RIP Aung Yell Htwe 😢

in myanmar •  7 years ago 

သစ်​လုပ်​ငန်းရှင်​ ခရိုနီကြီး​ဦးခင်​​မောင်​​လေးရဲ့ သားများနဲ့ သူငယ်​ချင်း​တွေ ရန်​ငြိုး​တွေ​ကြောင့်​ အပြစ်​မရှိဘဲ အသတ်​ခံလိုက်​ရတဲ့ ​ရဲ​ထွေး​အောင်​ (​ခေါ်) ​အောင်​ရဲ​ထွေး

မင်းမဲ့စရိုက်​ဆန်ပြီး အင်​မတန်​မှ မိုက်​ရူးရဲဆန်​​လွန်းတဲ လုပ်​ရပ်​ပါ။
ရဲ​ထွေး​အောင်​ အသတ်​မခံရခင်​ (၄)ည​လောက်​အလိုက ရဲ​ထွေး​အောင်​အကို ​နေဇင်​လတ်​ နဲ့ အခုပုံထဲက သန်းထွဋ်​​အောင်​ (​ခေါ်) သားကြီး တို့ အဖွဲ့ နဲ့ Brave Bar မှာ မီးခြစ်​ငှါးတဲ့ကိစ္စက​နေ စဖြစ်​တာပါ။
အဲ့ဒီ​နေ့က ရဲ​ထွေး​အောင်​က Brave Bar ကို သူ့ရဲ့ချစ်​သူရယ်​ , Funny ရိုက်​တဲ့ ရဲရင့်​ရယ်​ , သူ့အကိုဖြစ်​သူ ​နေဇင်​လတ်​ရယ်​ 
လေး​ယောက်​ အတူလာခဲ့ပါတယ်​။ ထားပါ။ ပြသနာစဖြစ်​တဲ့ အ​ကြောင်းရင်း ပြန်​​ပြောပြပါ့မယ်​။

ရဲ​ထွေး​အောင်​အကိုဖြစ်​သူ ​နေ​ဇင်​လတ်​က တဖက်​ဝိုင်းက သန်းထွဋ်​​အောင်​ (​ခေါ်) သားကြီးဆီမှာ မီးခြစ်​ရှိလားဆိုပြီး သွား​ငှါးပါတယ်​။ 
သန်းထွဋ်​​အောင်​(​ခေါ်) သားကြီးက မူးမူးရူးရူးနဲ့ ``မရှိဘူး ... ရှိလည်း မငှါးနိုင်​ဘူး´´လို့​ ပြန်​တုံ့ပြန်​​ပြောလိုက်​ရာက​နေ အ​ချေအတင်
စကားများကြပြီး ပြသနာ​တွေဖြစ်​ကြပါတယ်​။ စကားများရာက​နေ
နေဇင်​လတ်​ပခုံးကို သားကြီးက ​ဆောင့်​တွန်းလိုက်ချိန်မှာ ​နေဇင်​လတ်​က နာရီချွတ်​ပြီး နာရီနဲ့ တစ်​ဖက်​က သန်းထွဋ်​​အောင်​(​ခေါ်) သားကြီး ကို ပြန်​ရိုက်​ခဲ့ပါတယ်​။ ပြသနာ​တွေတက်​လာ​တော့ Bar က Security ​တွေနဲ့ တခြားဝိုင်းက အသိမိတ်​​ဆွေ​တွေ ဝင်​ရှင်း​ပေး​ပေမယ့်​လည်း ပြသနာက မပြီးသွားပါဘူး။ ဝင်​ဆွဲတဲ့လူ​တွေနဲ့ သန်းထွဋ်​​အောင်​(ခ) သားကြီး တို့အဖွဲ့နဲ့ ပြသနာ​တွေတက်​ကြပါ​သေးတယ်​။ အဲ့ဒီ​နေ့က သန်းထွဋ်​​အောင်​(​ခေါ်) သားကြီးက မ​ကျေနပ်​လို့ဆိုပြီး ​နေဇင်​လတ်​ လိပ်​စာကို ရိုရှမ်း ဆိုတဲ့လူဆီက​နေ ​တောင်းပါတယ်​။ ရိုရှမ်း ဆိုတာ ရဲ​ထွေး​အောင်​ အခုရိုက်​​နေတဲ့ ရုပ်​ရှင်​ကြီး (ဒိုင်​ယာရီ ဇာတ်​ကားရဲ့ ပရိုဂျူဆာ)ပါ။ သူလည်း အဲ့ဒီ​နေ့က ဝင်​ဆွဲတဲ့သူ​တွေထဲမှာ ပါတယ်​လို့ ယူဆရပါတယ်​။ အဲ့ဒီ ရိုရှမ်းကို ​မေးလို့မရလို့​ သားကြီးတို့အဖွဲ့က ရိုရှမ်းဆိုတဲ့ လူကိုပါ အဲ့ညကပဲ ဝိုင်းဝန်းထိုးကြိတ်​ခဲ့ပါ​သေးတယ်​။ ကိုယ်​​တွေ သိသ​လောက်​​ပြောရရင်​ အဲ့ညက အဆို​တော်​ ယုန်​​လေးတို့နဲ့လည်း ပြသနာ တက်​ခဲ့ပါ​သေးတယ်​။ ဒါ​ပေမယ့်​ သူတို​နဲ့တက်​တဲ့ပြသနာက ရိုးရိုးပဲပြီးသွားပါတယ်​။
အဲ့လို​တွေ ပြသနာတက်​နေချိန်​မှာ ရဲ​ထွေး​အောင်​ဟာ Taxi ငှါးပြီး ပြန်​သွားပါပြီ။ ဒီပြသနာ​တွေကို သူဘာမှ မသိခဲ့ပါဘူး။

New Year ညမှာ ရဲ​ထွေး​အောင်ဟာ သူ့အကိုအ​ပေါ်ကို ငြိုးထားတဲ့ ခရိုနီသား​တွေရဲ့ ရန်​စလက်​ကျ​​န်​ တွေ​​ကြောင့်​ ပါတီက​နေ ဆွဲထုတ်​ခံရပြီး ဝိုင်းဝန်းရိုက်​နှက်​ခြင်းကို ခံခဲ့ရတာပါ။ ။ သူ့ကိုရိုက်​တဲ့သူ​တွေက အရင်​ညက သူ့အကိုနဲ့ Brave Bar မှာ ငြိခဲ့တဲ့ သန်းထွဋ်​​အောင်​ (​ခေါ်) သားကြီး , ​ကျော်​ဇဲ , ​အောင်​​လေး , သားငယ်​ တို့အဖွဲ့ပဲဖြစ်​ပါတယ်​။ သူတို့က ရဲ​ထွေး​အောင်​ကို ​​ခေါ်ထုတ်​ပြီး အဖွဲ့လိုက်​ ထိုးကြိတ်​ကြတာပါ။ CCTV မှတ်​တမ်း​တွေရယ်​ ရဲ​တွေရထားတဲ့ ဓာတ်​ပုံ​တွေရယ်​ ယှဉ်​လိုက်​ရင်​ သိပါလိမ့်​မယ်​။
အဆိုပါ 4 ​ယောက်​က ဒီပြသနာမှာ လုံးဝ​သေချာတဲ့ လူသတ်​တရားခံ​တွေပါ။
Club ရဲ့ CCTV ​တွေမှာ 6 ​ယောက်​ဝိုင်းရိုက်​​နေတယ်​ဆိုတာကလည်း မဟုတ်​ပါဘူး။ ​ဆွဲတဲ့သူ​တွေရယ်​ လူရှုပ်​​နေတာ​တွေရယ်​​ကြောင့်​ လူအုပ်​နဲ့ ဝိုင်းရိုက်​တယ်​လို့ထင်​ရတာပါ။ ရိုက်​တာ​တော့ လူအုပ်​လိုက်​ပါပဲ။ ဒါ​ပေမယ့်​ အဲ့ဒီ​လေး​ကောင်​ပါ။
အဲ့လို လူတစ်​​ယောက်​ကို ရက်​ရက်​စက်​စက်​နဲ့ ကြက်​က​လေး/ ငှက်​က​လေးလို သတ်​သွားတဲ့အဖွဲ့က သူ​တွေက
မွတ်​စလင်​ကုလား (၂) ​ယောက်
ဗမာ (၂) ​ယောက်​ စုစု​ပေါင်း (၄) ​ယောက်​ပါ။
သူတို့​တွေကို​အထင်​မ​သေးပါနဲ့။
အကုန်​လုံးက ခရိုနီသားသမီး​တွေချည်းပါပဲ။
အရင်​က စစ်​အစိုးရလက်​ထက်​တုန်းက စစ်​အစိုးရနဲ့​တောင်​ ပတ်​သတ်​မှုကြီး​တွေ အများကြီးရှိခဲ့ဘူးတဲ့ လူ​တွေချည်းပါပဲ။
အဲ့ထက်​ပို​ကောင်းတဲ့ Cover က သူတို့က ဖိုးလပြည့်​ သူငယ်​ချင်း​တွေဖြစ်​​နေတဲ့ အချက်​ပါပဲ။ ရဲ​တွေကလည်း သူတို့ တရားခံဆိုတာကို သိပါတယ်​။ ရဲ​ထွေး​အောင်​​ဆေးရုံတက်​​နေရတဲ့ မနက်​ပိုင်းကထဲက ဓာတ်​ပုံ​တွေ ရဲစခန်းမှာ ရထားပြီးသားပါ။ ဒါ​ပေမယ့်​ ဖမ်းဆီးဖို့အတွက်​ကျ​တော့ ​ဝေ့ဝိုက်​​နေတယ်​လို့ သိရပါတယ်​။
ဘာ့​ကြောင့်​လည်း ?
ဒီနိုင်​ငံမှာ ဖိုးလပြည့်​နဲ့ခင်​ရင်​ လူတစ်​​ယောက်​ကို ကြက်​သတ်​/ ငှက်​သတ်​သလို သတ်​လို့ရပါသလား ?
သူတို့ကို ဒီအချိန်​မှာ သွားရှာရင်​​တော့ ​တွေ့မယ်​မထင်​​တော့ပါဘူး။
အကုန်​လုံးက တိမ်း​ရှောင်​ကုန်​ပြီလို့ ယူဆရပါမယ်​။ ဘာသတင်းအစနမှ မကြားရ​တော့ပါဘူး။
ဒါ​ပေမယ့်​ ခုထိ သတင်းရ​သေးတာက သားငယ်​ ဆိုတဲ့တစ်​​ယောက်​ (ဓာတ်​ပုံထဲတွင်​ ဘယ်​ဘက်​အခြမ်းတွင်​ရပ်​​နေ​သောတစ်​​ယောက်​) ကျန်​ပါ​သေးတယ်​။
သူ့ကိုဖမ်းပီး ​ခေါ်စစ်​ရင်​ အကုန်​သိရမယ်​လို့ ထင်​ပါတယ်​။
တရားခံ​တွေ အားလုံးကို
Photo ​တွေနဲ့တစ်​ကွ တင်​​ပေးလိုက်​ပါတယ်​။
မတရား အသတ်​ခံလိုက်​ရတဲ့ လူသတ်​တရားခံ​တွေကိုလည်း
ပြည်​သူ့ရဲ​ ​တွေအ​နေနဲ့ မိ​အောင်​ဖမ်း​​စေချင်​ပါတယ်​။ အဲ့​နေ့ကလည်း ခရိုနီ ဦးခင်​​မောင်​​လေးရဲ့အိမ်​ကို သွားရှာတယ်​လို့် သိရပါတယ်​။ ဒါ​ပေမယ့်​ သူတို့ကိုပဲ မ​တွေ့ခဲ့တာပဲလား ... အိမ်​ထဲဝင်​ပီး အရှာမခံခိုင်းတာ​ကြောင့်​ပဲလား ဘာ​ကြောင့်​မှန်းမသိဘဲ ဒီတိုင်း ပြန်​လာခဲ့ကြတာလည်း သိပါတယ်​။ ပြည်​သူ့ရဲကို ပြည်​သူ​တွေ အယုံကြည်​မဲ့သွားမယ့်​ ဖြစ်​ရပ်​မျိုး​တော့ မလုပ်​​လောက်​ဘူးလို့ ယုံကြည်​ထားပါတယ်​။

စခန်းမှာလည်း တိကျတဲ့ information ရှိ​နေတာ​တောင်
မဖမ်းနိုင်​ဘူးဆိုရင်​ မြန်​မာနိုင်​ငံမှာ​နေရတဲ့ ကျွန်​​တော်​တို့ လူလတ်​တန်းစား​တွေရဲ့ ဘဝဟာ အရမ်းကို လုံခြုံမှု အားနည်း​နေပါပြီ။
CREDIT
မှတ်​ချက်​ - သတင်းအမှန်​ဖြစ်​ရန်​ 95%(op's opinion) image image image image image image

Authors get paid when people like you upvote their post.
If you enjoyed what you read here, create your account today and start earning FREE STEEM!