ရှေးရိုးစွဲ လူသတ်သမားရန်မှ ဘယ်လိုကာကွယ်မှာလဲ?steemCreated with Sketch.

in myanmar •  7 years ago 

သာယာသော နံနက်ခင်းလေးတစ်ခု၌ ကျမတို့သူငယ်ချင်းလေး တစ်စုသည် sister ကြီး၏ ခွင့်ပြုစေလွှတ်ချက်ဖြင့် sisterကြီးနေထိုင်သည့် မြို့အစွန်ရှိ ရွာလေးတစ်ရွာသို့ ကျန်းမာရေးအသိပညာများ ဝေငှပေးရန် သွားရောက်ခဲ့ကြပါသည်။စာသင်နှစ်တစ်နှစ် ပြီးဆုံးတိုင်း sisterကြီးများမှ ကျမတို့ သင်တန်းသူလေးများအား အဖွဲ့လေးများဖွဲ့ကာ မြို့နယ်နှင့်အလှမ်းဝေးသော ရွာများဆီသို့ သွားရောက်စေပါသည်။ကျေးရွာများရှိ ကိုယ်ဝန်ဆောင် အမျိုးသမီးများနှင့်မွေးကင်းစကလေးသူငယ်လေးများအပြင် နာမကျန်းဖြစ်နေသော သက်ကြီးရွယ်အိုများအား ကျမတို့သင်ယူတတ်သိထားကြသည့် ကျန်းမာရေး ဗဟုသုတလေးများကို အခြေခံပြီး ကျန်းမာရေး စောင့်ရှောက်မှုများ ပြုလုပ်စေပါသည်။

image
ကျမတို့ ကျေးရွာထဲရောက်ရောက်ခြင်းပင် ရွယ်လယ်ထဲရှိ မီးနေသည်အစ်မကြီးမှ သူ၏မွေးကင်းစကလေးငယ်လေး အပူချိန်တွေ အရမ်းတက်ပြီး အပူဖုတွေထွက်၍ ကျမတို့ရှိရာ ရွာထိပ်ရှိ ဆေးပေးခန်းသို့ လာပြခဲ့ပါသည်။ကျမတို့အားလုံးလည်း ကလေးငယ်လေးအားကုသပေးရန် အမေဖြစ်သူအား ရောဂါဖြစ်ရသည့်အကြောင်းအရင်း(History)ကို မေးမြန်းကြည့်သည့်အခါ ရာသီဥတုနှင့် မကိုက်ညီစွာ ကလေးငယ်လေးအား သက်တောင့်သက်သာမရှိသော နေထိုင်ပုံများဖြင့် ထားရှိထားသည်ကို ဝမ်းနည်းဖွယ်တွေ့ခဲ့ရပါသည်။ကျမတို့ မြန်မာလူမျိုးများ၏ ဟိုးရှေးအစဉ်အလာကတည်းက ဓလေ့တစ်ခုဖြစ်သော မီးဖွါးပြီးစမိခင်နှင့်ရင်သွေးငယ် မီးနေခြင်းဓလေ့သည် မိမိမွေးဖွါးသည့် ရာသီဥတုကိုလိုက်၍သာ ပြုလုပ်သင့်သည်ဟု ကျမထင်ပါသည်။အလွန်အေးလွန်းသော ဆောင်းရာသီ (သို့) မိုးအဆက်မပြတ်ရွာသည့်အချိန် မွေးဖွါးမှသာ ရာသီဥတုအေးချမ်းစိုစွတ်လွန်း၍ မွေးဖွါးပြီးစ သွေးနုသားနုဖြစ်နေသော မိခင်နှင့်ရင်သွေးငယ်လေးအား နွေးထွေးလုံခြုံစေရန် အနွေးထည်များ ဝတ်ပေးခြင်း;ခေါင်းပေါင်းပေးခြင်း;ထူထဲသည့်စောင်များဖြင့်နွေးထွေးအောင် ခြုံပေးခြင်း;မီးလှုံခြင်း စသည့်တို့ကိုပြုလုပ်ပေးသင့်ပါသည်။

ယခုလို အပူရှိန်လွန်ကဲလှသည့် နွေရာသီသည် နေအပူရှိန်ကြောင့် သဘာဝအတိုင်းပင် ချွေးထွက်လွန်နေပြီး ပူလောင်စွာနေထိုင်နေရပါသည်။ပူပြင်းလှသည့်အချိန်မှာ မွေးဖွါးမည့် မိခင်နှင့်ရင်သွေးငယ်လေးအား ထပ်မံပြီးပူလောင်စွာ နေထိုင်ရစေရန် ပိတ်ခြင်ထောင်ထဲ ထည့်ထားခြင်း;အဝတ်အထူများဝတ်ပေးခြင်း;မီးအပူများပေးပြီးချွေးထုတ်ခိုင်းခြင်း တို့ကိုမပြုလုပ်သင့်ပါ။ကလေးငယ်လေးများသည် စကားမပြောတတ်သော်လည်း လူကြီးများခံစားရသည့် ဒုက္ခကို သူတို့လေးတွေလည်း ခံစားရတတ်ကြပါသည်။ပူအိုက်သောရာသီတွင် အပူဒဏ်ကို ထုတ်ဖော်မပြောတတ်ရှာသော ကလေးငယ်လေးများအား ယပ်ခပ်ပေးခြင်း;လေကောင်းလေသန့် ရရှိသောနေရာများတွင်နေစေခြင်း;ပန်ကာ အဲယာကွန်း အစရှိသည်တို့ဖွင့်ပေးခြင်းဖြင့် လူကြီးမိဘများမှ သက်တောင့်သက်သာ ဖြစ်စေရန် ပြုလုပ်ပေးရပါမည်။ကိုယ်ပြုသမျှ နုရမည့် ကလေးငယ်လေးများအား ရှေးရိုးစွဲနည်းများကို လက်ကိုင်ထားပြီး ထိန်းကျောင်းခြင်းဖြင့် ဒုက္ခမရောက်စေလိုပါ။

ယခုကျမတို့ ရောက်နေသည့်ရွာလေးမှ အပူဖုထွက်၍ လာရောက်ကုသသည့် ကလေးငယ်နှင့်မိခင်ဆိုလျင် ပူပြင်းလှသည့်ရာသီဥတုတွင် မွေးဖွားရသည့်အပြင် မွေးဖွါးပြီးချိန်မှစ၍ ယနေ့ဆေးခန်းလာပြသည်အထိ လူကြီးသူမများမှ မီးနေရမည်ဟုဆိုကာ အဝတ်အထူများဝတ်စေပြီး ခြင်ထောင်အထူကြီးထဲတွင် တစ်ပါတ် ဆယ်ရက်တိုင်အောင်နေစေကြသည်ကို အံ့သြဖွယ်ကြားသိရပါသည်။မိခင်ရော ကလေးပါ နနွင်းများ ဝါထိန်နေအောင်လိမ်းထားပြီး ကလေးငယ်လေးမှာ အပူဒဏ်များကြောင့် ချွေးသံရဲရဲဖြစ်နေကာ အဖုအပိန့်များထွက်နေပြီး သနားစရာကောင်းလှပါသည်။ကျမတို့ ဆရာမလေးများအနေနှင့် အတတ်နိုင်ဆုံး ကျေးရွာထဲရှိ ကလေးသူငယ်လေးများအား ပြုစုပျိုးထောင်ကြမည့် မိခင်အပါအဝင် ဘေးပါတ်ဝန်းကျင်ရှိ လူကြီးသူမများအားလုံးကိုပါ နည်းလမ်းမှန်သော ကျန်းမာရေးဗဟုသုတများဖြင့် စောင့်ရှောက်ကြစေရန် ပြောပြခဲ့ကြပါသည်။

ထိုဖြစ်ရပ်ထက်ပို၍ ရင်နင့်ဖွယ်ကောင်းသော ဖြစ်ရပ်ကို ကျမတို့ ထိုရွာကလေးမှပင် ထပ်၍ ကြားသိခဲ့ရပါသည်။လွန်ခဲ့သည့် ၂ပါတ်ကျော်လောက်က ရွာအစွန်တွင်နေထိုင်သည့် မိခင်တစ်ဦးသည် သက်ဦးရင်သွေးလေးအား ရွာထဲရှိ လက်သည်နှင့်ပင်မွေးဖွါးခဲ့ပြီး ကလေးအသားဝါ ပါလာသည်ကိုတော့ မသိခဲ့ကြပေ။မွေးဖွါးပြီး ၃ရက်ကျော်မှ ကလေးနေမကောင်းလွန်း၍ မြို့ပေါ်ရှိဆေးရုံသို့ တက်ရောက်ကုသမှသာ အသားဝါရောဂါဖြစ်သည်ကို သိခဲ့ကြရသည်။အရေးပေါ်အခြေအနေဖြစ်၍ ဆရာဝန်မှ မီးပြကုသခိုင်းသည်ကို ရက်အပြည့်မကုသဘဲ အိမ်မှာပင်ဆေးမီတိုများဖြင့် ကုသမည်ဆိုကာ ရောဂါမပျောက်ကင်းခင်ပင် ဆေးရုံမှဆရာဝန်မသိအောင် ဆင်းခဲ့ကြလေသည်။ကလေးငယ်လေးမှာ အသားဝါရောဂါကျွမ်းပြီး နောက်ဆက်တွဲ Kရောဂါဝင်ကာ အိမ်ရောက်ပြီး တစ်ပါတ်အတွင်းမှာပင် ဆုံးပါးသွားခဲ့ပါသည်။"ရှေးထုံးလည်း မပါယ်နဲ့" ဆိုသည့်စကားသည် မှန်သင့်သလောက်မှန်သော်လည်း ယခုလို ကိုယ်ပြုသမျှနုကြရပြီး အပြစ်မဲ့စွာ သေဆုံးကြရသည့် ကလေးငယ်များအတွက် ကျမတို့အားလုံး ဤကဲ့သို့ အဖြစ်ဆိုးများ ထပ်မဖြစ်ရန် ဆေးပညာဗဟုသုတများ ရှာဖွေလေ့လာရန်လိုအပ်ပါသည်။မိဘများအနေနှင့် မိမိရင်သွေးလေး ကျန်းမာရေးအတွက် ဆရာဝန်များ၏ အကြံပြုချက်ကို လိုက်နာကာ အတူတကွ ပူးပေါင်းပါဝင်ပေးရန်လည်း အထူးလိုအပ်ပါသည်။အကြံပြုချက်ကို မလိုက်နာဘဲ ကလေးငယ်လေးများ ထိခိုက်ပါက ကျမတို့ ကျန်းမာရေးဝန်ထမ်းများသည် စိတ်မကောင်းဖြစ်ရုံမှလွဲ၍ ဘာမှမတတ်နိုင်ကြပါ။ အသက်နှင့်ရင်းပြီး မွေးဖွါးခဲ့ကြသည့် မိဘများသည်သာ ရင်နင့်ရမည်ဖြစ်ပါသည်။ထို့ကြောင့် မိဘများအားလုံး နည်းလမ်းမှန်သော ကျန်းမာရေးစောင့်ရှောက်မှုများဖြင့် ရင်သွေးငယ်လေးများအား ပြုစုထိန်းကျောင်းရင်း အပြစ်မဲ့သော ကလေးငယ်များ ထိခိုက်ကြွေလွင့်ကြခြင်းမှ အမြန်ဆုံး ကင်းဝေးစေရန် ရေးသားတင်ပြလိုက်ပါသည်။
photo google
Own writer: @poewuttyee
image

Authors get paid when people like you upvote their post.
If you enjoyed what you read here, create your account today and start earning FREE STEEM!
Sort Order:  

ဗဟုသုတ​တွေအများကြီးရပါတယ်

သိသမျှလေး share တဲ့သဘော ပါ ရှင့် အားပေးမှုကိုကျေးဇူးပါနော် ။

ဗဟုသုတရပါတယ်

ပီတိဖြစ်မိပါတယ်ရှင့်

ပယ်သင့်သည်ကိုပယ်ရာမှာက နေရာတိုင်းမှာပါ ပယ်စရာကို မပယ်ရင် ဒုက္ခပေးမှာ အမှန်ပါဗျာ ကောင်းသောဗဟုသုတလေးပါဗျာ

ရှေးထုံးလည်း မပယ်နဲ့ ဈေးသုံးလဲမလွယ်နဲ့ လို့ဆိုကြသော် လည်း တစ်ချို့ အရာတွေ ကပယ်မှရမည့် အမှာတွေဖြစ်နေတတ်လို့ သိသမျှလေး ဝေငှတဲ့သဘော ပါရှင့် ။

Nice post ပုံလေးတော့ save မိပြီကွယ်....😍

ဟုဟု

ကျန်းမာရေးဆိုတာလူတိုင်းတွက်အရေးကြီးလို့၊ကောင်းပါတယ်

ကျန်းမာခြင်းသည်လာတ်တစ်ပါး လူပျံတော်ပတ္တမြား ခိခိ

ကျန်းမာရေး ဗဟုသုတအစဉ်ဝေမျှပေးနေတဲ့ sis ကို ကျေးဇူးတင်ပါတယ်။

သိသလောက်လေး မျှဝေတာပါရှင့် ခုလိုအားပေးတာ ကျေးဇူးပါရှင့် ။

ကျေးရွာကလူ​တွေသိပ်​သနားဖို့​ကောင်းတယ်
ကျန်းမာ​ရေး ဗဟုသုတ အားနည်းကျတယ်

တဖြည်းဖြည်းခြင်းတော့ ကြိုးစားယူရတာပေါ့ အကိုရယ် ။

your work is good

thanks

ဗဟုသုတမရှိတဲ့ရွာတွေ အများကြီးရှိသေးတာပဲနော့်

တဖြည်းဖြည်းခြင်းတော့ ကြိုးစားယူရတာပေါ့ အကိုရယ် ။

ဒါပေါ့

ကြိုးစာျးပေးပါဗျာ။ steemit အတွက်ပြောတာမဟုတ်ဘူး၊ ရွာအတွက်။

ဟုတ်ကဲ့ ရှင့်

ကျေးဇူးပါဗျာ နောက်များ မတော်တဆ အိမ်ထောင်ကျရင် ကလေးအဖေ ဖြစ်တဲ့အခါ သတိထားရမယ်

ဟဟ ကွီးကလဲ နောက်တတ်သား

thanks for sharing knowledge,sis!

thanks bro

နောက်ဆက်တွဲ Kရောဂါဆိုတာ ဘာလဲဗျ

အသည်းရောင်အသားဝါ ရောဂါရင့်လာရင်ဖြစ်တတ်တဲ့ ရောဂါပါ ။ k ရောဂါ ၀င်သွားတဲ့ ကလေး ဟာအသက်ရှင်ရန် ခက်ခဲတတ်ပြီး အသက်ရှင်ပါကလည်း ဦးနှောက်နှင့် အာရုံကြော အကြီးစားထိခိုက်မှုဖြစ်ပြီး တစ်သက်လုံး သူတစ်ပါးကို သာ မှီခိုပြီး ရှင်သန်ရမယ့် သူတစ်ယောက် အဖြစ်နဲ့ ပဲနေထိုင်သွားရပါလိမ့်မယ် ။

ပြင် ရမဲ့ အချက်တွေ ပါဗျာ

that's right

good post

thanks sis

Nice poste.

ဆေးပညာ ဗဟုသုတလေးတွေ ဖက်ရလို့ ကျေးဇူးတင်ပါတယ် ဗျ ။

သိသမျှလေး share တဲ့သဘော ပါ ရှင့် အားပေးမှုကိုကျေးဇူးပါနော် ။

Good story !

ဒီလိုမျိုး သိခွင်ရလို ကျေးဇူးပါ

သတိထားသင့်တဲ့ အချက်လေးများ သိလိုက်ရပါတယ်။ အာပေးနေတယ် ညီမရေ။

nice