ဘာမှနားမလည်ဘဲ ဘယ်သူတွေဘာလုပ်လုပ် ဘာမှမစဉ်းစားဘဲ ဘာတွေလုပ်မိတယ်ဆိုတာကို ဘာမှမမှတ်မိတော့တဲ့အထိဖြစ်ခဲ့ရပါတယ် ။ ဘာအလုပ်ကို လုပ်လုပ် online အလုပ်ဆိုအရှုံးနဲ့စခဲ့ရတာများလာတဲ့ကျမအတွက်တော့ ဘာမှမလုပ်ရဲတော့အောင် ကြောက်လာမိပါတယ် ။
ဘာမှမလုပ်လို့ အခုအခြေအနေမှာရပေမယ့် ဘာမှမလေ့လာဘဲက နေလို့ မရပြန်တော့ ဘာဘဲဖြစ်ဖြစ်နောင်တချိန်မှာ စိတ်ပါလာရင် ဒီ online ငွေရှာတာနဲ့ပတ်သက်ပြီး လူလိမ်မခံရလေအောင် သိထားတတ်ထားဘို့ အတွက်ကလိုပါတယ် ။
ပြောနေရင်းကနေ ဒီနက်မနက်ကစပြီး MSC group ထဲမှာ sbd ဈေးတွေတက်ပြီး steem ဈေးတွေကျနေပြီ ဝယ်ထားကြပါ စုထားကြပါဆိုတဲ့ အမျိုးတွေရဲ့ သတိပေးတဲ့စာတွေက တတိန်တိန်နဲ့ noti တက်လာလေတော့ ဘာမှမစဉ်းစားဘဲ ရှိတဲ့ sbdလေး 10 ကို steem လေးဝယ်လိုက်တာ 21 ရခဲ့တာပေါ့ ။ ခါတိုင်းဈေးထက် တဝက်နီးပါးဈေးကျသွားတော့ steem လေးပိုရတော့ ပျော်တာပေါ့နော့ ။ စုရဆောင်းရတာ မလွယ်လှပါဘူး ။
Steem လေးစုထားမိပြန်တော့လဲ လောဘကမနေနိုင်ဘူးလေ ။ ဈေးတက်ပါစေဆိုပြီး ဆုတောင်းရတာလည်း အကြိမ်ကြိမ်ပေါ့ ။ စာမေးပွဲဖြေပြီးလို့  အောင်စာရင်းထွက်လာရင် အောင်ပါစေလို့  ဆုတောင်းမိတာထက် အကြိမ်ရေပိုများတာ ကိုယ့်ဘာကိုယ်လဲ သတိမိပါတယ် ။
လောဘက ဒါနဲ့တင်မပြီးသေးဘူးလေ ကိုယ့်အစ်မအကောင့်ထဲ sbd နဲ့ steem ရှိလေမလားဆိုပြီး သူ့ အကောင့် wallet ထဲဝင် ချောင်းရသေးတာလေ ။ အဲ့လိုချောင်းမိပြန်တော့ လောဘကထပ်တက်မိလာပြန်တယ် ။ steem နဲ့ sbd အရေအတွက်ကိုမြင်ပြီး ငါ့အကောင့်ထဲများနဲနဲလေးဖြစ်ဖြစ် သူမသိအောင်လွှဲထားရမလားဆိုပြီး ဘတ်ကီးရိုက်ချင်သေးတာ ခ်ခ် ။
နောက်ဆုံးတွေးမိတာက အကုန်လွှဲထားလိုက်မယ်ပေါ့ ။ သူမေးရင် ကိုယ်က သူ့ ထက်အချိန်ပိုအားနေလို့  ပိုရလာအောင် trade ပေးမယ်ဆိုပြီးပြောလိုက်မယ် တွေးမိပြန်ရော ။ ဒီညတော့ ဘာဘဲဖြစ်ဖြစ် အဲ့ဒီအကြံကို အကောင်အထည်ဖော်မှဖြစ်တော့မယ် ။ လွယ်တော့ မလွယ်ဘူးလေ ရိုးသားစွာဝန်ခံတတ်ရတာပေါ့ ။
ဖေ့စ်ဘုတ်လေးဖွင့်ပြီး newfeed မှာ steem ဈေးလေးနားစွင့်ရင်း ဘယ်သူကဘာ coin လေးတွေဝယ်ထားကြနော် ဈေးတက်ဘို့ ရှိတယ်နော်ဆိုပြီး သူတို့ ချပေးသမျှ links တွေထဲဝင် ဘာမှမသိသေးလဲ အကောင့်ဖွင့်ပြီး ထုံးစံမပျက်အောင် ဝင်စပ်စုလိုက်ပါအုံးမယ်လေ ။
ခုအချိန်ကြည့်တော့ ည၆နာရီဆိုတော့ ထမင်းစားထားတော့မယ် ။ စားပြီးရင် လိုင်းပေါ်ကသူငယ်ချင်းတွေတချို့ကို ဖုန်းဘေလ်တို့  sbd တို့  steemတို့ နဲ့ တခြားဘာဘာညာညာလေးတွေချေးထားတာ အကြွေးလိုက်တောင်းမယ် ။ ကိုယ့်အစီအစဉ်နဲ့ကိုယ်ကတော့ ဟုတ်နေတာပေါ့နော့ ။
steemit မှာ promotion တင်ဘို့ ကလည်း ဘာရေးရမှန်းကို မစဉ်းစားတတ်တော့လို့  မတင်ဖြစ်တာ ၃ရက်လောက်ရှိနေပြီ ။ မတင်ဖြစ်တော့ အရင်းမစိုက်ရဘဲ အလကားရတဲ့ sbd နဲ့ steem လဲဘယ်ရမလဲလေ ။ ကျောင်းကလဲတက်င်္သေးတာ ။ ကျောင်းတက်ချိန်ပြီးတော့ သင်တန်းကတက်ရပြန်တာလေ ။ ဒီကြားထဲ ရတဲ့အချိန်လေးကို chat box မှာက စကားပြောရတာကြောင့် တနေ့ မှာ ၂၄နာရီဘဲရှိတဲ့အချိန်က မလုံလောက်သလိုထင်မိတာပေါ့နော် ။
ဒီလိုနဲ့ဘဲ ဘယ်တိုင်းပြည်ကစမှန်းမသိတဲ့ ဘယ်လူမျိုးတွေလုပ်ကြတဲ့ ဘယ် online ငွေကြေးတွေကို ဘယ်လိုဝယ်စုရင် ဘယ်လိုကြီးပွားမလဲဆိုပြီး ဘာတွေတွေးမိပြီး ဘယ်လိုစိတ်ကူးယဉ်လုပ်မိနေမှန်းကို မသိတော့တာပါ ။ အဲ့တော့ ကျမစဉ်းစားမိတာချရေးကြည့်တာ steemit post တပုဒ်ရနေပြီဆိုတော့ တင်လိုက်ပါအုံးမယ်လေ ။ မသိဘူး တင်မယ် ။
steemit သူငယ်ချင်းများ မင်္ဂလာပါရှင် ။
ကျမလို ဘာတွေလုပ်နေကြတယ်ဆိုတာလဲ ဖြစ်နိုင်ရင် ပြောပြပါလား ။
ဘယ်သူတွေဆီက ဘာပညာတွေလေ့လာလို့  ဘယ်လောက်ထိနားလည်နေပြီဆိုလဲ ဘာဘဲဖြစ်ဖြစ် ဆွေးနွေးကြမယ်လေ ။
MSC 021
ဘာတင်တာလဲဝင်ကြည့်တာဘာတွေရေးထားမှန်းပေမဲ့ဘာမှမပေးလို့မကောင်းလို့မသိဘုမသိဘမသိဘုတ်သွားတယ်နော်၊ ဘိုင့်ဘိုင်ဘေဘီ :P
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
ဘိုင့်

မသိဘူး vote ပေးလိုက်ပြီ။ သူများ Steem သွားမခိုးနဲ့ လေ... ဟိုက ငိုနေအုံး မယ်။
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
ဟီးး ဈေးတက်ရင်အာမခံဘူး ဘတ်ကီးလုပ်ချင်တာအကို
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
မသိဘူး မန့် တယ်
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
မသိဘူး ဘတ်ကီးရိုက်မယ်
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
ရေးသားချက်ကတော့လိုက်မမှီပါဘူး
တော်လိုက်တဲ့ညီမလေး
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
တကယ်လားမမ
မသိဘူး အာဘွား
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
Good

thanks

တော်ကီ ညှက်လှချေ့လား အေ့

အမ် ညက်ပါဘူးအေ
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
မသိဘူး vote တယ်
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
ဟီးး ကျေးဇူးပါ
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
ဟာ နပြည့် ကျန်း ဘယ်လိုပြောရပါ့ အဲ့မသိတာလဲ ခေတ်ထနေရဲ့ ဘယ်ကစပါလိမ့် sbd အလကား ရတာ ဟုတ်လို့လား နာ လဲ post ရေးအုံးမှဘာအေ ဒါနက် ဘာမှ မတတ်တော့ ဘာမှ မဆွေးနွေးနိုင်
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
အဟက်

ဘာမှမသိတဲ့ငါဖတ်ခဲ့ရသည်
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
ဘာမမသိဘဲဖတ်ပေးလို့  ကျေးဇူးပါ
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
တော်ကီ ညှက်လှချေ့လား အေ့
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
ငင့်...Epic ကြီးဘာ...
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
ငင့် မသိဘူး တင်မယ်
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
hope can make money more
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
yes bro

Congratulations @pyaesonekhinkhin! You have completed some achievement on Steemit and have been rewarded with new badge(s) :
Click on any badge to view your own Board of Honor on SteemitBoard.
For more information about SteemitBoard, click here
If you no longer want to receive notifications, reply to this comment with the word
STOP