ကျွန်တော်တို့ လူသားတွေ ဒီကမ္ဘာမြေပေါ် ရှင်သန်နေထိုင်လာကြတာ နှစ်ပေါင်းမနည်း တော့ပါဘူး တစ်ဖြည်းဖြည်းလူသားတွေများပြားလာတာနဲ့ အမျှ မေတ္တာတရားတွေ နှလုံး သားတွေဟာလည်း ပျောက်ဆုံးချို့ တဲ့လာ ကြပါပြီ လူတိုင်းတော့မဟုတ်ကြဘူးပေါ့ တစ် ဖြည်းဖြည်းလျော့နည်း လာကြတာပါ အတုအလိမ်တွေ ပေါများလာပြီး လူလူချင်း လှည့် စားလာကြတာတွေ နေရာ အနှံ့ အပြားမှာ တွေ့ မြင်လာကြရပါတယ် ကိုယ့်နိုင်ငံပဲလား ဆို တော့လည်း မဟုတ်ပါဘူး နိုင်ငံတိုင်းလိုလိုမှာ ဖြစ်ပျက်နေကြတာပါ ကိုယ့်နိုင်ငံက တော် သေးတယ်လို့ လည်း ပြောနိုင်ပါသေးတယ် ဒါပေမယ့်လည်း ကိုယ့်နိုင်ငံမှာတင် တစ်နေ့  တစ်နေ့ မြင်ရကြားရတွေ့ ရတာတွေဟာ တစ်ခါတစ်ရံမှာ ကိုယ့်နားကို မယုံနိုင်စရာကောင်း လောက်အောင် ဖြစ်စေနိုင်ပါတယ် ခိုးဆိုးလုနှိုက်သတင်းတွေ မတရားသော မမျှတသော သတင်းတွေ စိတ်မခံသာနိုင်တဲ့သတင်းတွေ စသဖြင့် ဒုနဲ့ ဒေးပါပဲဗျာ
တစ်ချို့ သောလူတွေများဆိုရင် မြေဂရန်အတုတွေ ပါမစ်အတုတွေနဲ့ စနစ်တကျ အကွက် ကျကျ လိမ်လည်ကြတယ် မြေလွတ် မြေရိုင်းတွေ တစ်ကယ့်ချုံထူတဲ့မြေကွက်လပ်တွေ ကို ကိုယ်လည်း မပိုင်ပါပဲနဲ့ စာရွက်စာတမ်းအတုတွေ သေချာလုပ်ပြီး လက်ရှိပေါက်ဈေး ထက် လျော့ရောင်းကြတယ် စရံငွေတွေကြိုထုတ်ယူပြီး ထွက်ပြေးသွားကြတယ် တစ်က ယ့် ပိုင်ရှင်အမှန်နဲ့ တွေ့ တော့ ပြဿနာတွေတက်ကြပြီး အမှုတွေဖြစ်ကြ ရှင်းကြရတယ် ကြားထဲက လိမ်တဲ့သူက အမြတ်ထွက်တာပေါ့လေ မြန်မာလူမျိုးအချင်းချင်း လိမ်ညာပြီး စားသောက်တဲ့လူတွေကြောင့် တစ်ကယ့်မေတ္တာ နှလုံးသားတွေပျောက်ဆုံးလာကြရတယ် တစ်ကယ်စစ်မှန်တဲ့မိတ်ဆွေတွေနဲ့ လက်တွဲလုပ်ကိုင်နိုင်ဖို့ အလွယ်တကူ ယုံကြည်နိုင်ဖို့ ဆို တာ အခုခေတ် အနေအထားမှာ တော်တော်ရှားပါးလာပါပြီ အစစအရာရာ သတိနဲ့ နေထိုင် မှသာ အဆင်ပြေနိုင်တော့မှာပါ တစ်ခါတစ်ရံ လူလိမ်တွေဟာ တစ်ကယ့်ရိုးသားတဲ့ သူတွေ အပေါ်မှာလည်းအနိုင်ယူပြီး လိမ်လည်တာနေမျိုးရှိပါသေးတယ် ပြီးခဲ့တဲ့အပါတ်ထဲက မြဝတီသတင်းစာမှာ ဖတ်မိတာလေးကို ပြောပြလိုပါတယ်
အညာဘက်ကနေ မြို့ ကို မီးသွေးပို့ တဲ့လုပ်ငန်းနဲ့ အသက်မွေးဝမ်း ကျောင်းနေတဲ့ လူတစ် ယောက်(____)ဖြစ်ပါတယ် သူဟာတရားဝင် မျောစာနဲ့ ခွင့်ပြုချက်ရလို့  ရထားနဲ့ ဖြစ်စေ ကားနဲ့ ဖြစ်စေ မီးသွေးဖြန့် ဖြူးပို့ ဆောင်နေတာပါ ဒါကိုမြင်တဲ့ လူလိမ်အုပ်စု (လူလေး ယောက်)ဟာ သူ့ ဆီက အကျိုးအမြတ်လိုချင်တော့ သူ့ ကိုလိမ်လည်ဖို့ ကြိုးစားကြတယ် သူတို့ အညာမြို့ မှာတော့ အကြောင်းသိတဲ့သူတွေကတော့ လူလိမ်အုပ်စုကို ရှောင်ကြတာ ပေါ့ တစ်နေ့ မှာ လူလိမ်အုပ်စုက သူ့ လုပ်ငန်းကို "တာဝန်အရ စစ်ဆေးပါမယ် သူတို့ ဟာ ရဲအထူးစုံစမ်းစစ်ဆေးအဖွဲ့ ပါ မြို့ နယ်ရဲတွေထက် ပိုအရေးပါတယ် ရှောင်တခင် တာဝန်အ ရစစ်ဆေးရတာပါ ဘယ်အဖွဲ့ အစည်းကိုမှ အခုလိုစစ်တာကို အခုအချိန်မှာ ထုတ်ဖော်မ ပြောဆိုရဘူး "ဆိုပြီး မီးသွေးအလုပ်အကြောင်း မေးမြန်းတယ် "ဒီအလုပ်ဟာ အမှန်တော့ တရားမဝင်ကြောင်း ခွင့်ပြုမျောစာဆိုတာကလည်း မထိရောက်ကြောင်း "အမျိုးမျိုး နား ဝင်အောင်ပြောဆိုပြီး နောက်ဆုံး သူတို့ အဖွဲ့ ကို တစ်လဆောင်ရွက်ခ(လိုင်းကြေးသဘော) ငါးသောင်းကျပ် (50000) ပေးရင် မီးသွေးပို့ ဆောင်မှုအတွက်စိတ်အေးရမယ် ဖြစ် ကြောင်းပြောဆိုပြန်တယ် ရိုးသားတဲ့အညာသားကလည်း အယုံလွယ်ပြီး ငါးသောင်းကျပ် (50000 )ထုတ်ပေးလိုက်တယ် ဒီလိုနဲ့  နောက်တစ်ပတ်လောက်အကြာ အညာသားလည်း မီးသွေးတွေပို့ ပြီး အပြန်ရထားဂိတ်နားက လက်ဖက်ရည်ဆိုင်မှာ သူ့ အသိတစ်ယောက်နဲ့ ထိုင်စကားပြောနေတုန်း အခုနလူလိမ် အုပ်စုက ရောက်လာပြီး သူတို့ အရေးပေါ်ကိစ္စ အတွက် ငွေလိုနေလို့ ပါ နောက်လတွေ လာမတောင်းဘူး ဆိုပြီး တစ်သိန်းငါးသောင်းကျပ် (150000) တောင်းတယ် အညာသားကလည်း အိတ်ထဲမီးသွေးဖိုး ရောင်းထားငွေကရှိ နေတော့ အလွယ်တကူ ထုတ်ပေးလိုက်တယ် ဒါကို မြင်တဲ့ သူ့ သူငယ်ချင်းကနားမလည်စွာ နဲ့ ပဲ မေးတော့ အညာသားကလည်း အကုန်ပြောပြလိုက်တယ် အဲ့ဒီတော့မှ ဒီအဖွဲ့ ဟာ အခု လိုပဲ လိမ်လည်လုပ်စားနေတာဆိုပြီး ပြောပြလိုက်တော့ အညာသားခဗျာ သက်ဆိုင်ရာကို တိုင်တန်းအကြောင်းကြားလိုက်ရပါတော့တယ် တစ်ကယ်လည်း သူတို့ အဖွဲ့ ဟာ အားနာ ရိုးသားပြီး မသိနားမလည်တဲ့သူတွေအပေါ် မရှက်မကြောက် လိမ် လည်လုပ်စားနေကြတာ ပါ အားလုံးအတွက် သတိထားဆင်ခြင်ဖွယ်ဖြစ်ရပ်လေးပါပဲ
အခုဆိုရင် ကျွန်တော်တို့ နေရာဒေသတော်တော်များများမှာ မကြားမဝံ့သာ အကြောင်း အရာတွေလည်း ကြားနေကြရပါတယ် မမြင်မဝံ့သာ ကိစ္စရပ်တွေလည်း သိမြင်နေကြရပါ တယ် သတင်းစာ မှုခင်း စာစောင်တွေသာမကပဲ Facebook မှာပါ အလွယ်တကူ ကြည့် မြင်သိရှိလာနိုင်တော့ မြင်ရ ကြားရ တွေ့ ရတာတွေဟာ မရိုးနိုင်ပဲ မေတ္တာတရားကင်းမဲ့ပြီး လူမဆန်တာ တွေအများကြီးကြောင့် သန့် စင်တဲ့နှလုံးသားပိုင်ရှင် လူသားတွေလျော့နည်း လာတယ် စာနာနားလည်တတ်တဲ့နှလုံးသားတွေလည်းပျောက်ဆုံးလာကြရတယ်ဆိုတာကို ပြော ကြားရင်း အဆုံးသတ်ပါတယ်ခင်ဗျ
MSCး 234
Author >>> Winko (Maun Mou Nja)
ငွေမျက်နာပဲကြည့်ပြီး ကိုယ်ချင်းမစာကြတော့ဘူး
Posted using Partiko Android
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
ဟုတ်တယ် ကိုလွှမ်းရေ လောဘသားကောင်တွေပေါ့ဗျာ
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
ဂျူးပြောသလို ရုပ်ဝတ္တုတွေတိုးတက်သလောက် စိတ်ပိုင်းဆိုင်ရာမှာ ပြောင်းပြန်အချိုးနဲ့နိမ့်ကျသွားရင်ဒုက္ခ
Posted using Partiko Android
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
အခုလည်း နေရာတော်တော်များများ လူတိုင်းလိုလိုနီးပါး
အချိုးကျနေသလိုပါပဲဗျာ
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
အပြင်မှာတောင်မယုံရတာ လိုင်းပေါ် မှာတော့ပိုဆိုးရော့
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
ဟုတ်တယ် ဦးယု Online ဆို ပိုဆိုးတယ်
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
ငွေ ငွေ သင်းကြောင့် နှလုံးသားတွေ မာကြောခဲ့ရပြီကော
Posted using Partiko Android
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
ငွေဟာ Second God ဖြစ်နေရပါပြီကော broရေ
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
တစ်ချို့က လိမ်နိုင်တာကို ဂုဏ်ယူစရာလို မြင်နေကြတာ။ စိတ်မကောင်းစရာတွေပေါ့ညီရာ။
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
ဟုတ်တယ်အကိုရေ လိမ်နိုင်မှ ပညာရှိ ညာနိုင်မှ သမာဓိဆိုပြီးတောင် ဂုဏ်ယူနေကြသေးတာ
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
လိမ်တာ ညာတာ ရှက်စရာပါ သို့သော် fb ကြည့်တိုင်း စုမဲတေ လိမ်ပြေးတာ ငွေလိမ်ပြေးတာ စုံနေတာပါပဲလေ😔
Posted using Partiko Android
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
ဟုတ်တယ်အမကြည်ရေ Fb ကြည့်ရင် လိမ်တာတွေ ပို သိသာမြင်သာကြပါတယ်
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
အယ်လဲ့!
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
ဟုတ်ပါတယ် တဖြည်းဖြည်းနဲ့ မေတ္တာတရားတွေ ကိုယ်ချင်းစာစိတ်တွေ လျော့နည်းလာတာ သေချာပါတယ်ခင်ဗျာ။ရည်ရွယ်ချက်ကောင်းမွန်သော post လေးပါခင်ဗျာ။
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
နှလုံးသားတွေဟာ အလိမ်အညာတွေ စွန်းထင်းနေကြပြီလေ ကျေးဇူးပါ အကိုသန့် ရေ
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
လူတွေက လူသားမဆန်ကြတော့တာတွေ နော်။
Posted using Partiko Android
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
ဟုတ်တယ် အမရေ အတ္တဆန်ဆန်တွေ မိုက်ရူးရဲတွေ ဖြစ်လာကြရပြီလေ
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
အခုခေတ်မှာတော့ကြားရမြင်ရတာအစုံပါဘဲ...မတရားတာတွေ...လိမ်လည်မှုတွေ...
Posted using Partiko Android
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
ဟုတ်တယ် အမ Fb ဖွင့်တာနဲ့  ကိုယ့်စိတ်ကို မခံမရပ်စရာ တစ်ခုခုကတော့ ပေးပြီးသားပဲ
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
ဟုတ်တယ်...တခါတခါfbသုံးရစိတ်မသက်သာဘူး...စိတ်မကောင်းစရာဖြစ်ရပ်ကြားရ၊တွေ့ရတော့လေ...
Posted using Partiko Android
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
မနက်အစောကို Fbမဖွင့်ရဲဘူး အကုသိုလ်ဖြစ်မှာစိုးလို့
Posted using Partiko Android
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
ဟီး ဟုတ်တယ် အမရေ တစ်နေ့ တစ်မျိုး မရိုးရတဲ့ အကြောင်းတွေ Fb တောင်ဖွင့်ဖို့ မဝံ့ရဲဘူး
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
Great post. It doesn't seem like you are getting the likes it deserves though. Have you checked out the upvote communities? You should check out steemengine. or steemfollower.com.
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
Thank u much . But it is original writting of mine.Don't worry upon this post.
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit