Steemit ခရီးသည်

in myanmar •  7 years ago  (edited)

16-08-55-image.png
Crd-img-src

စတီးမစ်ဆိုတဲ့ ဆိုရှယ် network ထဲကို တစ်ယောက်စကား တစ်ယောက်နားနဲ့ သိလာရပြီး ဝင်ရောက်ပါဝင် လာခဲ့တာ အခုဆိုရင် ၆ လကျော်ဆိုတဲ့အချိန်ကို ရောက်လာပါပြီ။ ရောက်ခါစကတည်းက စတီးမစ်အကြောင်းကို ဂဃနဏ သေသေချာချာ မသိသေးတဲ့ အချိန်မှာကတည်းက လေးစားအားကျရတဲ့ ပြဘ်တွင်းပြည်ပက စီနီယာ မန်ဘာဝင်တွေကို ကြည့်ပြီး သူတို့ရဲ့ စိတ်နေစိတ်ထားတွေဟာ အတ္တဟိတထက် ပရဟိတဘက်ကို ပိုအလေးသာတာမို့လို့ ဒီအဖွဲ့အစည်းကို အရမ်းသဘောကျနေခဲ့ရပါတယ်။

IMG_20180625_170249.png
Crd-img-src

ဒါကြောင့်မို့လဲ ထဲထဲဝင်ဝင် ပါဝင်ချင်ခဲ့တဲ့အတွက် စတီးမစ်ရဲ့ စည်းမျဉ်းစည်းကမ်းတွေကို အသေအချာ သိအောင် လေ့လာရတာလည်း စမ်းတဝါးဝါးမို့ အတော်လေးခက်ခဲပါတယ်။စစချင်းတုန်းက ဒီလို လွယ်ကု ရိုးရှင်းတဲ့introduce-yourself-post
အတွက်တောင် စရေးဖို့တစ်ပတ်လောက် အားယူခဲ့ရပါတယ်။
အဲ့ဒီ့အချိန်မှာပဲ MSC group အကြောင်းကို facebook ကနေစသိခဲ့လို့ မန်ဘာဝင်ဖြစ်ချင်တာနဲ့ အပူကပ်စရာလူ လိုက်ရှာကြည့်ခဲ့ပါတယ်။ အဲ့ဒီ့မှာ မိတ်ဆွေထဲက @donjuan ကိုဒွန့်ကိုသွားတွေ့တယ်။ ကိုဒွန်ကတော့ အားပေးတယ်။
IMG_20180625_171849.jpg

ကိုဒွန်ကပဲ စည်းကမ်းချက်တွေရှင်းပြတယ်။ ကိုယ်မသိသေးတဲ့ စတီးမစ်က အကြောင်းတွေကို သေချာရှင်းပြပေးခဲ့လို့ အတော်လေး အဆင်ပြေခဲ့ပါတယ်။ mood ဝင်မှ စာရေးတတ်တဲ့ ကိုယ် စာရေးတာတွေကျဲနေပြီဆိုရင်လည်း စေတနာထားပြီး တိုက်တွန်းခဲ့လို့ အားထည့်ရေးဖြစ်ခဲ့တာတွေလည်းရှိလို့ ကိုဒွန်ရေ ကျေးဇူးပါရှင်။ စတီးမစ်မှာ consistency ရှိအောင် အမြဲပို့စ်တင်နိုင်တဲ့ skill ကိုလည်း လေးစားရပါတယ်။ ကိုယ်ကတော့ စာရေးဖို့ mood မဝင်ရတာနဲ့ time management ညံ့လို့ မရေးနိုင်တဲ့ရက်တွေနဲ့ ခုထိ ခြောက်လသာကျော်လာတယ် ထင်သလောက်ခရီးပေါက်အောင် မလုပ်နိုင်ခဲ့ပါဘူး။

ဒါတောင် တခါတလေ steempowergroup1 ရဲ့ contest တွေမှာ ဝင်ရေးကြည့်ခဲ့ဖူးတာလေးတွေကို MSC leader ကြီးနဲ့ အခြားသော စီနီယာ အစ်ကိုအစ်မတွေဆီက ချီးမြှင့်တဲ့ upvote လေးတွေကြောင့်သာ ဒီနေ့ ဒီအခြေအနေလေးရောက်နေရတာမို့လို့ @steempowergroup1 သည်ုလည်း ကျေးဇူးတင်ရမယ့်အထဲမှာ ထိပ်ဆုံးက ပါပါတယ်။ အဲ့လိုနဲ့ တပိန်ပိန် တလိန်လိန်နဲ့ ခရီးဆက်လာရင်း ကိုဒွန်ကပဲ သတင်းကောင်းကို ယူဆောင်လာပေးပါတယ်။ အဲ့ဒါကတော့ MSC member ဖြစ်ပီဆိုတဲ့သတင်းပါပဲ။
17-20-51-happy-dreams-03.jpg
Crd-img-src
MSC ထဲရောက်ပြီဆိုတာနဲ့ ဘာကိုစခံစားမိသလဲဆိုတော့ အုပ်စုထဲဝင်ခွင့်ရသွားတဲ့ သင်းကွဲငှက်တစ်ကောင်လိုပါပဲ။အရမ်းကို နွေးထွေးစွာ ကြိုဆိုခဲ့ကြလို့လဲ တစ်ယောက်တည်း လေဆန်ကို ပျံသန်းနေရတဲ့ အချိန်နဲ့မတူတော့ဘဲ အုပ်စုနဲ့အတူတူ လေဟုန်စီးလိုက် ရှေ့က အားစိုက်ပျံသန်းရင်း လမ်းဖောက်သွားကြတဲ့ Leader များ ၊ စီနီယာများနောက်က အသာလေး မျှောလိုက်သွားလိုက် ရတဲ့ V-shape ပျံသန်းမှုထဲက ကြိုးကြာငှက်တစ်ကောင်လို သက်တောင့်သက်သာ ရှိလှပါတယ်။ တစ်ခုတော့ရှိတာပေါ့လေ အုပ်စုနဲ့ဆိုတော့ အုပ်စုစည်းကမ်းတော့ လိုက်နာသွားဖို့တော့ အရေးကြီးတာပေါ့။
16-47-34-flock-birds-v-shaped-flying-to-warmer-climes-44163960.jpg
Crd-img-src
စတီးမစ်သုံးစွဲသူတွေကို ငါးတွေနဲ့ ခိုင်းနှိုင်းကြသလို ခု ကိုယ်က ငှက်လေးတွေ အုပ်စုဖွဲ့ပျံသန်းနေတာ မြင်ပြီး ငှက်အုပ်စုနဲ့ ခိုင်းနှိုင်းမိနေပြန်ပါဘီ။ ဘယ်လိုပဲဖြစ်ဖြစ်ပါလေ စကားပုံလေးတောင် ရှိသေးတယ် မဟုတ်လား။
မြန်မြန်ရောက်ချင်ရင် တစ်ယောက်တည်းသွားပါ။ ဝေးဝေးရောက်ချင်ရင်တော့ အုပ်စုနဲ့သွားပါ ဆိုသလိုပေါ့။ ကိုယ်တို့တွေဟာ ရောက်နိုင်သမျှ ဝေးဝေးကို သွားကြမယ့် MSC ဆိုတဲ့ လှေတစ်စင်းတည်းကို စီးကြတဲ့ စတီးမစ် ခရီးသည်များပဲ ဖြစ်ကြတယ်မဟုတ်လား။ ဒါကြောင့် ဒီ MSC ဆိုတဲ့ လှေကြီးနဲ့အတူ တက်ကုန်ဖွင့် ရွက်စုံလွှင့်ကာ လိုရာပန်းတိုင် ကို အရောက်လှမ်းကြပါစို့လို့ ဒီနေရာကနေ ဆန္ဒပြုလိုက်ပါတယိ။
IMG_20180625_165158.jpg
Crd-img-src

ဆန္ဒမွန်ဖြင့်
@suhtetaung
MSC 264

Authors get paid when people like you upvote their post.
If you enjoyed what you read here, create your account today and start earning FREE STEEM!
Sort Order:  

‌ရောက်‌လာတဲ့ အသစ်‌‌တွေက အားလုံးဆရာကြီး‌တွေဘဲ။စာ‌ကောင်း‌ပေမွန်‌‌တွေ ဖတ်‌ရ‌တော့မှာမို့ ဝမ်းသာပါတယ်‌ ။အတူတူကြိုးစားကြတာ‌ပေါ့။

အို့အို ... အဲ့လို ချီးကျူးစကားပြောပေးတဲ့အတွက် အရမ်းကျေးဇူးတင်ပါတယ် ၊ ကြိုးစားသင်ယူနေဆဲမို့ အမှားတွေလည်း များနေဦးမှာမို့ သင်ပြပေးပါဦးလို့ ။

ကြိုးစားနေဆဲပါ

ဟုတ် ပြိုင်တူတွန်းလျှင် ရွေ့နိုင်ပါတယ်နော့  ..။

  ·  7 years ago (edited)

ခေါ်သံများ လောကကြီးနဲ့  တွေ့ ဆုံလိုက်တိုင်းကြားရတယ်
Going together !!!

ငါတို့သည် ထာဝရခရီးသည်များသာဖြစ်ကြသည်။ Helping Together !

အတူတူ လှောက်လှမ်းကြတာပေါ့ဗျာ အားမလေဖျာ့ကြေး 😊😊

အားလျှော့တဲ့အခါကြလည်း အားပေးပါဦးနော့  ...။ ^_^

Welcome Ma Su.
You have a nice writing skill.
And I really happy your are also member of MSC.
Unity is Strength.
Keep it up.

Thank you again Ko Don, I am just the beginner. But I'll try my best !

ဆက်​ကြိုးစားဆဲ

ဟုတ် ခရီးများအဆုံးထိ လျှောက်ကြစို့ ။

ကြိုးစားရမှာပေါ့ဗျာ

ဒါပေါ့ ဒါပေါ့ :)

နွေး​ထွေးစြွာုကိုဆိုပါတယ်​ အစ်​မ။

လှိုက်လှိုက်လှဲလှဲ ကျေးဇူးတင်ပါတယ်ရှင်။

အတူတူ သွာကြတာပေါ့ ညီမလေး😊warmly welcome😍

ချစ်တာ... <3 <3

အတူတူ ချီတက်ကြပါစို့😘😘😘

♫ ဟေးး ခရီးကြမ်းပါစေကွာ ဟေးးး ရှေ့ဆက်နေဦးမှာ ... အခက်အခဲတွေ ကြုံလည်း အားတင်းထားးး ♫
ဆိုတဲ့ myanmar idol theme song လေးလိုပေါ့နော့ ။ <3

စတီးမစ်​ကိုပရဟိတစိတ်​နဲ့သုံးတာ အ​ကောင်းဆုံးပါ

ဟုတ်တယ်နော်... အဓိပ္ပါယ်ရှိနေရောလေ.. အချိန်ပေးရကျိုးလည်း နပ်တယ်လို့ ခံစားရတယ်။

ကျွန်တော်တို့ အားလုံး အတူတကွ တက်ညီလက်ညီ ကြိုးစားသွားကြရအောင်ဗျာ။စာရေးတာလေးလည်း ကောင်းပါတယ်ခင်ဗျာ။ဝမ်းမြောက်ဝမ်းသာကြိုဆိုလျက်ပါ

အဲ့လို ကြိုဆိုပေးခဲ့လို့ ကျေးဇူးတင်ပါတယ် ။

အုပ်စုထဲရောက်သွားတဲ့ သင်းကွဲငှက် တစ်ကောင်လို ဆိုတဲ့စကားလေးကြိုက်တယ်

ကျေးဇူးပါရှင်..။ တကယ်ကို အဲ့လိုလေး ခံစားလိုက်ရလို့လေ။

အ​ရေးအသား​ကောင်းပြီးဖတ်​လို့​ကောင်းပါတယ်​...​ကောင်း​သောပိုစ့်​ပါ...အတူတူကြိုးစားကြတာ​ပေါ့....

ကျေးဇူးနော်... ကြိုးစားကြမယ်..

အရေးအသားလေးကောင်းပါတယ်နွေးထွေးစွာ ကြိုဆိုလျက်ပါ။

ဟုတ် ကျေးဇူးတင်ပါတယ် အစ်ကိုညီရေ

ရေးထားတဲ့ post လေး အလွန်ကြိုက်ပါတယ်ရှင်

ကျေးဇူးတင်ပါတယ်ရှင်...