အခြေခံစိတ်လေးမွေးကြမယ်....( အပိုင်း.၂ )

in myanmar •  7 years ago 

received_1820149554664585.jpeg
အခြေခံစိတ်ဖြစ်တဲ့ကိုယ်ချင်းစာနာစိတ်လေးကို၊မိမိတို့ရဲ့စိတ်သဏ္ဍာန်မှာ၊ဖြစ်ပေါ်လာအောင်ဘယ်လိုလုပ်ရမှာလဲ...?။ဒီအပိုင်းမှာကြတော့၊ကျမရဲ့အမြင်ရှူ့ထောင့်ကနေ၊ရေးတာဆိုတော့။လုံလောက်ခြင်လဲလုံလောက်မယ်။လိုအပ်တာတွေလဲရှိနိုင်တယ်။ရှိခဲ့ရင်လည်းဖြည့်စွက်ပေးကြပါ။
လူတွေပါးစပ်ဖျားကတဖွဖွပြောနေတဲ့စကားလေးတခွန်းရှိတယ်...။သီချင်းလေးတောင်မှရှိသေး...။
သီချင်းလေးက...ချစ်တယ်.ဆိုတဲ့စကားပါ။ဘယ်သူကဘယ်သူ့ကို၊ဘယ်လောက်ဘဲချစ်ပါတယ်လို့၊
ဘယ်လောက်ဘဲသစ္စာတွေဆို.ဆို...။တကယ်တန်းတော့..
မိမိလို့ဆိုတဲ့၊ကိုယ့်ကိုကိုယ်အချစ်ဆုံးဘဲ။
တွေးကြည့်လေ....၊မိမိကိုမိမိချစ်လွန်းလို့၊နေ့စဉ်နဲ့အမျှ၊အချိန်နဲ့အမျှ..ကိုယ့်ရုပ်ကြီးကိုပြု ပြင်နေရတာ။ရှူ့ခြင်စဖွယ်တင့်တယ်အောင်၊
ရေမိုးချိုး ပီးအလှပြင်ဆင်ခြင်းတွေ...မလုပ်ဖူးလား..?။
မျက်စေ့အတွက်..မြင်ကွင်းကောင်းလေးတွေမရွေးချယ်ဖူးလား။မခံစားဖူးလား.....။
နားသောတပန်ဆင်ဖွယ်ရာဖြစ်တဲ့...၊ချိုမြိန်ဖွယ်ရာဆည်းလည်းသံလေးတွေ..မနှစ်သက်ဖူးလား..။နှာခေါင်းရဲ့အာရုံဖြစ်တဲ့...၊မွှေးရနံ့လေးသင်းပျံ့ပျံ့ကိုမရှူရှိုက်
ဖူးလား။လျာရဲ့အာရုံခံရာဖြစ်တဲ့...ချို ချဉ်ငံစပ်လေးတွေ...
မြိုး မြိုးမြက်မြက်အရသာလေးခံဖို့...၊ကိုရွှေသွားကိုမဝါးခိုင်းဖူးလား....။
ကိုယ့်ရဲ့ခန္ဓာကိုယ်နဲ့စိတ်ရောအတူတကွခံစားတဲ့...ဖောတဗ္ဗအာရုံကိုရော..ငြင်းပယ်ဖူးသလား။
ဒီလိုအာရုံလေးတွေကို၊လူသားတိုင်း..လူသားတိုင်းရဲ့စိတ်မှာ၊အမြဲတမ်းတပီးလိုခြင်ကြပါတယ်။ဒါ့အပြင်...လှလှပပလေး
ဝတ်ခြင်တယ်၊ကောင်းကောင်းမွန်မွန်စားခြင်တယ်။သာသာယာယာ..အေးအေးချမ်းချမ်း၊ပြည့်ပြည့်စုံစုံ..ဆိုတဲ့နေရာမှာ၊ကိုယ်ချစ်ရသောသူတွေနဲ့..
မခွဲမခွာနေခြင်တယ်ဆိုတာ..လူသားတိုင်းရဲ့လိုခြင်တဲ့ဆန္ဒ
တွေပါ။အဲဒီတောင့်တမှူ့တွေပျက်စီးစေတဲ့အရာဟူသမျှ၊မတွေ့ခြင်တာ၊မကြုံခြင်တာကလဲ၊လူသားတွေရဲ့လိုအင်ဆန္ဒတခုဘဲမဟုတ်ဖူးလား။
ဒီလိုစိတ်တွေ၊ဆန္ဒတွေဟာ...လူသားဖြစ်တဲ့မိမိမှာရှိသလို၊
အခြား..အခြားသောလူတွေမှာလဲရှိတယ်..ရှိမှာဘဲ.ဆိုတဲ့
အတွေးလေးကို..သင်တွေးဖူးသလား...။
တွေးဖူးရင်လဲ...ခဏခဏတွေးပေးပါ။
မတွေးဖူးရင်လဲ..အခုဘဲတွေးလိုက်ပါ။ကိုယ်မြင်ကွငိးမှာ၊
ကိုယ့်ပတ်ဝန်းကျင်မှာ၊တွေ့နေမြင်နေရတဲ့အခါမှာ...သူ့နေရာမှာ"ငါ"ဆိုတဲ့ကိုယ်စားလေး၊ဝင်ရောက်ပီး..အစားထိုးခံစားကြည့်ပေးပါ။
တဖြည်းဖြည်းနဲ့အခြားသူရဲ့ခံစားမှူ့ကိုနားလည်လာမယ်။
သဘောပေါက်လာမယ်။
နားလည်သဘောပေါက်မှူ့ရဲ့နောက်က"စာနာစိတ်"လေးက၊ကပ်ရက်ပါလာတယ်လေ...။
ကိုယ်ကသူတပါးကိုစာနာနားလည်ပေးလိုက်လို့...ရှူံးသွားပီလို့မထင်လိုက်ပါနဲ့။တကယ်အမှန်က..သင်ကနိုင်လိုက်တာပါ။
ဘာဖြစ်လို့လဲဆိုတော့...၊အခြားသူတယောက်ကို၊မိမိလိုဘဲ
လူသားတဦးလိုမြင်ပီး...လူသားတဦးရဲ့ခံစားချက်တွေကိုနားလည်ပေးလိုက်တယ်ဆိုတဲ့..သင့်ရဲ့စိတ်နှလုံးသားမှာ..၊
စေတနာကောင်းဆိုတဲ့ပန်းပွင့်လေးနဲ့အတူ..
မေတ္တာတရား၊ကရုဏာတရားဆိုတဲ့...ရနံ့လေးတွေက၊
သင်းပျံ့လာတဲ့အတွက်...၊သင်ဟာ...အောက်တန်းစားလူ
မဟုတ်တော့ဘူးလေ....။
အဲဒါက...သင့်ရဲ့အောင်မြင်မှူ့ပေါ့။

ရီရီဆွေ
မုံရွာ

Authors get paid when people like you upvote their post.
If you enjoyed what you read here, create your account today and start earning FREE STEEM!
Sort Order:  

ကိုယ်ချင်းစာတရားလေးတွေ ရင်မှာထားပြီး ကိုယ့်အတွက်ကို မကြည့်ပဲ သူ့အတွက်ပါ ကြည့်ပေးနိုင်ကြရင်ဖြင့် ကျွန်တော်တို့ရဲ့ ကမ္ဘာကြီးက သာယာနေမှာပါ အန်တီ။

ကိုယ်ချင်းစာတရားဆိုတာ..၊ကိုယ့်အတွက်လဲမနစ်နာဘူး။သူတပါးအတွက်လဲအကျိုးဖြစ်ထွန်းစေတယ်။အတ္တနဲ့ပရမျှတမှူ့သဘောတရားလေးပါ။ရှဉ့်လဲလျှောက်သာ၊ပျားလဲစွဲသာ..ဆိုတာ၊နှစ်ဦးနှစ်ဖက်အကျိုးရှိတယ်။ဘုရားရှင်ရဲ့တရားတော်တွေဟာ၊တန်ဖိုးကြီးမားလွန်းတယ်။လောကီမှာလုပ်ကိုင်ပြု မူတဲ့အခါမှာ၊အတ္တကိုဘဲရှေ့ရှူ့လုပ်ကိုင်ရင်တဖက်ကဒုက္ခရောက်သလို၊
ပရကြီးဘဲလုပ်ကိုင်ဖို့လဲအားမပေးပြန်ဘူး။အဲဒီကိုယ်ချင်းစာ
စိတ်လေးရှိနေတာကိုက..မကောင်းမှူ့ကိုမဖြစ်စေဘူး။ဒီတော့..ကိုယ်လဲအ.ကုသိုလ်ကင်းတယ်။အခြားသူလဲအေးချမ်းတယ်။အဲဒီသဘောတရားလေး။
မချမ်းသာဘူး..သို့သော်..မဆင်းရဲဘူးပေါ့။

အားပေးသွားပါသည်

အများစုက အတ္တနဲ့တွေ့ကြတဲ့အခါ ကိုယ်ချင်းစာတရားကို မေ့နေတက်ကြပါတယ် ခင်ဗျ။

အဲဒီနှစ်ခုက..ရန်သူတွေလေ။တခုက..တကယ်ဝင်လာပီဆိုရင်၊ကျန်တခုကထိုင်နေရာကနေ၊ဖယ်ပေးရတော့တာပေါ့။

ဘာပဲလုပ်​လုပ်​ ကိုယ်​ချင်းစာတရား နဲ့ယှဉ်​ပြီးလုပ်​သင့်​တာ​ပေါ့​နော်

အကောင်းတကာ့အကောင်းဆုံးပါဘဲ။