သွေးစွန်းခဲ့သော အယ်ဘမ်လေး

in myanmar •  7 years ago  (edited)

မှေးကနဲ အိပ်ပျော်သွားရာမှ " မ ''လို့ ခေါ်လိုက်သံတိုးတိုးကြောင့် မိုး ရုတ်တရက်လန့်နိုးလာပါတယ်။ ဒါ မောင့် အသံပါလား။ ဟုတ်ပ လိုင်းမပိတ်ဘဲ မောင့်ကို စောင့်နေတာ ဘယ်လောက်ကြာကြာရှိသွားပြီလည်း။ နာရီကို ကြည့်လိုက်တော့ ည ၁၂နာရီထိုးတော့မည်။ မောင်နဲ့စကားပြောနေရင်းကနေ မိုး အကြိုက်ဆုံး Mary Linရဲ့ တေးအယ်ဘမ်အသစ်ကို နားထောင်ချင်တယ်လို့ ပူဆာလိုက်တာနဲ့
'' ခဏနော် မ...မောင်လမ်းထိပ်က city markမှာ သွားဝယ်လိုက်အုံးမယ် ပြီးရင် မ အတွက် Fbကနေ feeပိုလ့်လေးတင်ပေးလိုက်မယ်''

'' မကြာနဲ့နော် မောင်...မနက်ကို ကျောင်းယူခဲ့ဖို့လည်း မေ့မနေနဲ့အုံး''

''စိတ်ချပါ မ ရယ်...မ စကားဆိုရင် မောင် ဘယ်တုန်းက မလေးမထားဘူးလည်း ပြော''

''ဟုတ်ပါပြီ မောင်ရယ် မြန်မြန်သွား မြန်မြန်ပြန်လာခဲ့''

'' အရမ်း ချစ်တယ် မရယ်...အာဘွား''

မောင့် အကောင့်လေး လိုင်းအောက်သွားတာနဲ့ မိုးလည်း အိမ်ချင်စိတ်ဖြစ်လာတာကြောင့် နာရီကို လှမ်းကြည့်လိုက်မိပါတယ်။
ည ၁၀နာရီ ၁၅မိနစ်ရှိပါပြီ။ မောင်တို့ အိမ်နဲ့ လမ်းထိပ်နဲ့က သိပ်မဝေးပါ ၁၀ မိနစ်ခန့်လမ်းလျှောက်လိုက်ရင် ရောက်ပါသည်။ မိုးတို့ အိမ်နဲ့ မောင့် အိမ်က တလမ်းသာခြားသည်။ ကျောင်းသွားကျောင်းပြန် ငယ်ငယ်ထဲက အတူတူဖြစ်ကာ ကြီးလာတော့ အချစ်ဇာတ်လမ်းရိုးရိုးလေးရေးခဲ့ကျသည်။ ငယ်ချစ်တွေမို့ သံယောဇဉ်လည်း ကြီးသည်။ မိုး ထက် ၁လသာငယ်သော မောင့်ကို မိုးက ဆရာမကြီး အမြဲလုပ်ကာ အနိုင်ကျင့်တက်သေးသည်။ မိုးဆိုးသမျှ မောင်ကလည်း အနွံ့နာခံကာ ချစ်ရှာပါသည်။

IMG_20180731_225054.png
credit image source

မိုးသည် အိပ်ချင်စိတ်ပြေသွားအောင် အိပ်ယာဘေးရှိ ပြတင်းပေါက်ကို ဖွင့်လိုက်သည်။ လက်ဆက်သော လေနုအေးလေးက မိုးမှုန်များနှင့်အတူ အခန်းထဲ ဝင်လာပါသည်။ အပြင်မှာ မိုးတွေ ရွာနေပါလား။ မောင်နဲ့ chatရင်း ပတ်ဝန်းကျင်ကိုတောင် မေ့လျော့နေခဲ့တာ။ မိုးရွာထဲမှာ မောင် တစ်ယောက်ထီးကော ဆောင်းသွားရဲ့လား။ ပူပန်မှုနဲ့အတူ ဖုန်း screemလေးကို ကြည့်လိုက်တော့ မောင့် အကောင့်လေး မီး မစိမ်းသေးဘူး။

မောင် သွားတာ နာရီဝက်ကျော်သွားပြီဘဲ။ လမ်းထိပ်သွားတာ အဲ့လောက်ကြာရသလားကွာ။ မိုး နှုတ်မှ ညဉ်းငြူ ရင်း အိပ်ယာထက်တွင် လှဲလှောင်းလိုက်သည်။ အိပ်ချင်စိတ်ကို ထိန်းမရဘဲ မှေးကနဲအိပ်ပျော်သွားသည့် ခဏတွင် နားသယ်စနားသို့ နွေးကနဲလေပူတချက်ကြောင့် မိုး ဆံစလေးပင် လှုပ်ခတ်သွားရသည်။ ပထမ တစ်ခွန်းသည် ခပ်ဝေးဝေးမှ ခေါ်လိုက်သံလို ဝေးသော်လည်း အော်ခေါ်လိုက်သည့်အသံ။ ဒုတိယ ခေါ်လိုက်သံသည် နားဝသို့တိုးတိုးလေး ကပ်၍ ခေါ်လိုက်သံ။ ထိုအသံကြောင့် မိုး လန့်နိုးလာရပါသည်။

IMG_20180731_223532.png
credit facebook image source

မောင့် အကောင့်လေး ကြည့်လိုက်တော့ မီးစိမ်းနေပြီ။ လူဆိုးလေး ကြည့်စမ်း miss callတော့ လှမ်းမပေးဘူး။ ဘယ်ကောင်မလေးနဲ့ တိတ်တိတ်လေး ကျူနေပါလိမ့်။ အိပ်ချင်တာကော အချိန်ကြာတာရော reply မပြန်ထားတာကော သီးချင်းမတင်ထားတာကော ပေါင်းစပ်၍ မိုး ဒေါသတော့ နည်းနည်း ထွက်မိပါသည်။ မောင့်ကို စိတ်ကောက်လိုက်အုံးမည်ဟု တွေးကာ

'' ခေါ်တော့ဘူး ကျင့်ပုတ်''ဟု mesaage ပို့လိုက်တော့ seen ပြသည်။ ကြည့်စမ်း ဒါ မိုးကို သက်သက် စကားမပြောဘဲ နေတာပေါ့လေ။ ဒေါသစိတ်နဲ့အတူ မိုးသည် လိုင်းပိတ်ပစ်လိုက်ကာ အိပ်ယာဝင်လိုက်ပါတော့သည်။ မကြာမီ အိပ်စက်ခြင်းသို့ ရောက်ရှိပြီး အိမ်မက်ထဲတွင် မောင်နှင့် တွေ့ပါသည်။ အကျီင်္ အဖြူ ရောင်လေး ဝတ်ထားသော မောင်သည် မိုးကို ကျောပေးကာ မိုးတို့ အိမ်ရှေ့တွင် ရပ်နေပါသည်။ မိုးက လှမ်းခေါ်တော့ နောက်သို့ တချက်လှည့်ကြည့်ကာ အမှောင်ထဲသို့ တဖြည်းဖြည်း တိုးဝင်ပျောက်ကွယ်သွားပါတော့သည်။

IMG_20180731_224508.png
credit image source

မှေးကနဲ အိပ်ပျော်သွားသော ထို ခဏတွင်မတော့ လမ်းထိပ်တွင် ကမ္ဘာပျက်မတက် ဆူပွတ်သွားခဲ့ပါသည်။

'' သနားစရာဗျာ ကျနော်တို့လမ်းထဲက ကောင်လေးပါဘဲ သူက city markက အပြန် ဒီဘက်ကို လမ်းကူးလာတာ ကားက အရှိန်မထိန်းနိုင်ဘဲ ဝင်တိုက်မိတာ ပွဲချင်းပြီးဘဲဗျာ မိဘတွေတော့ ရင်ကျိုးပါပြီ''

လူနာတင် ယာဉ်ပေါ်တွင် ပါသွားသော သက်မဲ့ ခန္ဓာတစ်ခု။
လက်ထဲတွင်တော့ သွေးစွန်းနေသော အယ်ဘမ်လေး တစ်ချပ်။

@suhlaing
msc 175

Authors get paid when people like you upvote their post.
If you enjoyed what you read here, create your account today and start earning FREE STEEM!
Sort Order:  

သနားစရာ​လေး

ရင်နင့်စရာ အဖြစ်အပျက်လေးပါဘဲ မအိရေ

ရိုဆန်အလွမ်း မိုးရွာရင် ဓာတ်ကြိုးကြည့်ရှောင်မှ

ဓာတ်ကြိုးလည်းရှောင် သစ်ကိုင်းလည်း ရှောင် အပေါ်ကော အောက်ကော ကြည့် ဦးထွေးရေ

  ·  7 years ago (edited)

မျက်ရည်မခိုင်ဘူးဆိုမှ မတ်စုရယ် ဟင့်

ထိန်းမထားနဲ့ ဦးဇင်း ငိုချပလိုက် ရင်ထဲပေါ့သွားအောင်

ငို ချင် လာဘီ

ငိုလက် မျက်ရည်တွေ ရွှဲအောင်

ငိုချင်လာပီ

ငိုလက်ပါအေ့

ခံစားရတယ်​ 😢

ပန်းကန်ပြားနဲ့

Congratulations! This post has been upvoted from the communal account, @minnowsupport, by suhlaing from the Minnow Support Project. It's a witness project run by aggroed, ausbitbank, teamsteem, theprophet0, someguy123, neoxian, followbtcnews, and netuoso. The goal is to help Steemit grow by supporting Minnows. Please find us at the Peace, Abundance, and Liberty Network (PALnet) Discord Channel. It's a completely public and open space to all members of the Steemit community who voluntarily choose to be there.

If you would like to delegate to the Minnow Support Project you can do so by clicking on the following links: 50SP, 100SP, 250SP, 500SP, 1000SP, 5000SP.
Be sure to leave at least 50SP undelegated on your account.

thanks

ကံကြမ္မာရယ်လို့သာ......