ဒီနေ့ super sunday လည်းဖြစ်
လခကလဲထုတ်လာခါစဆိုတော့ သားအဖနှစ်ယောက် ကြက်သားကြော်ပြီး စားကြမယ်လို့ စိတ်ကူးမိတယ်လေ
ဈေးကိုသွားပြီး ကြက်ပေါင် သွားဝယ်ပြီး ချဉ်ရည်တခွက်ချက်ဖို့ ပါဝယ်လာခဲ့ပါတယ် အဖေက ကြက်သားအသားမာရင် အသက်ကြီးတော့ မဝါးနိုင်မှာစိုးတာကြောင့် အသားနူးအောင် ပုံစံတမျိုးနဲ့ကြော်ဘို့ လဲစဉ်းစားထားပါတယ်
ကြက်သားကြော်ရာတွင်လိုအပ်သောပစ္စည်းများကတော့
ကြက်ပေါင် - ၅ချောင်း
ဆီ -၁၀ကျပ်သား
ဆားင ဟင်းခတ်အချိုမှုန့်  ငံပြာရည် အနည်းငယ်
ပျားရည်အနည်းငယ်
တို့ ဖြစ်ပါတယ်
ပထမဦးစွာ ကြက်ပေါင် ၅ချောင်းကို ဆား ဟင်းခတ်အချိုမှုန့်  ငံပြားရည် ပျားရည် အနည်းငယ်တို့ ဖြင့် နယ်ပါတယ်
နယ်ထားပြီးတဲ့ကြက်ပေါင်တွေကို ကြွပ်ကြွပ်အိတ်တွင် လုံအောင်ထည့်ပါ
ပိုပြီးလုံအောင် နောက်ထပ်ကြွပ်ကြွပ်အိတ်ဖြင့် ထုတ်ပါ
အချိန်တနာရီခန့် ထားပါ
ထိုသို့ ထားလျှင် ကြက်ပေါင်အသားများထဲသို့  အချိုအငံအရသာစိမ့်ဝင်စေပြီး အသားလဲပိုနူးပါတယ်
ဆိုင်တွေမှာရောင်းတဲ့ကြက်ကင်လို အရောင်လဲတူ အသားရောနူးပြီးတူတာကြောင့် အသားကင်စက်မရှိလဲ အိမ်မှာကြော်စားလို့ ရပြီပေါ့
တနာရီခန့် လုံအောင်ထုတ်ထားတဲ့ကြက်ပေါင်တွေကို ကြော်ရန်ကြွပ်ကြွပ်အိတ်မှ ထုတ်ပါ
ဒယ်အိုးတွင် ဆီကျက်အောင်ထည့်ပါ
ဆီကျက်လာရင် ကြက်ပေါင်များ ထည့်ကြော်ပါ
ကြက်ပေါင်လေးများ နီရဲလာရင် စားလို့ ရပါပြီရှင်
အကြွပ်စားချင်ရင်တော့ အချိန်အနည်းငယ်ထပ်ပြီးကြော်ပါ
ကျမက အကြွပ်မစားချင်လို့  အိုးချပီး ကြော်တာရပ်လိုက်ပါတယ်
ကြော်ပီးသားကြက်ပေါင်တွေကို ပုဂံပြားထဲသို့ မထည့်မှီ တစ်ရှုးစက္ကူအပါးခံထားပါတယ် ဒါကတော့ ကြက်ပေါင်ကြော်မှာကပ်နေတဲ့ဆီများကို တစ်ရှုးစက္ကူကစုပ်သွားအောင်ပါ
ဆီကြိုက်တဲ့သူများက ဒီအတိုင်းစားလဲရပါတယ်
ခါတိုင်းကြော်စားနေကျကြက်သားကြော်နဲ့ အရောင်မတူ အရသာမတူ အသားနူးတာလဲမတူပါဘူး
ကျမအဖေက ဆီသိပ်မစားရတော့ ဆီအနည်းနဲကြော်ပါတယ်
ဆီးများများထည့်ကြော်လဲရပါတယ် အကြွပ်ကြိုက်သူများအတွက် ဆီများတော့ပိုအဆင်ပြေတယ်လေ
steemit သူငယ်ချင်းများ ကြော်စားကြည့်ပါ
ကြော်စားရန်လဲ လွယ်ကူပါတယ်
steemit သူငယ်ချင်းများ အောင်မြင်စွာလျှောက်လှမ်းနိုင်ကြပါစေ
မင်္ဂလာအပေါင်းနဲ့ပြည့်ဝကြပါစေရှင်
အမှားနဲ့လိုအပ်ချက်များရှိရင်လည်း အကြံပေးပါ
ကျေးဇူးတင်ပါတယ်ရှင်
ကျွန်တော့အမြင်လေးအကြံပြုပါရစေချင်ဗျ ပလပ်စတစ်အိပ်တွေဟာအစားအသာထည့်ပီးပြုတယ်ဆိုရင် အန္တရယ်အရမ်းများပါတယ် အပူရှိန်ကြောင့်
ကြွပီးလွင့်စင်လာတဲ့ဓါတ်တွေဟာ အစားအစာကိုတန်းပီးစိမ့်ဝင်သွားမယ့်အတွက်ပိုပီးအန္တရယ်ရှိပါတယ် သက်ကြီးရွယ်အိုများ အတွက်နူးအိပီးအရာသာပိုမိုရှိစေချင်တယ်ဆိုရင်ဖျင့် ကြက်သားကိုအရင်ဆုံးအဆာဗလာသမအောင်နှယ်ပီး မိနစ် ၃၀ ခန့် ယင်လုံအောင်အုပ်ပီးလေသလပ်ထားပါ ပီးလျှင် ပြူတ်အိုးဖြင့်ခနတာပြူတ်၍ ဆီကိုမနှမျောဘဲ ကြက်သားမြူတ်အောင်ထည့်၍ ကြော်ချင်းဖြင့် ပိုမိုနူးညံ့ပီး အရသာကောင်းကောင်း ရရှိစေမှာဖြစ်ပါတယ်လို့အကြံပြူပေးပါရစေ ဆီမကြိုက်လျှင် ကြော်ပီး ဆီစစ်ထားချင်းဖြင့် ဆီးအန္တရယ်ကိုလည်းရှောင်ရှားနိုင်ပါတယ်ခင်ဗျ
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
ကျမတင်ထားတဲ့ချက်ြပုတ်နည်းစာကို သေချာဖတ်ပေးပါ
အသားကို ဆားအချိုငံနယ်ပီး ကြွပ်ကြွပ်အိပ်နဲ့ထုတ်ထားပါလို့ ရေးထားပါတယ် မကြော်ရသေးတဲ့အတွက်လည်း ဘယ်လိုပူနိုင်ပါ့မလဲ ပူနေတဲ့အစားအစာကို ပလစ်စတစ်မှာမထုတ်သင့်တာ အန္တရာယ်များတာလဲ ကျမသိပါတယ်
ကြော်ပီးသားအသားကိုလည်း ဆီစစ်ထားတာဟာ စက္ကူပါးတစ်ရှူးစပါ သေချာဖတ်ပေးစေလိုပါတယ်
စက္ကူပါးခံထားခြင်းဟာ ဘာအန္တရာယ်မှမဖြစ်နိုင်ဘူးလို့ ကျမထင်ပါတယ် ဝေဖန်အကြံပေးတာလဲကျေးဇူးပါရှင်
ရှင်ပြောသလို အပူကို ပလပ်စတစ်ဖြင့်ထုတ်ခြင်း ဆီစစ်ရာတွင်ပလပ်စတစ်သုံးခြင်း ကျမလုံးဝမပြုပါဘူး
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
ဟုတ်ကဲ့ ကျေးဇူးပါ နောင်ထပ်အမြင်လေးက ပိုစ့်ရေးရာမှာနည်းနည်းလေးမပြည့်စုံဘူးလို့ထင်ပါတယ် ပြောရရင်ဗျာ ပလပ်စတစ်အိပ်နဲ့လုံအောင်ထုတ်ထားပါ နောက်ထပ်ပလတ်စတစ်နဲ့ထပ်ပီးလုံအောင်ထုပ်ထားပါပြောပီး ထိုကဲ့သို့ထုတ်ထားခြင်းဟာ အသားကိုပိုမိုနူးအိစေပါတယ်ဆိုတော့ စာဖက်သူအတွက် အတွေးမှားသွားနိုင်ပါတယ် ဒါကြောင့်နောင်ပိုစ့်များတွင် သတိထားရေးပေးစေလိုကြောင်းအကြံပြုပေးပါရစေ
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
ကျွန်တော်ပေးလိုက်တဲ့အကြံပြူစာကြောင့်ဝမ်ုနည်းသွားတယ်ဆိုလို့စိတ်မကောင်းပါဘူး ကျွန်တော်ကလိုအပ်ချက်လေးကိုထောက်ပြမိတာပါ စိတ်မကောင်းမဖြစ်ပါနဲ့ပြောပါရစေ
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
လာစားပါအုံးမယ်
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
စားချင်စရာ
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
ကြော်စားကြည့်ပါလား
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
ကျေးဇူးတင်တယ်ဗျို့ ကြော်စားချင်တယ် ဒါပေမယ့်ကြော်တတ်ဘူး ကြက်ဥပြုတ်တာထောင် တူးတယ် ပြုတ်ထားတာမေ့သွားလို့
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
နောက်တလ လစာထုတ်ရင် ကြော်ကျွေးပါ့မယ်ရှင်
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
Now i got hungry!!
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
if you hungry you will buy now :P
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
good...
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
thanks
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
မီးဖိုချောင်ကလဲ စတီးမစ် အတွက် အသုံးဝင်တာပဲဗျနော်။ အားပေးနေတယ်။
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
အဲ့လိုတေချက်မှကြော်မှ good တာ
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
အေးပါကွာ
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
စားကောင်းမဲ့သဘောလေးပါလားဟဲ့…
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
Wow!
It looks yummy!
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
Yummy!
Wana eat
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit