မင်္ဂလာပါ မြန်မာစတီးမစ်မိသားစုဝင်များခင်ဗျာ
စတီးမစ်ကို မိမိ ၀င်ရောက်လာသည်မှာ နှစ်လကျော်ပြီ ဖြစ်သည့်အတွက် စာတွေကိုလည်း အတော်အတန် ရေးပြီးသွားပြီဟု ဆိုရမည် ဖြစ်ပါသည်။ တစ်နေ့ထက် တစ်နေ့ ပိုကောင်းအောင် ကြိုးစားနေရင်း အတုခိုးသင့်တာကိုလည်း အတုခိုးခဲ့ပါတယ်။ စတီးမစ်တွင် မိမိထက် ရှေ့ရောက်နေသောလူများ၏ အတွေ့အကြုံများ၊ အကြံပေးချက်များ၊ နည်းပညာများသည် လိုက်စား၍ မကုန်နိုင်ဖွယ်ရာ ဖြစ်ပါသည်။ ၄င်းတို့ ရေးထားစာသည့်စာများကို ဖတ်ရှုရင်း "သြော် ... ငါ ဒါတွေကို လိုအပ်တာပဲလား" ဟု သိလာရပါသည်။ သို့သော်လည်း အားလုံးသိကြသည့်အတိုင်းပင် ၇ ရက်ပြည့်သည်နှင့် ပြင်ခွင့်မရှိတော့သောကြောင့် အမှားကိုပဲ သိသိကြီးနဲ့ ကြည့်နေရပါသည်။ ထို့ကြောင့် တစ်ဖန် စဉ်းစားကြည့်ပါသည်။ " ငါ့အမှားတွေကို ဘယ်လို ပြန်ပြင်ရမလဲ" ပေါ့။ အဲဒီလိုနှင့် အဖြေတစ်ခုရခဲ့ပါသည်။ ကိုယ့်အမှားက ပြင်လို့ မရပေမယ့် သူတစ်ပါးကိုတော့ လမ်းကြောင်းမှန်ကို ညွှန်ပြပြီး အလားတူအမှားမျိုး မရှိအောင် ကြိုးစားလို့ ရနိုင်သည်လေ။ ဤသို့သော အကြောင်းရင်းများကြောင့် မိမိ newbie ဘ၀တုန်းက အခက်တွေ့ခဲ့ရသည့် မိမိကိုယ်ကို မိမိမိတ်ဆက်နည်းအကြောင်း ရေးသားဖို့ ဖြစ်လာပါသည်။ တစ်ခုတော့ ၀န်ခံပါရစေ။ စာရေးသူက စတီးမစ်မှာ အရမ်းအောင်မြင်နေတဲ့သူ မဟုတ်ပါ။ ကောင်းနိုးရာရာ post များကနေ ဘာသာပြန်ဆိုတန်သည်ကို ပြန်ဆို၊ အနှစ်ထုတ်သင့်သည်ကို အနှစ်ထုတ်ပြီး ရေးသားခြင်းသာ ဖြစ်ပါတယ်။ ယခုမှ စတီးမစ်လောကထဲကို စတင်ဝင်ရောက်သူများအနေနှင့် တာထွက်ကောင်းစေလိုသော စေတနာဖြင့် ရေးသားရခြင်း ဖြစ်ပါသည်။
စတီးမစ်အကောင့်ကို ဖွင့်ပြီးသည်နှင့် ပထမဆုံးရေးသားရမည်မှာ မိမိ၏မိတ်ဆက်စာပင် ဖြစ်ပါသည်။ newbies တို့ သိရှိထားရမည်မှာ မိတ်ဆက်စာသည် မိမိအကြောင်းကို ပြန်လည်ပြောပြခြင်း ဖြစ်သည်။ ထို့ကြောင့် မိမိအကြောင်းများကို အကြမ်းဖျင်း ချရေးထားလိုက်ပါ။ ထိုသို့ချရေးရာတွင် အောက်ပါအချက်အလက်များ ပါဝင်ပါစေ။
- မိမိဘ၀အကြောင်း (မိမိနာမည်၊ မိသားစု၊ ၀ါသနာ၊ မိမိအိပ်မက် စသည်)
- မိမိလုပ်ပြီးတဲ့အရာများအကြောင်း (မိမိ၏အောင်မြင်မှုများ၊ မိမိပြီးဆုံးသွားသည့်သင်တန်း၊ ကျောင်း စသည်)
- လက်ရှိလုပ်ကိုင်နေသည်များအကြောင်း (မိမိအလုပ်အကိုင်)
- မိမိစိတ်ဝင်စားသည့်အရာများအကြောင်း ( စိတ်ဝင်စားမှုတူညီသည့် မိတ်ဆွေများရနိုင်ရန်)
- စတီးမစ်ကို မည်သို့သိရှိသည့်အကြောင်း
- စတီးမစ်မှာ မည်သည့်အရာကို ကြိုက်နှစ်သက်ကြောင်း (မိမိထင်မြင်ချက်ကို ရေးပါ။ မှားသည် မှန်သည်ကို မစဉ်းစားပါနှင့်။ comment များတွင် အကြံပြုချက်များ ရလျှင် မိမိအတွက် အကျိုးရှိပါသည်။)
- စတီးမစ်တွင် မည်သို့ဆောင်ရွက်မည့်အကြောင်း ( စတီးမစ်တိုးတက်ရေးအတွက် မိမိဆောင်ရွက်မည့်အရာများ)
- မည်သည့်စာများကို ရေးသားမည်နည်း ( မိမိဘ၀အတွေ့အကြုံ၊ မိမိအလုပ်နှင့်ဆက်စပ်သည့် အရာများ စသည်)
ဤအချက်အလက်များကို အကြမ်းဖျင်းရေးချပြီးသောအခါ
- စနစ်တကျဖြစ်အောင် အကျယ်တ၀င့်ပြန်ရေးပါ။
- စာပိုဒ် ၂ပိုဒ် မှ ၃ပိုဒ်အထိ ခွဲပြီး ရေးသားပါ။ သို့သော် အဆက်အစပ်ရှိပါစေ။
- အစီအစဉ်တကျဖြစ် မဖြစ် ပြန်လည်စိစစ်ပါ။ အစီအစဉ်မကျသည်များကို ပြန်လည်ပြင်ဆင်တည်းဖြတ်ပါ။
- စာပိုဒ်များကြားတွင် အကြောင်းအရာနှင့် လိုက်ဖက်သော ဓာတ်ပုံများကို အသုံးပြုပေးပါ။ မိမိပုံများကို အဓိကထားပြီး အသုံးပြုပေးလျှင် ပိုကောင်းပါသည်။ Google တွင်လည်း မိမိရှာလိုသောခေါင်းစဉ်နှင့် images ဆိုသည့် စကားကို ဆက်စပ်ပြီး ရှာဖွေနိုင်ပါသည်။ ဥပမာအားဖြင့် ပန်းပုံများကို ရှာဖွေလိုပါက flowers images ဟု ရိုက်ထည့်ပြီး ရှာဖွေပါရန်။
- စာများကို အင်္ဂလိပ်ဘာသာဖြင့် အလုံးစုံ မရေးနိုင်လျှင်တောင် အနည်းငယ်တော့ ပြန်ဆိုရေးသားစေချင်ပါသည်။ သို့မှသာ လူအများက မိမိဆိုလိုရင်းကို နားလည်မည် ဖြစ်ပြီး vote ပေးသည့် အရေအတွက်လည်း ပိုလာမည် ဖြစ်ပါသည်။
- အားလုံးအချောသပ်ပြီးပါက နောက်တစ်ဖန် ပြန်လည်စစ်ဆေးပြီးမှ post ကို တင်ပေးပါ။
Post အထဲတွင် မိမိ၏ပုံကို ထည့်သွင်းရာတွင်လည်း ၄င်းပုံအပေါ်တွင် စတီးမစ်၏သင်္ကေတ၊ မိမိ၏စတီးမစ်အမည်၊ ၀င်ရောက်သည့် ရက်စွဲများကို ရေးသားပေးရပါမည်။ သို့မှသာ မိမိသည် လူအစစ်အမှန်ဖြစ်ပြီး spam မဟုတ်ကြောင်း တခြားသူမှ မိမိအသွင် ဟန်ဆောင်ခြင်း မဟုတ်ကြောင်း စာဖတ်သူတို့အား သိရှိစေမည် ဖြစ်ပါသည်။ ထို့ပြင် စိတ်ဝင်စားစရာကောင်းသည့် ဓာတ်ပုံများကို ရွေးချယ်ထည့်သွင်းပေးဖို့ လိုအပ်ပါသည်။
စတီးမစ်ကို ၀င်ရောက်သည့် ရည်ရွယ်ချက်ကို မေးလျှင် လူအများစုက စာရေးရင်း ငွေရသောကြောင့်ဟု ဖြေမည်မှာ ကျိန်းသေပါသည်။ တခြားသူများအတွက် မည်သည့်အရာများကို ပေးမည်ဟု တွေးတောရန် မေ့လျော့နေတတ်ကြပါသည်။ မိမိကိုယ်ကို အောက်ပါမေးခွန်းများ မေးမြန်းကြည့်ပါ။
- တခြားသူတွေအတွက် မည်သည့်အရာများ လုပ်ပေးမှာလဲ ?
- တခြားသူတွေကို မည်သို့ ကူညီပေးမှာလဲ ?
- တခြားသူတွေကို မည်သို့ မျှဝေသင်ကြားပေးမှာလဲ ?
- စတီးမစ်၏ဂုဏ်နှင့် တန်ဖိုးကို တက်အောင် မည်သို့ ပြုလုပ်ပေးမှာလဲ ?
ဤအချက်အလက်များကို မိမိ၏ မိတ်ဆက်စာတွင် ထည့်ရေးသင့်ပါသည်။ စတီးမစ်သည် မိမိအတွက်ချည်း မစဉ်းစားဘဲ တခြားသူများအတွက်ပါ စဉ်းစားပြီး လုပ်ကိုင်ကာ ကျွဲကူးရေပါ သဘောအတိုင်း အောင်မြင်မှုများ ရရှိနိုင်သည့် နေရာတစ်ခုဖြစ်ပါသည်။
နောက်ဆုံးအနေဖြင့် သတိထားရမည့် အရာမှာ tag တွဲရမည့်နေရာတွင် "introducemyself" နှင့် "introduceyourself" tag များကို ပါဝင်အောင် ထည့်ပေးရပါမည်။ တခြားဆီလျော်သည့် tag များကိုလည်း တွဲဖက်ထည့်သွင်းနိုင်ပါသည်။ စာရေးသူ ရေးသားထားသည့် မိတ်ဆက်စာနမူနာကိုလည်း ဤနေရာတွင် ဖတ်ရှုနိုင်ပါသည်။
Newbie များအနေဖြင့် ရေးသားသည့်မိတ်ဆက်စာသည် တခြား post များထက်စာလျှင် ကောင်းလျှင်ကောင်းသလို vote အရေအတွက် များပြီး ငွေလည်း ပိုမိုရရှိနိုင်ပါသည်။ ထို့ကြောင့် သေချာအချိန်ယူပြီး ရေးသားစေချင်ပါသည်။ အထက်ပါ ဖော်ပြထားသည့် အချက်များကိုလည်း ပါအောင် ရေးသားစေချင်ပါသည်။
မြန်မာစတီးမစ်မိသားစုဝင်များ စတီးမစ်မှာ အောင်မြင်ကြပါစေဗျာ ....
Refererences
- https://steemit.com/basictraining/@vaansteam/how-to-do-your-steemit-introduction-post-best-results by @vaansteam
- https://steemit.com/myanmar/@victorzayyar/mitsakpost-baylundefinedyamle-khumwste-lon0lon0-beginner-undefinedatykthayanyyayypaty by @victorzayyar
Images credit - Google
ဒီလိုintroကိုကောင်းကောင်းမရေးဖြစ်ခဲ့ဘူး
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
ပြန်ရေးပါ

ဟုတ်ကဲ့ ကျွန်တော်လည်း ပြန်ရေးပါတယ် နောက်မကျသေးပါဘူး ရေးလို့ ရပါသေးတယ်
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
Welcome to Steem @sawlwin.
Do read A thumb rule for steemit minnows - 50:100:200:25 for starter tips.
Spend time reading Steem Blue Paper to know how Steem blockchian works and if you still have any queries ask them on our Ask me anything about Steemit post and we will try to answer that.
All the Best!!!
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
Thank you for your information.
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
မဖတ်အားတော့လို့ ခွင့်လွှတ်ပေးကြပါဗျား vote ခဲ့ပါတယ်
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
အလုပ်များနေတာကို နားလည်ပါတယ် ဘုရား
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
ဟုတ်ကဲ့ပါအကိုမှတ်သားထားပါ့မယ်
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
အသစ်တွေကို ကိုယ့်လို မမှားအောင် လမ်းညွှန်ပေးလိုက်ပါဗျာ
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
တစ်ရက်အင်ထရိုကို ပြန်ရေးအူးမယ်ဗျာ။
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
ရေးပါဗျာ အားပေးပါတယ်
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
Welcome to Steemit sawlwin. Let me know if you got any questions about Steem or anything related to it! The official FAQ can be found here and has A LOT of information https://steemit.com/faq.html - Also remember, Steemit is just ONE of the sites built that uses Steem the blockchain. We also have DTube - our very own Youtube, DSound for Soundcloud and Steepshot if you prefer Instagram like experience. I'd also like to mention ChainBB - forums, Busy - Steemit with more modern look basically, DMania for memes and Dlive for streaming just like in Twitch! Welcome to the blockchain
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
Many thanks @janne for your awareness to my post and giving the good advice.
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
သုံးကာစကဒီလိုပဲရေးချင်တာရေးလိုက်မိတာ ကိုစောရေ
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
အတူတူပါပဲ မအိရေ ရေးချင်တာက များနေပြီး ရေးမယ်ဆိုရော ရှာမတွေ့တော့ဘူး စဉ်းစားမိတာတွေပဲ ရေးလိုက်မိတယ်
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
ကျွန်တော်တို့တွက် ဗဟုသုတ အများကြီးရပါတယ် bro
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
ဟုတ်ကဲ့ ၀မ်းသာပါတယ် ကိုညီ
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
အကျိုးဖြစ်စေတဲ့စာတစ်ပုဒ်ပါပဲကိုစောရေ
Resteemခဲ့ပြီဗျာ
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
ဟုတ်ကဲ့ ကိုမိုးဇော်
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
ကောင်းတယ် အကို အခုလိုရေးသားပြထားတာ အသစ်တွေ
အတွက် တော်တော်အစဉ်ပြေသွားကြမှာပါ
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
ဟုတ်ကဲ့ အဲဒီလိုပဲ ဖြစ်ချင်ပါတယ်ဗျာ
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
အသစ်တွေအတွက် နည်းလမ်းသိသလို အကျိုးလဲရှိစေပါတယ်
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
ဟုတ်ကဲ့ ကိုယ်တိုင်စမ်းသပ်ကြည့်တော့လည်း အကျိုးရှိတာတွေ့ပါတယ်
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
အသစ်တွေအတွက် အထူးကောင်းမွန်သော post လေးပါ
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
ဟုတ်ကဲ့ ကိုဒို သူတို့အနေနဲ့ ဦးတည်ရာတစ်ခု ရှိသွားတာ ဖြစ်စေချင်ပါတယ်
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
အစ်ကို့ရံ့ စာတွေ ဖတ်လိုက်ရတိုင်း စကားအသုံးနှုန်းတခုမဟုတ်တခု ဗဟုသုတရတယ်ဗျာ
ကျေးဇူးပါပဲ
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
ဝမ်းသာပါတယ်ဗျာ
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
steemit အဖွဲ့ဝင်ဖြစ်ဂုဏ်ယူမဆုံးနိုင်ဘူးဖြစ်နေတာ
အစ်ကို့ရေးတဲ့post တွေဖတ်နေရတာလဲပါမယ်အစ်ကိုရေ
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
အခုလို ဂုဏ်ပြုတာကို ကျေးဇူးတင်ပါတယ်ဗျာ
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
Newbie များအတွက်ဗဟုသုတတွေများစေပါတယ်
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
ဟုတ်ကဲ့ ၀မ်းသာပါတယ်
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
လေ့လာမှတ်သားစရာတွေ လူသစ်တွေအတွက် ကိုစောရေးတဲ့ဆောင်းပါး အရမ်းကို တန်ဖိုးရှိပါတယ်
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
ကျေးဇူးတင်ပါတယ် ကိုလင်း
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
Newbies တွေအတွက် အကြံကောင်းပါ
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
ဟုတ်ကဲ့ ကျွန်တော် reference လုပ်ထားတဲ့ post ၂ခုကိုလည်း ဖတ်ကြည့်သင့်ပါတယ် ဖတ်စေချင်လို့ တမင်ညွှန်းခဲ့တာပါ
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
ညီsteemit မရေးခဲ့ခင်ကသာဒီပိုစ့်လေးတင်ခဲ့ရင်ကောင်းမှာ ညီတင်ခဲ့တဲ့introducing တုန်းကတလွတြွေ😁
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
နောင်တရပုံချင်းတူပါတယ် သူများကို မဖြစ်စေချင်လို့ ရေးတင်ခဲ့တာပါ
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
လူသစ်တွေအတွက် တော်တော်အသုံးဝင်မယ့်ဆောင်းပါးလေးဘဲ့
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
ဟုတ်ကဲ့

အလွန်လျော်ကန်သင့်မြတ်ကြောင်းပါ 😊
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
လက်ခံရင် ပြန်ရေးလေ သူငယ်ချင်း
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
အသစ်တွေတွက်အကျိုးရှိတဲ့ပို့လေးပါ
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
ဟုတ်ကဲ့ ကိုအောင်ကြီး
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
ပညာရပါတယ်ဗျ Bro ရေ
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
ဟုတ်ကဲ့ ကိုသက်တင်
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
အစကနေပြန်သင်ပေးနေပြီ
ကောင်းတယ်ကိုစော new တွေအတွက် ချပေးစရာ post ကောင်းပဲ
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
ဟုတ်ကဲ့ ကိုသက် နည်းပညာပိုင်းကို လမ်းမညွှန်ခင် ဒါကို အရင် ချပြချင်လို့ပါ တစ်ယောက်ချင်းစီ လိုက်ပြောတာထက်စာရင် Post ဖတ်ခိုင်းတာက ပိုပြီးထိရောက်မလားလို့
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
ဗဟုသုတတွေ ရပါတယ် အကိုရေ ။
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
ဟုတ်ကဲ့ ၀မ်းသာပါတယ်ဗျာ
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
THANKS KO SOE 😃😃😃😃😃
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
Thanks a lot, bro.
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
အရမ်းကောင်းမွန်ပါတယ် ကိုစောရေ
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
@originalworks
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
Congratulations! This post has been upvoted from the communal account, @minnowsupport, by sawlwin from the Minnow Support Project. It's a witness project run by aggroed, ausbitbank, teamsteem, theprophet0, someguy123, neoxian, followbtcnews, and netuoso. The goal is to help Steemit grow by supporting Minnows. Please find us at the Peace, Abundance, and Liberty Network (PALnet) Discord Channel. It's a completely public and open space to all members of the Steemit community who voluntarily choose to be there.
If you would like to delegate to the Minnow Support Project you can do so by clicking on the following links: 50SP, 100SP, 250SP, 500SP, 1000SP, 5000SP.
Be sure to leave at least 50SP undelegated on your account.