help all Steemit users. Learn how here!

Congratulations @poewuttyee! You have completed some achievement on Steemit and have been rewarded with new badge(s) :

Award for the number of upvotes

Click on any badge to view your own Board of Honor on SteemitBoard.
For more information about SteemitBoard, click here

If you no longer want to receive notifications, reply to this comment with the word STOP

By upvoting this notification, you can help all Steemit users. Learn how here!