Credit image
ကောင်းကင်ပြာနောက်ခံနှင့် ပိန်သွယ်သော မိန်းမပျိုလေးတစ်ယောက်၏ ပုံရိပ်၊ နေရိပ်မကျတကျနှင့် လေပြည်သော့သော့ ဆော့လွှင့်ကစားနေသည့် ဆံနွယ်လွှင့်လွှင့်တို့ဖြင့် မပေါ်တပေါ်ဖြစ်နေသောမျက်နှာလေး ...
ဘယ်လိုပဲကြည့်ကြည့် ပြည့်စုံလှပသော ပုံရိပ်ဖြင့် ဖွဲ့စည်းအပ်သော ဓာတ်ပုံလေးသည် ပန်းချီကား တစ်ချပ်နှယ် အသက်ဝင်လွန်းလှ၏။
သူ ဓာတ်ပုံကို အနီးကပ် ဆွဲယူကြည့်လိုက်ပြီး ပုံရိပ်ကို ဖမ်းထားလိုက်သည်။ ထိုပုံရှေ့တွင် ခုံတစ်လုံးကိုဆွဲယူပြီး ကျကျနနထိုင်ချလိုက်ကာ ငေးကြည့်နေမိရင်းမှ တစ်ခုစဉ်းစားလိုက်မိပြီး စာရွက်လွှတ်တစ်ရွက်နှင့် ခဲတံတစ်ချောင်းကို ဆွဲယူကာ ပုံတူတစ်ချပ်၏ ခရီးကို စတင်လိုက်မိသည်..
ခဲတံလေးကို ကိုက်လိုက်ရင်း တစ်ချက်စဉ်းစားလိုက်သည်။ပြီးတော့ ကတ်တလောက်ကိုလည်း ပြန်လှန်ကြည့်မိလေသည်။
သူမ၏ ကိတ်ဆိုင်လေးက သိပ်ပြီးကြီးကြီးမားမားမဟုတ်သလို ကျယ်ပြန့်ပြီး ဝန်ထမ်းများစွာရှိနေတာလည်း မဟုတ်ပါ။ သူမကိုယ်တိုင်၏ ဝါသနာနဲ့ဝမ်းရေးလောက်လုံသာ လုပ်နေခြင်းဖြစ်ပြီး အထူးသဖြင့် မွေးနေ့ကိတ်လေးတွေ ဆိုင်တွင်းလာစားသူအချို့အတွက် ရိုမန့်တစ်ဆန်ဆန် ဒီဇိုင်းလေးတွေဆွဲပြီး ဖုတ်တာမို့ သူမ ကိတ်မုန့်တစ်လုံးဖုတ်ဖို့ ကြိုးစားတိုင်း ဒီဇိုင်းတစ်ခုကို ကိုယ့်ဘာသာ ဖန်တီးရေးဆွဲနေတတ်ခြင်း ဖြစ်သည်။
အထူးသဖြင့် အခုလို ဆိုင်မှာ လူရှင်းချိန်တွင် သူမ ကိတ်ဒီဇိုင်းတွေကို ရေးနေတတ်သည်။
စဉ်းစားလိုက်ပုံဖော်လိုက်ဖြင့်ပင် သူမ အလုပ်ရှုပ်နေမိစဉ် ဆိုင်တွင်းသို့ လူတစ်ယောက် ဝင်လာသည်ကို သတိမထားမိ ဖြစ်သွားမိသည်..
ထိုလူက ချောင်းဟန့်အချက်ပေးလိုက်မှ သူမ မော့ကြည့်လိုက်မိပြီး အံ့သြသွားရသည်..
ထစ်ချုန်း..
" ဟား..တကယ့်လူ တကယ့်ကို လာခဲ့တာပဲ "
သူမ တီးတိုးရေရွတ်လိုက်ရင်း ပြုံးပြလိုက်မိတော့ သူက လွတ်လပ်ပေါ့ပါးစွာ ပြုံးပြနှုတ်ဆက်ရင်း ဆိုင်တွင်းရှိ ဝိုင်းတစ်ခုတွင် ဝင်ပြီး ထိုင်လိုက်တာ တွေ့ရ၏။သူမ ကော်ဖီ တစ်ခွက်ကို ဖျော်လိုက်ရင်း ကိတ်မုန့်လေးတစ်ခုကိုပါ ယူလိုက်ကာ ဗန်းလေးထဲ ထည့်ပြီး သူ့ဆီ သွားချပေးလိုက်ကာ သူမပါ ဝင်ထိုင်လိုက်လေသည်..
Credit image
အေးငြိမ့်ငြိမ့် အင်္ဂလိပ်တေးသွားလေးက ဆိုင်ထဲတွင် ပျံ့လွှင့်နေ၏..
သူမ သူရှေ့မှာ ဝင်ထိုင်ရင်းနှင့်
" မနေ့က ကိစ္စ ရှင့်ကို ကျေးဇူးတင်ပါတယ် "
" ကိုယ်လည်း တောင်းပန်ပါတယ်.."
" ဟင်..တောင်းပန်တယ်.."
သူမ အံ့သြတကြီး သံယောင်လိုက်ရေရွတ်မိတော့ သူက သူလွယ်လာသော အိတ်ထဲမှ တစ်စုံတစ်ခုကိုဆွဲထုတ်လိုက်ပြီး သူမရှေ့သို့ ထိုးပေးလိုက်ကာ
" မင်းကို ခွင့်မတောင်းပဲ မင်းပုံတူလေး ဆွဲလိုက်မိတယ်လေ"
ခဲခြစ်ရုံပင်ဆိုသော်လည်း ပီပြင်လက်ရာမြောက်သည့် ပုံရိပ်လေးက ဘယ်ကနေပဲကြည့်ကြည့် သူမပဲဆိုတာ ထင်ရှားနေလေတာမို့ သူမ သူ့ကို တအံ့တသြ ကြည့်လိုက်မိတော့ သူက
" ကိုယ်က ပန်းချီဆရာဖြစ်ဖို့ ကြိုးစားနေတာလေ..ဘယ်လိုလဲ အဆင်ပြေလား "
" တကယ့်ကို အမေဇင်းပဲ .."
တလက်လက်တောက်ပသွားကြသည့် မျက်ဝန်းလေးတွေကြောင့် သူမ တကယ်ပင် ပျော်သွားတယ်ဆိုတာ သူ သိလိုက်တာမို့ စိတ်ထဲ ကျေနပ်သွားမိသည်။
" မင်းက ဘာလို့ အဲ့မှာ ရောက်နေတာလဲ..ခုန်ချဖို့ကြိုးစားနေတာမဟုတ်ဘူးလား "
တည်ငြိမ်စွာမေးလာသော သူ့ကိုကြည့်ကာ သူမ ပြုံးလိုက်ရင်း..
" ယောက်ျားလေးတွေလည်း စပ်စုဖို့ ဝါသနာပါကြသားပဲ.."
သူမ စကားကြောင့် သူ ပါးစပ်တွေ ပွင့်ဟသွားပြီး.
" ဟာ..ဟေ့..ဟေ့ ဒါတော့ များသွားပြီ ဒါက သိချင်စိတ်အတွက် ထိန်းချုပ်မှုကို ဖွင့်ထုတ်ပေးလိုက်တာကွ.."
သူ၏ ပြာပြာသလဲ ငြင်းချက်ထုတ်မှုကို သူမ ရယ်လိုက်မိသည်။သူကလည်း လိုက်ပြီးရယ်မောလေ၏။ ထိုသို့ရယ်မောလိုက်သောအခါ သူမတို့နှစ်ဦးကြား ပိုပြီး ရင်းနှီးသွားသလို ခံစားလိုက်မိသည်။
ဘာကြောင့်ရယ်မသိ သူနှင့်စကားပြောရသည်မှာ ငယ်ပေါင်းကြီးဖော်တစ်ယောက်နှင့် ပြန်တွေ့နေရသလို လွတ်လပ်ပေါ့ပါးစွာ ခံစားရသွားလေသည်။
ထိုတစ်ညနေခင်းလုံး သူ သူမ၏ဆိုင်တွင် ထိုင်ရင်း စကားပြောရင်း အချိန်တို့ ကုန်လွန်စေခဲ့သည်။
ဝယ်သူလာလျှင်သူမက ထရောင်းလိုက် ပြီးရင် သူနှင့် စကားတွေပြောလိုက် ငြင်းလိုက် ရယ်လိုက်မောလိုက်ဖြင့်ပင် အချိန်တို့ ကုန်လို့ ကုန်မှန်းပင်မသိ။
သူကိုယ်တိုင်သည်လည်း သူမညွှန်းသော သီချင်းတို့ကို နားထောင်လိုက် သူမဖတ်သောစာအုပ်အချို့ကို ဖတ်ရင်း ဆွေးနွေးလိုက်နှင့်ပင် ည ခုနစ်နာရီဟူသော အချိန်သို့ပင် ရောက်လာခဲ့လေပြီ..
Credit image
ပြန်သင့်ပြီဟု ဦးနှောက်၏ သတိပေးသံကြားတွင် သူ အိတ်ကို ကောက်ဆွဲပြီး သူမကို နှုတ်ဆက်ဖို့ပြင်လိုက်သည်။သူမကတော့
လက်ကျန် ဝယ်သူများထံ မုန့်များကိုထုတ်ပေးရင်း စကားပြောရင်းနှင့် ရယ်မောလျှက်ရှိသည်။
သူ သူမထံသို့ မရောက်မီတွင်
" ဟေး...မိန်းမလှလေး.."
ဆိုင်ထဲသို့ လှမ်းဝင်လာခဲ့သော လူတစ်စုနှင့် ခေါ်သံတစ်ခု..
အသံလာရာဆီသို့ ဆိုင်ရှိ လူအားလုံး ခေါင်းထောင်ကြည့်မိလျှက်သား ဖြစ်သွားကြ၏။
အပိုင်း၎ သို့
Writter >>>>>@yekungsatthone
Msc 213
အားပေး စောင့်မျှော်လျှက်ပါဗျာ 😊😊
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
ကျေးဇူး
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
Hi! I am a robot. I just upvoted you! I found similar content that readers might be interested in:
https://www.nhl.com/player/evgeny-kuznetsov-8475744
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
ဖတ်ကောင်းတဲ့ ဇာတ်လမ်းလေးပါ
နောက်အပိုင်းစောင့်နေပါမယ်
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
ဟုတ်ဗျ ကျေးဇူးပါပဲ
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
ရေးသားမှုကောင်းလို့ Cheetah ထိ
နောက်တာပါဗျ
Good Writing
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
အေးလေဗျာ စိတ်ညစ်စရာ
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
ချီးကျုးတယ်ဗျာ အဲ့လိုအချစ်ဝထ္ထုတွေရေးနိုင်တာ
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
ဟုတ်ကဲ့ပါဗျာ..ကျေးဇူးပါ
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
ဇာတ်ခန်းတစ်ခန်းတည်းမှာ မင်းသမီး အနေနဲ့ရော မင်းသား အနေနဲ့ရော ရေးထားတာ သတိထားမိတယ်။
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
ဟုတ်တယ် ဘရို..တမင်ရေးထားကြည့်တာပါ ဖတ်ရတာ အဆင်ပြေရဲ့လား မသိဘူး
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
Cheetah က လူစုံတက်စုံ အားပေးလှပါလား
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
ဟုတ်ပါ့ဗျာ
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
အပိုင်း၎ဆက်အားပေးပါ့မယ်....
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
Thanks
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
အချစ် ဇတ်လမ်းတွေရေးတာ ကောင်းပါတယ်ရှင့်
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
ဇာတ်လမ်းလေးကောင်းပြီး ဖတ်ရတဲ့သူ အဆင်ပြေပါသည်
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
ဟုတ်ဗျ ဆက်ကြိုးစားနေပါတယ်
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
Congratulations @yekungsatthone! You have completed the following achievement on Steemit and have been rewarded with new badge(s) :
Award for the number of upvotes
Award for the number of comments
Award for the number of upvotes received
Click on the badge to view your Board of Honor.
If you no longer want to receive notifications, reply to this comment with the word
STOP
Do not miss the last post from @steemitboard:
SteemitBoard World Cup Contest - The results, the winners and the prizes
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
ဇာတ်လမ်းလေးက ဖတ်တဲ့သူတွေအတွက် စိတ်ဝင်စားစရာကောင်းပြီး ပေါ်လွင်ထိမိပါတယ်။အရေးအသားတော်ပါတယ်ခင်ဗျာ။
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
ကျေးဇူးပါဗျာ
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
နောက်အပိုင်းတွေလည်း ဆက်အားပေးမယ်နော့ ။
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
ကြိုးစားပါ့မယ်
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
Congratulations @yekungsatthone! You received a personal award!
Click here to view your Board of Honor
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
Congratulations @yekungsatthone! You received a personal award!
You can view your badges on your Steem Board and compare to others on the Steem Ranking
Vote for @Steemitboard as a witness to get one more award and increased upvotes!
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit