လမ်းမမှားကြပါနဲ့
ဒီတစ်ခါ လူငယ်တွေအတွက်ရေးထားပေးခြင်းဖြစ်ပါတယ်။အားလုံးဖတ်ပြီး မိမိအတွက်အကျိုးရှိမယ်ဆိုရင် မျှဝေပေးကြပါ။
လူတစ်ယောက် လမ်းမီးတိုင်အောက်မှာ ဒူးထောက်ပြီးတစ်ခုခုရှာနေတယ်။ထိုအချိန်မှာ လမ်းဖြတ်သွားတဲ့ လူက ခင်ဗျာဘာရှာနေတာလည်း မေးတော့ ပထမလူက သော့ပျာက်လို့ရှာနေတာလို့ပြောပြလိုက်တယ်။ဒါကိုဒုတိယလူက ကျွန်တော်လည်း ဝိုင်းကူရှာပေးမယ်လို့ ပြန်ပြောတယ်။သို့သော်အချိန်ကြာကြာရှာသောလည်း ပျောက်ဆုံးနေတဲ့သော့ကိုမတွေ့ဘဲ ဖြစ်နေတာပေါ့။ထိုအခါ ဒုတိယလူက ပထမလူကို ခင်ဗျာ သော့က ဘယ်မှာပျောက်တာလည်း မေးလိုက်တော့ အိမ်မှာ ပျောက်တာလို့ ပထမလူက ပြန်ဖြေတယ်။အိမ်မှာပျောက်တဲ့သော့ကို အိမ်မှာမရှာဘဲ လမ်းမှာ ဘာကြောင့်ရှာတာလည်းဗျာလို့ ဒုတိယလူက ထပ်မေးလိုက်တော့ ပထမလူက ဘာပြန်ပြောလည်း ထင်သလဲ။
မီးတိုင်အောက်မှာက ပိုလင်းလို့တဲ့လေ။ခုလိုဘဲကျွန်တော်တို့တွေက ပျောက်တာတစ်ခြား ရှာနေတာက တစ်နေရာတွေ ဖြစ်နေကြတယ်။ပျောက်တာက သာယာအေးချမ်းတဲ့မိသားစု ရှာနေတာက ငွေကြေးများဖြစ်ကြတယ်။ကိုယ်ရှာနေတာက မိတ်ဆွေတွေနဲ့သာယာပျော်ရွှင်ခဲ့တဲ့အချိန် ကိုယ်အချိန်ပေးဖြစ်နေတာက စီးပွားရေး၊နောက်ကိုယပျောက်နေတာက ကျန်းမားရေး တကယ်ရှာတွေ့တာက တစ်ခြား ဒါကြောင့် ပိုလင်းတဲ့နေရာမှာရှာနေပြီး ကိုယ်ပျောက်ဆုံးတဲ့နေရာမဟုတ်ရင်တော့ ဘယ်လောက်ဘဲရှာရှာမတွေ့နိင်သလို့ မိမိ ဟာ အလင်းရောင်အကြောင်း ဘာမှမသိသေးဘူးဆိုတာ ထင်ရှားနေပါပြီး။ပိုလင်းတဲ့နေရာတိုင်းလည်း ရှာဖွေလို့မရပါဘူးနော်။
ခုလိုမိမိဟာ ရှာနေရင်တော့ ရပ်လိုက်ပါ ။မောပါတယ်။ကိုယ်ဘာသာ ပြန်ပြီးစဉ်းစားဖို့လို့သောကြောင့်ဖြစ်သည်။မိမိပျောက်ဆုံးတဲ့နေရာမှာ မရှာဘဲ တစ်ခြားနေရာမှာရှာသောကြောင့်ထိုပျောက်ဆုံးနေသောအရာကို ဘယ်တော့မှ တွေ့နိင်မယ်မဟုတ်ပါ။မိမိရှာဖွေနေတဲ့အရာ၊လိုချင်တဲ့အရာဟာ အောင်မြင်မှုလား၊သာယာမှုလား၊ပျော်ရွှင်မှုလား၊ကျန်းမာရေးလားဆိုတာ သိဖို့လိုတယ်နော်။ကျန်းမာရေးဆိုတာကို ပြောချင်သေးတယ်။လူတိုင်းလူတိုင်းဟာ ကျန်းမာရေးဆို မိမိတို့ရဲ့ကိုယ်ခန္ဓာ ကျန်းမာရေးကို အရင်မြင်တတ်ကြတယ်။ကျန်းမာရေးဆိုတာ ကိုယ်ခန္ဓာတင်မဟုတ် စိတ်ကျန်းမာရေး၊စိတ်ခံစားမှုကျန်းမာရေးတွေလည်းပါတယ်နော်။
ငယ်ငယ်က စာပေဟောပြောပွဲတစ်ခုမှာ ဆရာကြီးဦးအောင်သင်းပြောတဲ့စကားလေးကိုအမှတ်ရမိပါတယ်။ဆရာကြီးက ဘာပြောသလဲဆို လူငယ်တွေအောင်မြင်ချင်သလားတဲ့။လူငယ်တွေအောင်မြင်ချင်ရင် မသေအောင်လုပ်တဲ့လေဗျာ။မိမိကျန်းမာသ၍ မသေသမျှကာလပတ်လုံး အောင်မြင်မှုပန်းတိုင်ကို အရောက်လှမ်းနိင်လို့ရပါတယ်။ကျန်းမာခြင်းသည် လာဘ်ကြီးတစ်ပါးဆိုတာရှိတယ်နော်။ဒါကြောင့်လိုက်နာကြပါကွယ်။
စိတ်ကျန်းမာရေးကိုလည်း ဂရုပြုရပါမယ်။မိမိတို့ကိုယ်ခန္ဓာကို ကျန်းမာဖို့အတွက် အစားကျွေးရပါတယ်။ဒါမှလည်း ကျန်းမာပြီးအလုပ်လုပ်နိင်ပါလိမ့်မယ်။ခုလိုကိုယ်ခန္ဓာကိုအစာမှန်မှန်ကျွေးတာတောင် ဖျားနာသေးတယ်လေ။ဒါဆို စိတ်ကိုရော မိမိတို့အနေနဲ့ အစားမကျွေးချင်ဘူးလား။တစ်ချို့က ပြောပါလိမ့်မယ်။စိတ်ကိုအစားကျွေးလို့ရသလားလို့ မေးပါလိမ့်မယ်။ဒါဆို တစ်ခုထဲဖြေလိုက်ပါ။ဟုတ်ပါတယ် စိတ်ကိုအစားကျွေးဖို့ စာဖတ်ရပါမယ်။စိတ်ကျန်းမာဖို့ စာဖတ်များများဖတ်ရပါမယ်။စာများများမဖတ်ရင် စိတ်ကျန်းမာရေးချို့ယွင်းလာပါလိမ့်မယ်။စိတ်ဓာတ်ကျရောဂါရလာပြီး အောင်မြင်မှုပန်းတိုင်းကိုရောက်ဖို့မထင်ပါနဲ့။ဒါကြောင့် စိတ်ကျန်းမာရေးကို ကျန်းမာရေးအုပ်စုထဲမှာပါသောကြောင့် ဂရုစိုက်ကြပါ။
နောက်မိမိတစ်လယ်ဆက်ရှာဖွေနေတာကိုရပ်လိုက်ပြီး စဉ်းစားပါ။ငါဘယ်အရာကို ရှာဖွေနေတာလဲ ဘယ်အရာက မိမိအတွက်ပျောက်ဆုံးနေတာလဲ၊ဘယ်အရာက ငါပျောက်ဆုံးနေပြီး တလယ်ဆက်အချိန်ပေးရှာဖွေနေတာလဲ။စီပွားရေး ကျန်းမာရေး အောင်မြင်ရေး တိုးတတ်ရေး သာယာရေး မိတ်ဆွေစစ်၊ပရဟိတ စသောအရာတွေပေါ့။ထိုအရာတွေမှာ ငါဘယ်အပိုင်းမှာအားသာနေပြီး ဘယ်အပိုင်းက အားနည်းနေသလဲဆိုတာ ကြည့်ပါ။လိုအပ်ချက်ရှိတဲ့နေရာတွေကို အားဖြည့်ပါ။
ဒီစာလေးဖတ်ပြီး မိမိအတွက်အကျိုးရှိရင် မျှဝေပေးပါဝအသိပညာရကြပါစေ။
အစဉ်ကြိုးစားလျက်
Author tunnaingwin
26/3/2018
12:00am
တကယ်ကောင်းတဲ့ postလေးပါ
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
Nice post my friend.
သူ့နေရာနဲ့သူရှာဖွေတက်ဖို့အရေးကြီးတယ်လို့ထင်ပါတယ်။
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit