TV စက်​ပြင်​မှတ်​တမ်း အပိုင်း(၁၂)

in myanmar •  6 years ago 

TV စက်​ပြင်​မှတ်​တမ်း အပိုင်း(၁၂)

နောက်​တခါ တီဗွီမှာရုပ်​​တွေ အသံ​တွေလာပြီး မြင်​ကွင်းအထက်​​အောက်​ကျဉ်းတဲ့ပြဿနာလဲကြုံရတပ်​တယ်​၊အထက်​​အောက်​ကျဉ်းပုံကျဉ်းနည်းကပြစ်​ချက်​နှစ်​မျိုးရှိတယ်​ဗျာ့ ၊စဖွင့်​ဖွင့်​ခြင်းက​နေ အမြဲတမ်းကျဉ်း​နေတာမျိုး၊​နောက်​ပြီးစဖွင့်​ဖွင့်​ချင်းကျဉ်းပြီးနာရီဝက်​​လောက်​ကြတ​ဖြေး​ဖြေးကျယ်​လာတာမျိုးအဲဒါမျိုးပြစ်​ချက်​နှစ်​မျိုး​တွေရတယ်​၊​နောက်​ရုပ်​မ​ပေါ်ဘဲ ခလယ်​​ခေါင်​မှာအလျှားလိုက်​ကန့်​လန့်​အဖြူစင်းကြီးတ​ကြောင်းထဲ​ပေါ်​နေတာမျိုးလဲ​တွေရတပ်​တယ်​၊

TV-Kit.jpg

https://goo.gl/images/dYsD4f

အားလုံး​သောပြစ်​ချက်​​တွေကဗာတီကယ်​အုပ်​စုကပြစ်​ချက်​​တွေဘဲ ဖြစ်​ပါတယ်​၊ဗာရီကယ်​အိုင်​စီဆီကို ဗို့​ရောက်​မ​ရောက်​အရင်​ဆုံး​သေအချာတိုင်းရပါမယ်​၊ဗာတီကယ်​အိုင်​စီဆီကိုဗို့အား25v ​ရောက်​ရပါမယ်​၊ဗာတီကယ်​အိုင်​စီကိုတရုပ်​တီဗွီအများစုက​တော့ (LA 7840) နံပတ်​နဲ့​မောင်းတာများပါတယ်​၊ အ​ပေါ်ကပြစ်​ချက်​များဖြစ်​လျှင်​အဲ့ဒီအိုင်​စီကိုအရင်​ဆုံးလဲ ကြည့်​ရပါမယ်​၊အိုင်​စီလဲပြီးလည်းဒီပြစ်​ချက်​ကရှိ​နေရင်​​တော့ အိုင်​စီကိုပန့်​ပိုးထားတဲ့တခြားပန့်​ပိုးပစ္စည်း​လေး​တွေ ကြည့်​ရပါမယ်​၊ အလျှားလိုက်​ကန့့်​လန့်စဉ်းတ​ကြောင်းထဲဖြစ်​​နေတဲ့ ပြစ်​ချက်​က​တော့ ခဲလွတ်​​နေလျှင်​​သော်​၎င်း၊အိုင်စီ​လောင်​​နေလျှင်​​သော်​၎င်းဖြစ်​တပ်​တာမို့ အများအားဖြင့်​အိုင်​​စီလဲလိုက်​လျှင်​​ကောင်း​သွာတာများပါတယ်​၊

2Q==(3).jpg

https://goo.gl/images/ra7xdT

မြင်းကွင်​ကျဉ်း​နေတာမျိုက​တော့ ​ဘေးကပန့်​ပိုးပစ္စည်း ကွန်​ဒစ်​ဆာ​လေး​တွေ ရီစစ္စတာ​လေး​တွေ ​လောင်​​နေပြီး​ရှော့ကျ​နေတာ​လေး​တွေဖြစ်​တပ်​ပါတယ်​၊ ကြည့်​​နေရင်းတ​ဖြေး​ဖြေးကျယ်​လာတာမျိုးပြစ်​ချက်​​ကတော့ စက်​ပြင်​သမား​တွေတအားအုံးစားတဲ့ပြစ်​ချက်​ပါ၊ပြင်​ဘို့လဲခက်​ပါတယ်​၊အဘယ်​​ကြောင့်​ဆို​သော်​ပျက်​တဲ့ပစ္စည်းသည်​ပူလာလျှင်​​ကောင်းပြီး​အေး​နေလျှင်​မ​ကောင်​တဲပစ္စည်းမို့အ​ဖြေရှာရခက်​ပါတယ်​၊ ကျွန်​​တော်​က​တော့စဖွင့်​ဖွင့်​ချင်းပစ္စည်း​အေး​နေသဖြင့်​ပျက်​​နေတဲ့အချိန်​မှာ ကိုယ်​မသင်္ကာ​သော ကွန်​ဒစ်​​တွေအ​ပေါ်၊ ရီစစ္စတာ​တွေအ​ပေါ် ခဲ​ခေါက်​ပူပူနဲ့ထိထားကြည့်​ပါတယ်​၊ ကျဉ်း​နေရာက​နေကျယ်​လာလျှင်​ကိုထိထား​သောပစ္စည်းမ​ကောင်းဘူးဟုယူဆလိုက်​ပါသည်​၊ တဖန်​​သေခြာ​စေရန်​ တီဗီကိုပိတ်​ထားပြီး​နောက်​တနာရီ​လောက်​ပစ္စည်းအေးချိန်​တခါဖွင့်​ကြည့်​ မြင်​ကွင်းကျဉ်း​နေလျှင်​ ​တော်​​နေကခဲ​ခေါက်​ပူပူနဲ့ထိထား​သောပစ္စည်း​ပေါ်သို့တခါပြန်​ထိကြည့်​ပါတယ်​ ထိကြည့်​လို့မြင်​ကွင်းကျယ်​လာတယ်​ဆိုလျှင်​​သေခြာပါသည်​အဲ့ဒီပစ္စည်းကိုလဲ ကြည့်​လိုက်​ပါ​ကောင်းသွားပါလိမ့်​မည်​၊

download (4).jpeg

https://goo.gl/images/tPDrzV

နောက်​တခုကဆာဗစ်​မု ကုဒ်​​ပြောင်းသွားရင်​လဲ မြင်​ကွင်းကျဉ်း​နေတပ်​ပါသည်​ ​နောက်​အပတ်​မှ ဆားဗစ်​မုအ​ကြောင်း​ရေးပါအုံးမည်​၊
ဆက်​ရန်​......

Post writer=@yuzana(shineshine)
MSC=146

Authors get paid when people like you upvote their post.
If you enjoyed what you read here, create your account today and start earning FREE STEEM!
Sort Order:  

ဗဟုသုတရလို့...ဆက်​ရန်​ဖတ်​ဖို့​မျှော်​​နေပါ့မယ်​....ငယ်​ဘ၀အ​ကြောင်းလည်းဆက်​ပါဦး...😀

Posted using Partiko Android

ဖတ်​ရူ့​ပေးတဲ့အတွက်​​ကျေးဇူးပါ

ဖတ်ရင်း ဖတ်ရင်း tv အကြောင်း တီးမိ ခေါက်မိလာသလို

ဗဟုသုတအဖြစ်​ပါဗျာ

င်ါအိမ်က တပီလဲ အာ့လို ခနခန ဖိတေဟ😞

Posted using Partiko Android

ခနခန ဖစ်​ရင်​ အဲ့လိုလုပ်​လိုက်

ပြစ်ချက်လေးတွေကို ဖြေရှင်းနည်းလေးတွေ တင်ပြသွားတာကောင်းလှပါတယ်။ဗဟုသုတရပါတယ်အစ်ကို။

ဖတ်​ရှူ​ပေးတဲ့အတွက်​ ​ကျေးဇူးပါ

ဗဟုသုတရ ရပါတယ် ခင်ဗျာ

ဗဟုသုတ​လောက်​ဘဲ ​ရေးနိုင်​ပါတယ်​ဗျာ

ဗဟုသုတရပါတယ်‌ဦးယု၊‌ကျေးဇူးပါ။

ဖတ်​ရှူ​ပေးလို့ ​ကျေးဇူးတင်​ပါတယ်​ ကိုမ​ဟော်

တီးမိ ခေါက်မိသလောက်တော့ရှိပြီထင်တယ်

တီးမိ ​ခေါက်​မိရုံ​လောက်​ဘဲ ​ရေးနိုင်​တာပါဗျာ

နည်းလမ်း​လေး​တွေ ​ကောင်းတယ်​ ကိုယု😄😄

Posted using Partiko Android

Congratulations! This post has been upvoted from the communal account, @minnowsupport, by gmyanmar from the Minnow Support Project. It's a witness project run by aggroed, ausbitbank, teamsteem, someguy123, neoxian, followbtcnews, and netuoso. The goal is to help Steemit grow by supporting Minnows. Please find us at the Peace, Abundance, and Liberty Network (PALnet) Discord Channel. It's a completely public and open space to all members of the Steemit community who voluntarily choose to be there.

If you would like to delegate to the Minnow Support Project you can do so by clicking on the following links: 50SP, 100SP, 250SP, 500SP, 1000SP, 5000SP.
Be sure to leave at least 50SP undelegated on your account.