နွေရင့်နှင်းစက် ၎
Original image source
" ဉာဥ့်နက်နေပြီလေ...မနက် အလုပ်သွားရအုံးမှာနဲ့ .."
"အင်းပါ.."
ယုယ လေးကန်စွာ ထရပ်လိုက်ပေမယ့် အိပ်ချင်စိတ်တော့မရှိသေး.။နဒီက သက်ပြင်းချကာ အခန်းထဲ ဝင်သွားတာမို့ သူမလည်း ထရပ်လိုက်ခြင်းပါ..
" တီ...တူ....တီ..တူ...."
ဖုန်းဝင်လာတာမို့ ဒီအတိုင်းပဲ နံပါတ်ကို ကြည့်မနေပဲ...
" အမိန့်ရှိပါ...ယုယပြောနေပါတယ်.."
" ယုယ.."
" ဟင်..."
သူမအသိစိတ်ထဲမှာ ဇဝေဇဝါနှင့်.။ ဒီအသံကို ကြားဖူးသလို ထင်မိပေမယ့် ဘယ်သူမှန်းတော့ မသိ..ဒီအသံကို ရင်းနှီးမနေတာတော့ သေချာနေလေသည်။
" ကျွန်တော့ကို ယုယ သိချင်မှ သိမှာပါ..ဒါပေမယ့် ကျွန်တော်က ယုယကို သိပါတယ်.."
သူမစိတ်ထဲ အလိုမကျဖြစ်သွားမိသည်။
"ရှင်က ဘယ်သူလဲ .."
စိတ်ရဲ့အလိုမကျတွေ ရောစွက်နေသည့်အသံတချို့ ပါသွားခဲ့သည့် မေးခွန်း..
"ကျွန်တော့ကို ရှိုင်းလို့ပဲ သိထားလိုက်ပါ..ကျွန်တော်နဲ့ ယုယ တွေ့ခွင့်တွေလည်း ရှိလာအုံးမှာပါ.. အခုကျွန်တော် ပြောချင်တာက ဘယ်အရာအတွက်ကိုမှ စိတ်ကို နစ်မြောမထားပါနဲ့။သိပ်ပြီးမှလည် မခံစားပါနဲ့လို့ပဲ သတိပေးချင်တာပါ.."
" ရှင်..ရှင်က ဘယ်သူလဲ..ဘယ်ကလဲ..ကျွန်မကို..ဘာလို့ အဲ့ဒီလို ပြောရတာလဲ.."
စိုးရွံ့ထိတ်လန့်မှုများနှင့် သူမ၏ အသံတွေ တုန်ခါနေခဲ့သည်။တဖက်က စက္ကန့်အနည်းငယ်မျှ တိတ်ဆိတ်နေခဲ့ပြီးမှ...သက်ပြင်းသဲ့သဲ့နဲ့အတူ
" ယုယအကြောင်း သိနေသူတစ်ယောက်ပဲ ဆိုပါတော့ဗျာ။ ဒါပေမယ့် ယုယတစ်ခုသိထားရမှာက ကျွန်တော်က ယုယအတွက် မိတ်ဆွေကောင်း တစ်ယောက် ဖြစ်နေတယ် ဆိုတာပါပဲ။ဘာကြောင့်လဲဆိုတော့ ယုယဒုက္ခရောက်မယ့် အလုပ်တွေကို ကျွန်တော် ဘယ်တော့မှ မလုပ်ဘူးဆိုတာ ကျွန်တော် အာမခံနေလို့ပါပဲ..."
"ဟား....ဟား...ဟား...."
သူမ ခြောက်ကပ်ကပ်လှောင်ရယ်ပစ်လိုက်ပြီး
" တချို့စကားလုံးတွေက ရူးသွပ်ရာကျလွန်းတယ်ဆိုတာ ရှင်မမေ့သင့်ဘူး။ပြီးတော့ ကျွန်မက လူတိုင်းကိုလည်း မယုံကြည်တတ်ဘူး။ရှင်မိတ်ဆွေရွေးတာ မှားနေပြီ...ဆောရီး "
သူမဖက်က ဦးအောင်ဖုန်းချပြီး စက်ပိတ်ကာ အံကိုကြိတ်ပြီး ဖုန်းကို လက်ထဲမှာ ကျစ်ကျစ်ပါအောင် ဆုပ်ထားလိုက်မိသည်။
ထင်မင်းလတ်....
သူမ၏ နာကျင်ဖွယ် ဟစ်သံတွေ လောင်မြှိုက်နေခဲ့သော အသိစိတ်ထဲက အမည်နာမတစ်ခုကို ကျိန်စာရဲရဲလို ရွတ်ဆိုလိုက်မိသည်...။
Original image source
ဂယက်တို့ ထင်ထားတာထက် ငြိမ်သက်ပြီးသွားပြီးလျှင် မခံနိုင်လောက်အောင် ပြန်လည် ပေါက်ကွဲလေသည်..ရေပိုက်ကို တိုးခွင်းထွက်ပေါ်လာသော ရေပွားများကဲ့သို့ပင်။ထိုအချိန်သို့ ရောက်တိုင်း သူမ ကြောက်သည်။ ထိုအချိန်မျိုး ရောင်လာမှာလည်း ကြောက်သည်။
ဒီကြားထဲတွင် မကြာခဏ ကြားနေကျ ဖုန်းဆက်သူဆီကနေ မကြာခဏ သတင်းစလေးတွေ ရနေတတ်သေးသည်။
ခုတော့လည်း သူမ ထိုတစ်ယောက်ကို ယုံကြည်စိတ်လေး ဝင်သလို ရှိနေမိပြန်ပြီလေ...။
မျှော်နေတာမဟုတ်သော်လည်း စောင့်နေမိတဲ့ စိတ်ကို ကိုယ့်ကိုယ်ကိုယ် သတိထားခဲ့မိပြန်သည်။
သို့သော် သူမသည် ဘဝကို အိမ်မက်ကြီးကြီးတွေနှင့် ရှေ့ဆက်ချင်နေသူသာ..
"နဒီ ငါ အမေရိက တက္ကသိုလ်တစ်ခုရဲ့ စကောလားရှစ်ကို လျှောက်မလို့ "
နဒီက အံ့သြသလိုလေး ကြည့်ရင်း သူမစိတ်ကို သိနေသူမို့လည်း
"လုပ်လေ..နင်ကြိုးစားပေါ့..နင်က တော်ပြီးသားပဲဟာ.."
ထိုအချိန်မျိုးမှာ သူမရဲ့ ဘဝလေးက မုန်တိုင်း ကင်းစင်သော ပင်လယ်လို ငြိမ်သက်သာယာနေတတ်ပြန်လေသည်။
သို့ရာတွင် ငြိမ်သက်ခြင်းဖြင့် အားယူပြီး ချောင်းမြောင်းခြင်းဖြင့် တိုက်ခိုက်တတ်သော ထင်မင်းလတ်သည် သူမ၏ဘဝအတွက် ခလုတ် ခသင်းမဟုတ်သည့် ဂြိုလ်ဆိုးတစ်ကောင်....
" ယူက ယုယနော်.."
ခေတ်မီလှပသည့် မိန်းမလှလေးတစ်ယောက်၏ စူးရှသည့် အကြည့်တွေနှင့် ထက်ရှသည့် စကားလုံးများကြောင့် သူမ ဇဝေဇဝါနဲ့ ကြောင်သွားမိသည်။
"ဟုတ်ပါတယ်..ဘာကိစ္စများ ရှိလို့ပါလဲ.."
ကိုယ့်အလုပ်ထဲမှာရှိနေသည့် အလုပ်ချိန်မို့ လူတွေကလည် စုံသည်။ စူးစမ်းမှုတွေကလည်း ပြည့်ဝသည်..။
" အဟင်း...တို့က ထင်မင်းရဲ့ ချစ်သူလေ..။ လူကြီးတွေလည်း သဘောတူထားတယ်....ထင်မင်းရဲ့ သူငယ်ချင်းကျော်ကျော် မိန်းကလေးတစ်ယောက်နဲ့ တို့ သိထားသင့်တယ် ထင်လို့ လာကြည့်တာလေ..တို့က ဒီကုမ္ပဏီက ရှယ်ယာရှင်တစ်ယောက်ရဲ့ သမီးပဲဆိုပါတော့..."
Original image source
စကားလုံးများ၏ ရိုက်ခတ်မှုဒဏ်သည် သူမကို စကားတစ်ခွန်း မထွက်စေနိုင်လောက်အောင် ပြင်းထန်လေသည်..အရှက်သည်ခြင်းသည် နေရာမှာပင် ပုံကျတော့မတတ်..
မျက်လုံးများစွာတို့သူမအပေါ် သက်ရောက်နေသော အကြည့်များသည် ဖြူသွားလိုက် ပြာသွားလိုက်ဖြင့်...
ကြာကြာ ရပ်နေမိရင် သူမ လဲကျတော့မည်မို့ ထိုနေရာမှ ပြေးထွက်ပစ်ခဲ့မိသည်..။
ခြေဦးတည့်ရာ ပြေးလွှားလိုက်ခြင်းမှာ ဘယ်သူတွေကို တိုက်မိလို့ ဘယ်သူတွေကို ခိုက်ခဲ့မိမှန်းမသိ..
အချို့ သူမနောက်က အသံတွေထွက်လာခဲ့သည်..
"...ဟ ဘယ်လို ဖြစ်နေတာလဲ..သတိထားအုံးမှပေါ့ ..ပြီးကျတောင်းပန်မယ်လည်း မရှိဘူး.."
သူမမကျေနပ်တွေကို နားထောင်မနေအားခဲ့ပါ..။
ပြေးမိပြေးရာကို ပြေးရင်းလွှားရင်းနဲ့ပင် လူသူကင်းရှင်ရာနေသော ကားဂိတ်တစ်ခု၏ ခုံတွင် ဝင်ထိုင်ပြီး ဝမ်းနည်း ပက်လက် ငိုကြွေးပစ်လိုက်သည်..
စော်ကားခံရခြင်းဆိုသော စကားလုံးကို နဖူးတွေ့ဒူးတွေ့တွေ့လိုက်ရခြင်းမှာ သူမခံနိုင်ရည်တော့မရှိခဲ့..
သူမလဲကျချိန် ထူမတ်ပေးမယ့် တစ်စုံတစ်ရာကို သူမ မျှော်လင့်မိသည်။ငိုကြွေးလျှင် မျက်ရည်တွေကို တို့သုတ်ပေးမည့် တစ်စုံတစ်ယောက် သူမအတွက် လိုအပ်နေခဲ့ပြီလား..
အချိန်များ၏ ကုန်ဆုံးမှုနဲ့အတူ သူမ ရှိုက်သံတွေ တိတ်ကျသွားသည့်တိုင် ရင်ထဲတွင်တော့ နာကျင်နေဆဲ..
ညမီးရောင် ခပ်မှိန်မှိန်၏ အရိပ်တစ်စ သူမ၏ ခြေထောက်ရှေ့တွင် ထိုးကျလာသည်..
ဒါဟာ ဘယ်သူများလဲ...
အပိုင်း ၅ သို့
Writter>>>>@yekungsatthone
Msc>>>>>213
စိတ်ဝင်စားပါတယ်...အပိုင်း၅ဆက်ဖတ်ပါ့မယ်...
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
အားပေးပါအုံးဗျ
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
ကောင်းသောဝတ္ထုတစ်ပုဒ်ပါ
ဆက်အားပေးနေပါမယ်။
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
ကျေးဇူးပါဗျ ဆက်လက်အားပေးပါအုံး
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
စာအုပ်ထုတ်ပါဗျို့😀😀
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
ထုတ်ပေးမယ့်သူ ရှိဘူးဗျ😢😢
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
အရိပ်တစ်စဟာ အချစ်တစ္ဆေတစ်ကောင်များလားဗျာ
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
ဖြစ်ကောင်းဖြစ်နိုင်တာကော့ဗျာ..ဆက်လက်အားပေးပါ
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
ရှေ့က ဘယ်သူများပေါ်ခဲ့မှာပါလိမ့်😊😊
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
ဆက်လက်ဖတ်ရှု့ပါရန်..
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
ဇာတ်အိမ်ပျိုးထားတာ ကောင်းပါတယ်။ဆက်အားပေးမယ်ဗျာ
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
ကျေးဇူးပါ ဆက်လက်အားပေးပါဗျ
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
သေချာဖတ်နေပါတယ် ညီ။
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
ကျေးဇူးပါ bro..ကျွန်တော် ဆက်လက်ကြိုးစားပါ့မယ်ဗျ
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
အရိပ်က ရှိုင်းဘဲဖြစ်ဖို့များပါတယ်
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
မြန်မာဇာတ်ကားတွေ ကြည့်တာ လျော့နော်..😂😂😂
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
မျှော်ရင်းစောင့်လျှက်
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
ပိုပြင်းထန်လာမဲ့ ဇာတ်ကွက်တွေနဲ့
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
အားပေးနေတယ်နော် မောင်လေး
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
ဟုတ်ကဲ့ အစ်မ ကြိုးစားနေပါတယ်ဗျ
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
စောင့်မျှော်နေတယ်နော် ညီလေး
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
ဟုတ်ကဲ့ပါဗျ ဆက်လက်အားပေးပါ
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
အယ် အပိုင်းလေးက မဆုံးသေးဘူးနော်
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
အပိုင်း ၅ သို့ ပါဗျာ...
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
အချစ်ဝတ္တုထက် ရသ ဝတ္တုတေ ဖတ်ချင်သေးတယ် 😊
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
အမ်...အဲ့ဒါက ဘယ်လိုမျိုးလဲ မကြိရ
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
Comments were hidden due to low ratings.