တေးရေး - မန်းထွန်းမြ
တေးဆို - Smaller
VERSE
ဘုရားဖန်ဆင်းနေ့သစ်မှာ သခင့်ထံပါးတိုးဝင်ကာ
တရားစကားများ ဆင်ခြင် မျက်မှောက်မှာ မွေ့လျော်မည်
မွှေးကြိုင်သောယဇ် ပူဇော်ရင်း သခင့်မျက်နှာကို ရှာမည်
သွန်သင်ပါ နှုတ်ကပတ်စကားတော်မြတ်
CHORUS
ဘုရားကောင်းမြတ်ကြောင်း ရေတွက်ရင်း
ဂုဏ်တော်များကို မြွက်ဆိုနေမည်
သခင့်ကို ချီးမွမ်း၍ ကိုးကွယ်မည်
တရားတော်၌ အံ့ဘွယ်သောအရာများ
မြင်နိုင်မည့်အကြောင်း ဖွင့်ပြပါ
ဝိညာဉ်မျက်စိဖွင့်ပေးပါ