မီးမပြတ်ပါစေနဲ့...!

in myanmar •  7 years ago 

အားလုံးပဲ မင်္ဂလာအပေါင်းနဲ့ပြည့်စုံကြပါစေလို့ ပြောကြားရင်း..
မနေ့ညဘက်က ရန်ကုန်မှာမိုးတွေရွာမလိုနဲ့ လျှပ်စီးတွေလက်.. မိုးတွေခြိမ်းပြီးခဏကြာတော့ လေတွေတိုက်လာတာ လေတအားကြမ်းသွားတယ်။
image
Crd-org-source
လေလည်းကြမ်းရော လျှပ်စစ်မီး ပြတ်ပီပေါ့။တို့မြန်မာပြည် လျပ်စစ်မီးက ဒီလိုပါပဲလား။ဒီလိုလေတိုက်လို့မှ မီးမပြတ်ရင် သိပ္ပံပညာရှင်များရဲ့ formula တွေ အကုန်လွဲကုန်မှာပေါ့။ဒါပေမယ် ဟောကိန်းထုတ်ထားတာလေး ကြားဖူးသလိုပဲ လေပြင်းတိုက်လို့မှ မီးမပြတ်ရင် ဘုရားပွင်မှာပေါ့တဲ့။အဲဒီအချိန်ဆိုရင်တော့ လျပ်စစ်မီး မပြတ်ဘူးဆိုတဲ့သဘောနဲ့တူတယ်။အော် ကျွန်တော်ကတော့ သတိရတာလေးတစ်ခုရှိတယ်။ကျွန်တော်တို့ဆီက လျှပ်စစ်မီးကြိုးတွေက များသောအားဖြင့် သစ်ပင်တွေနဲ့နီးကပ်လွန်းပြီး တစ်ချို့နေရာတွေဆို လိုင်းကြိုးအောက်တွေမှာသစ်ပင်တွေကြီးပဲလေ။အဲဒီလိုဆိုတော့ ပုံမှန်လေထက် ပိုကြမ်းလိုက်တာနဲ့ line fault ဖြစ်ပြီး မီးပြတ်တော့တာပဲ။
image
Crd-org-source
အကောင်းဘက်က ကြည့်မယ်ဆိုရင်တော့ line မှာတပ်ဆင်ထားတဲ့ safety breaker ဒါမှမဟုတ် earth fault breaker တွေကောင်းလို့ ဒီလို မီး အော်တို (auto-cut)ဖြတ်ပေးပြီးမီးပြတ်တာလေ။ဒီလိုမှမဟုတ်ရင် မီးဘယ်ပြတ်တော့မလဲ။သူက အန္တရာယ်ကိုကြိုတင်ကာကွယ်ပေးထားတာလေ ဘယ်လောက်ကောင်းသလဲ... စဉ်းစားကြည့်ပေါ့။ဒီလိုမျိုးလေတိုက်တာနဲ့မီးမပြတ်စေချင်ရင်တော့ တစ်နိုင်ငံလုံး အခုနောက်ပိုင်းမှာ လိုက်လံတပ်ဆင်နေသော plastic cover ပါတဲ့ power လိုင်းကြိုးတွေအားလုံး လဲလှယ်ပြီးသွားတဲ့အခါ လေတိုက်လည်း မီးမပြတ်နိုင်တော့ပါကြောင်း.. အဲဒီအချိန်လေးအားစိတ်ကူးယဉ်ပြီး မျှော်လင့်မိပါကြောင်း အတွေးလေးဖြစ်ခဲ့ရပါတော့သည်။
မြန်မာ့စတီးမစ်မိစားစုများအားလုံး ကျန်းမာ ချမ်းသာ ပျော်ရွှင်ကြပါစေလို့
ဆုမွန်ကောင်းတောင်းလျက်
@uthantzin
MSC-211

Authors get paid when people like you upvote their post.
If you enjoyed what you read here, create your account today and start earning FREE STEEM!
Sort Order:  

အော် အခုမှဘဲရှင်းသွားပါတယ်ဗျ

ဟဲဟဲ မရှင်းလို့မရဘူး မြန်မာပြည်မှာနေကြတာဆိုတော့ ဒီလိုရှင်းရှင်းလင်းလင်းသိမှကိုဖြစ်မယ်။

you received an up vote from danlupi with voting power of 42.50%. Estimated dollar amount of $3.0

Thank you so much,sir.

အဟုတ်ပဲနော်😂😂😂

အမှန်ပဲပေါ့ဗျာ။

မီးမပျက်တော့မဲ့နေ့ကို မျှော်လင့်လျှက်

လာမည် မကြာမီ မျှော်>>>>>>>

မီးပျက်​တာနဲ့​လေတိုက်​တာဆက်​စပ်​မှုကိုခုမှသိ​တော့တယ်​😊😊

ဟုတ်ပါ့ဗျာ ကျွန်တော်တို့ရဲ့ formula ပဲလေ။

ဟုတယ်​ဗျာ ​လေကြီးမိုးကြီးကျရင်​​တော့ အန္တရယ်​များတယ်
ဖြတ်​ထားရင်​ အန္တရယ်​ ကင်းတာ​ပေါ့ဗျာ

ဒါလည်း တစ်မျိုးမှန်တာပဲလေ။အကောင်းဘက်ကကြည့်ကြတာပေါ့ဗျာ။

  ·  7 years ago (edited)

တနိုင်ငံလုံးပြတ်တယ်ညည်းနေကြတာ မန်းလေးမှာပိုပူတော့ မီးမလာတာစိတ်ပျက်စရာဖြစ်နေတယ်
ဘရိတ်ကာကိုကျေးဇူးတင်လွန်းတယ် ဟီးး

ဟုတ်တယ်ဗျာ သီးခံပြီးအဆင်ပြေအောင်နေရတာပေါ့။

ဟေး. .. ခေး ဘုတ်တာ.. 0.01 ထွက်တေကွ😂😂😂ပျော်လက်တာ . သလားဥဥ. ကံကောင်းတေဟ😂😂

ဟုတ် ကျေးဇူးတင်ပါတယ်ချစ်ဆုံးရယ်