အသာလုပ်ပါ ချိတက်ရယ်

in myanmar •  7 years ago  (edited)

received_219547025235667.jpeg

ခါတိုင်းက Steemit တင်တာတွေကို ညပိုင်းမှဝင်ဖတ်လေ့ရှိတဲ့ B Pyae တယောက် အမဖြစ်သူက အားငယ်တတ်တော့ သူ promotion တင်တဲ့ရက်ရောက်တိုင်း သူတင်တဲ့ post မှာ ဘာရယ်မဟုတ်ပါဘူး အားပေးမယ်ဆိုပြီး ဒီနေ့ ညနေ ဝင်မန့် ဘို့  အစောဖတ်ဖြစ်လိုက်ပါတယ် ။

ညပိုင်းမှာဝင်ဖတ်ရတာကလည်း ကိုယ်ကစုံစိနေအောင်ဝင်လေ့လာဖြစ်တာ ဝါသနာပါလေတော့ Oredoo က ညပိုင်းအချိန် 11pm နောက်ပိုင်းဆို 1 mb ကို 1 kyat နဲ့ သုံးပြီး ဟိုဟာကူး ဒီဟာဖတ် လုပ်ရတာ တန်တာပေါ့ ။ အဲ့ဒါကြောင့် ညပိုင်းသုံးဖြစ်တာပါ ။

B Pyae အမရဲ့ကို ပိုစ့်ကို vote ပေးပြီး ကွန်မန့် လဲမန့် မယ်စိတ်ကူးပြီး မန့် မယ်လဲလုပ်ရော ချိတက်ဝင်ထားတာကို မြင်လိုက်ပါတယ် ။ တအံ့တဘြဖြစ်ပြီး သူ့ ပိုစ့်ကိုလည်း သေချာပြန်စစ်မိတာပေါ့ ။ ဘာမှထူးခြားတာလဲမတွေ့မိဘူး ။ အဲ့ဒါနဲ့ ချိတက်ရဲ့ link ကို ရင်းနှီးတဲ့သူကို ထောက်ကြည့်စစ်ပေးဘို့  အကူအညီတောင်းခဲ့ပါတယ် ။

B Pyae ကိုယ်တိုင်ထောက်လို့ က မသင့်တော်ဘူးဖြစ်နေလို့ ပါ ။ သူ့ link မှာက sex video လို့ ပါနေတာဖတ်ရတဲ့အတွက် မဝင်တော့ဘဲ တခြားသူကို ဝင်ကြည့်ခိုင်းခဲ့တာပါ ။ ထင်တဲ့အတိုင်းလဲ ဟုတ်နေပါတယ် ။

ဒါပေမယ့် အမပိုစ့်မှာက သူပြောသလိုတပုံမှမတင်ထားခဲ့ပါဘူး ။ MSC logo သာ တင်ခဲ့တာကို ချိတက်လာသွားခြင်းပါ ။ ဒီတော့ မဟုတ်တာတော့ ငုံ့ခံနေလို့ မနေနိုင်တတ်တဲ့ ထုံးစံအတိုင်း ချိတက်မန့် ကို ဖလက်ပြခဲ့ပါတယ် ။ ခနကြာတော့ ပျောက်သွားခဲ့ပါတယ် ။ ကျမ SS ပြထားတဲ့အတိုင်းပါဘဲ ။

IMG_20180424_211725.jpg

B Pyae အမကတော့ ထုံးစံအတိုင်း ငိုမဲ့မဲ့ဖြစ်နေတော့တာမြင်တော့ ပိုပြီးစိတ်မချမ်းသာဘူး ။ ဟိုတခါကလဲ ကိုယ်လုပ်ခဲ့လို့  minnow booster က ဘလက်ထိပြီးပြီလေ ခ်ခ် ။

သူစိတ်ညစ်မယ်ဆိုလဲ စိတ်ညစ်စရာကိုး ။ MSC က ချိတက်မိရင် ထုတ်ခံရမယ်လေ ။ ထုတ်ခံရရင် သူစုနေတဲ့ steemit အကောင့်လေးက သူ့ ရည်မှန်းချက်လဲ ပျက်ပြီး အရှက်လဲရမှာဆိုတော့ ကိုယ်ချင်းစာတာပေါ့ ။

အဲ့ဒါနဲ့ ချိတက်မှားပြီးဝင်ကြောင်း MSC leader ကိုလဲ ss နဲ့သက်သေပြပြီး ထုတ်မယ်ဆိုလဲ ထုတ်နိုင်ပါတယ် ။ ဒါပေမယ့် ချိတက်မှားတာဖြစ်ကြောင်းနဲ့ ချိတက်ရဲ့လင့်ကိုဝင်ကြည့်တော့လဲ sex video ဖြစ်နေတဲ့ကြောင်း တင်ပြပါတယ် ။ သူ့ ရေးလာ တင်လာတဲ့ ပိုစ့်တွေဟာလည်း ကော်ပီမဟုတ်ကြောင်းနဲ့ sex ပုံလည်း မိန်းကလေးဖြစ်တဲ့အတွက်ရယ် msc စည်းကမ်းအရလဲမကိုက်ညီတဲ့အတွက် ဘယ်သောအခါမှ မတင်ခဲ့ကြောင်း တင်ပြခဲ့ပါတယ် ။

Leader ကလည်း ချိတက် robot အမှားများနေကြောင်းနဲ့ သက်ဆိုင်ရာကို မေးမြန်းပြောပြထားကြောင်း msc မှ မထုတ်တဲ့အကြောင်းကို ပြောပြပါတယ် ။ အဲ့လို reply လာတာကိုဘဲ ခုထိစိတ်ညစ်နေတဲ့အမကို ရီချင်လာပြီး ဒီပိုစ့်လေးလဲရေးဖြစ်သွားတာပါ ။

ကြည့်လဲဝင်ပါ ချိတက်ရယ် လို့ သာ ပြောလိုက်ချင်ပါတော့တယ် ။ နဂိုကမှ ပျော့ညံ့ညံ့နဲ့နေတတ်လို့  စိတ်ပျက်နေတဲ့အမပိုစ့်မှ ချိတက်က ဝင်ရတယ်လို့  ပြောကိုပြောချင်တော့ပါဘူး ဟယ် ။

2861801_S.png

credit image source

@pyaesonekhinkhin

MSC 021

Authors get paid when people like you upvote their post.
If you enjoyed what you read here, create your account today and start earning FREE STEEM!
Sort Order:  

အာ့နဲ့ပုံဘယ်လိုပါတ်သတ်?

received_1009467959201343.gif

ခေးတရုတ်မင်းသမီးလေးလို လှနာကို မနာလိုတာအေ🤣🤣

ဒါက ဒီလိုရှိပါတယ်တဲ့ခည

ချီတက် သောက်တာ နည်းနည်းများသွားလို့ပါ 😁😁

ဟုပအေ မူးတိုင်းမှားနေရင်မလွယ်ဘူး

မမစကန်ထရီပိုစ်တေ ခေးရှာနေတကြပြီး ခုတွေ့တေ . ဟိဟိ😍😍😍😍

အွံ ဖြစ်ရလေ ချစ်ဆုံး

မနေ့ကလည်း G1 က တစ်ယောက်ဆီ အဲဒီလိုပဲ လာတယ် ... ချီတက်ကို သွားပြောလိုက်တာ အခုလို ပြန်မန့်သွားတယ် ... ကိုယ့်ဘာသာကိုယ် flag ပြသွားတယ်

သူ့ အပြ မစောင့်တော့ဘူးအကိုရေ
ကိုယ့်ဘာသာပြပစ်လိုက်တာ ခ်ခ်

အော် ဒီလိုကိုး ကျွန်တော်လည်း ပထမမြင်တော့ လန့်သွားခဲ့သေးတယ် နောက်မှသူ့မန့်က မှိန်နေပြီ

ဟုတ်ကဲ့

အဲ့လိုလည်းပြန်ပြလိုရတာပေါ့။ကြည့်ရတာ robort လည်း ကြောင်တောင်တောင်ဖြစ်နေပြီးထင်တယ်

ရမရတော့သိဘူး ပြလိုက်တာ ကျသွားတယ် ဟားး

ကျွန်တော်အကောင့်လဲလာvoteသွားလို့ကူညီပေးပါဦးဆရာ

ဆရာမဟုတ်ဖူးရှင့်

ချီးတက်နည်းနည်းလွန်ပြီ မိလည်း တစ်ခြား လင့်တော့လုပ်ပါအေ သူကြည့်နေကျနဲ့ မှားတာနေမယ်

ခ်ခ် ဟုတ်ပအေ sex video တဲ့ နာ့အမရှက်နာ

ချိတက်နဲ့ တိုင်ပတ်နေတာ ပြောပြပေးလို့ ကျေားဇူးပါ ကျနော်ပို့အောက်လဲ sexy post link တွေ ချိတက်က လာလာချနေတယ်

ဟုကဲ့ပါ ကိုယ်မှမဟုတ်တာ ရှင်းပြလို့ ရတော့ တော်သေးတာပေါ့

ဟေ့ အဲဒီချိတက်ကို ငါသာအေးထန်းတောမှာတွေ့လိုက်တယ်။ မယုံရင် ထန်းတောပိုင်ကိုသာလေးမေးကြည့် ငချိတက် အိမ်အပြန်မူးနေလို့ အိမ်သာကျင်းထဲတောင် ပြုတ်ကျသေးတယ်။ သနားစရာပါကွာ ချိတက်က ချီးစော်နံနေတယ်။

ဟားး မူးတဲ့ချိတက် ဆော်ထည့်ပစ်တာ ထန်းရေထဲအိပ်ဆေးထည့်ပီး တိုက်တာ အေးရော

အိပ်ချင်မူးတူးဖြစ်ပြီး လျှောက်နှိပ်မိတာ ကျွန်တော် cheetah ပါလို့ပဲ ပြောပါရစေ။

ခ်ခ်

မန့်​မှာကြည့်​ရ​သေးတယ်​မမ ဘာ​ကြောင့်​လဲဗျ

သူ့ လင်က မတူတာပြောတာလား