၈တန်းနှစ် ပြီးတဲ့အချိန် ၉တန်းရောက်ချိန်ကစပြီး ကျွန်မ ဟာ စာနဲ့ နပန်းသတ်ခဲ့ရတဲ့ အချိန်တွေ ဖြစ်လာခဲ့တယ် bioတွဲကို ယူပြီး စာတွေကျတ်လိုက်ရတာ မနည်းမနော တွေ
အရင်ကစာသိပ်မကျတ်ခဲ့တော့ များတယ် ထင်ခဲ့ရတယ် အရွယ်ကလည်းရောက်လာတော့ စာမရလို့ အရိုက်ခံရမှာ အဆင့် များမှာ စာမေးပွဲကျမှာ ကို ပိုကြောက်ခဲ့တယ် ကျွနိမ၉တန်းနှစ်ကိုရောက်တဲ့အချိန်မှာ ကျွန်မတို့ ဒဂုံ က ကျောင်းတွေက မနက်နဲ့ ညနေ နှစ်ချိန်ကျောင်းတွေ ၉တန်းရောက်တော့ ကျွန်မက မနက် ၇နာရီကနေ ၁၂ထိ မနက်ကျောင်းဖြစ်သွားပြီး သူငယ်ချင်းက ညနေကျောင်းဘက်ဖြစ်သွားတယ် အရင်လိုသိပ်မတွေ့ဖြစ်ခဲ့ စာလည်းများလာတော့ နှစ်ယော်က်သား ပိတ်ရက်လောက်ပဲ တွေ့ဖြစ်တော့တယ် ဘေးအိမ်ကအတန်းတူ သူငယ်ချင်းနဲ့ကတော့ ကျောင်းမတူပေမဲ့ ကျူရှင်အတူတူတတ်ဖြစ်ခဲ့တယ် ၉တန်းအောင်ပြီးချိန်မှာတော့ ကျွန်မကျောင်းပြောင်းခဲ့တယ် ခု ရှစ်မိုင်နားက အထက၃ မရမ်းကုန်းကို အဲဒီ့မှာက အဖေအလုပ်နဲ့လည်းနီး အဖေ့အမျိုးအိမ်လည်းရှိတော့ အမျိုးတွေကလည်း အပျိုကြီး အဒေါ်တွေဆိုတော့
စာပိုလုပ်အောင် အဲကို ပို့ခဲ့တယ်လို့ ထင်တယ်
အဲလိုနဲ့ ဒဂုံကသူငယ်ချင်းတွေနဲ့ ခွဲပြီး မရမ်းကုန်းမြို့ကိုရောက်လာခဲ့တယ်
မရမ်းကုန်း ၉မိုင်က အဒေါ်တို့အိမ်ကိုရောက်တော့
ကိုယ့်အတွက်က နေရာ အသစ် လူအသစ် ပတ်ဝန်းကျင်အသစ် နဲ့ ကြုံခဲ့ရတယ် အရင်ကလို ခင်ပြီးသား ပေါင်းနေကြ သူငယ်ချင်းတွေ မဟုတ်တော့ ခုမှ မျက်နှာချိုသွင်း ပြီး ပေါင်းရတယ် အဒေါ်တို့အိမ်ရှေ့က သူငယ်ချင်းနှစ်ယောက်က ကလေးတွေ
အကြီးကောင်လေးက ခြောက်တန်းတတ်မှာ အငယ်မလေးက သုံးတန်း ကလေးနှစ်ယောက်က ခင်တတ်ကြတယ် ချစ်ဖို့ကောင်းတယ် ဒီလိုနဲ့ အောင်စာရင်းတွေထွက်ပြီးတဲ့အခါမှတော့ ကျောင်းမဖွင့်ခင်ကျူရှင် ကြိုတတ်ခဲ့တယ် ကျူရှင်တတ်တော့ သူငယ်ချင်းများရမလား ပေါ့ လာတတ်တဲ့သူတွေက ကလေးတွေ နှစ်တန်း သုံးတန်း ငါးတန်း ကိုးတန်းကတော့ ကောင်မလေးသုံးယောက် သူတို့ကလည်း သူတို့အုပ်စုတွေနဲ့ ဆရာမကတော့ပြောရှာပါတယ်ဆယ်တန်းကျောင်းသားတစ်ယောက်လာမယ်တဲ့
ကိုယ်လည်းသူငယ်ချင်းအသစ်တစ်ယောက်ရပြီပေါ့
အတွေးနဲ့တင်ပျော်နေမိတယ် ကျူရှင်တတ်တာ ဒုတိယနေ့လည်း သူကရောက်မလာသေး
တတိယနေ့ကျမှ လာတတ်တယ် ယောက်ျားလေးသူငယ်ချင်းဖြစ်တော့ စလာကတည်းက သူကဂျစိကန်ကန်နဲ့ ဒဂုံကသူငယ်ချင်းတွေလောက်တော့
ခင်လို့မရဘူး စာသင်တော့လည်း သူကစိတ်သိပ်မဝင်စားဘူး ယောက်ျားလေးဆိုတော့ ဘောပင်လှည့်လိုက် အရုပ်တွေဆွဲလိုက်နဲ့ ဆရာမက အိမ်စာ ပေးပြီး မနက်ဖြန် ကျတ်လာဖို့ စာမေးမယ်ပေါ့ ရေြးေုဖဖြေရမယ်တဲ့ အဲဒီ့မှာ စတာပဲ ကိုယ်ကတော့ ကျတ်လိုက်ရတာ သူကဖြေနိုင်ပြီး ကိုယိကမဖြေနိုင်ရင် အရှက်ကွဲမယ်ပေါ့ အလွတ်ဆိုကြည့် ရေးကျတ် ထပ်ခါထပ်ခါ စာလုံးပေါင်းကအစ ရေးကျတ်လိုက်ရတာ ကျူရှင်ကိုရောက်တော့ ဆရာမ က အတန်းစုံသင်တော့ လက်မလည်ဘူး ဒါကိုသူက ကောင်းကောင်းသိပုံရတယ် အရင်နှစ်တွေကတည်းက သူက ဆရာမ ဆီမှာ တတ်နေကျဆိုတော့ ဆရာမက လာပြီး ဖြေမယ်တဲ့ ပြောပြီး မေးခွန်းတွေ ရေးချ ပေးခဲ့တယ် ကိုယ်ကတော့ စဉ်းစားတွက်ချက် ရေးပေါ့ သူကတော့ သာသာယာယာပဲ ကြည့်လိုက်တော့
အထူးထုတ် ထဲက ကူးရေးနေတာ ကောင်းကောင်းကြီး အော်... တော်တော်လည်းတရားကျပါတယ်
ကျတ်လာတဲ့သူကအမှားပါနိုင်သေးတယ် သူကကူးရေးနေတော့ အေးဆေးပဲ ပြီးရင် ကိုယ်ကပဲအမှတ်ကနည်းအုံးမယ် အဲဒါနဲ့ စိတ်ကမရတော့ဘူး မေးလိုက်တယ် နင် ဘာတွေကူးနေတာလဲလို့ သူကလည်းပြန်ဖြေတယ် ငါစာမကျတ်ရသေးလို့ ကူးလိုက်တာတဲ့ မဖြေရင် ဆရာမက အိမ်ကိုတိုင်မှာဆိုးလို့တဲ့
သူဖြေတဲ့ပုံစံက ကျူရှင်တောင်စိတ်ပါလို့တတ်တာမဟုတ် အိမ်ကထားပေးလို့တတ်တဲ့သဘော သူငယ်ချင်းအရင်းကြီးမဟုတ်တော့လည်းမပြောပြရဲဘူး
အမှန်ဆို ဒီအရွယ်ရောက်နေပြီပဲ အသိတရားရှိရမှာလေ ဒီတနှစ်လေးကို သေသေချာချာ ကြိုးစားရမှာကို စလာကတည်းကခိုးချလို့် ကိုယ်ကတော့ မှားတဲ့နေရာတွေမှား အဖြေလွှာ က သူကတော့ အကုန်မှန်လို့ ဆရာမကတော့ သူ့ကိုတော်တယ်ပေါ့
ကိုယ်ကတော့ စကားတွေများများမပြော ချင်လို့
ဘာမှကိုမပြောပြခဲ့ဘူး ကိုယ်ကိုယ်တိုင်ကအသိဆုံးပဲလေ ကိုယ်ဘယ်လောက်ရပြီး သူဘယ်လောက်ရတယ်ဆိုတာ အဲလိုနဲ့ကျောင်းမဖွင့်ခင် တလကို စာတွေကျတ်ရင်းမှတ်ရင်း နဲ့ပဲကုန်လွန်လာခဲ့တယ်
ဆက်ရန်....
Photo credit- facebook photo
Writer by @yway
MSC-232
Authors get paid when people like you upvote their post.
If you enjoyed what you read here, create your account today and start earning FREE STEEM!

ဆက်ပါဦးဗျာ...ပြီတော့ သင့်တော်သလို စာပိုဒ်လေးတွေ ခွဲရေးရင် ပိုကောင်းတယ် အစ်မ..။
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
ဟုတ်ကဲ့ကျေးဇူးတင်ပါတယ်
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
စာကျက်ရင် ရေးကျက်တာအကောင်းဆုံးဘဲ
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
အဲဒါမှမ မေ့ တာ
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
မိမိဘဝကို မိမိကိုယ်တိုင်ဖန်တီးရတာပဲလေ။Right!
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
ကျောင်းသား ဘဝကို ပြန်တမ်းတ သတိရတယ်
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
ဒီလိုအကြောင်းလေးတွေဖတ်ရရင် ငယ်သူငယ်ချင်းတွေကိုသတိရတယ် ခုတော့တစ်နေရာစီ
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
Copy မကြိုက်တဲ့ ညီမငယ် steemit မှာလဲ copy မရှိတော့ကြိုက်တယ်မလားကွယ်😁
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
ငယ်ဘဝ အမှတ်တရတွေရင်ဝယ်ပိုက်ကာ ရှေ့ဆက်လျှောက်ပါ
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
ဇာတ်လမ်းလေးတွေ ပြောတော့မယ်ပေါ့
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
ငယ်ဘဝလေး😁😁😁
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
ကိုယ်တိုင်ကျက်တော့ကိုယ်တိုင်ရတာပေါ့ စာကြိုးစားတဲ့ညီမနောက်ဆုံးဆယ်တန်းနှစ်ခြင်းပေါက်အောင်တယ်မလို့လားဗျ
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
ဟုတ်တယ်

ငယ်ဘဝ လေးတွေ တွေးရတာရင်ခုန်မိတယ်ဗျာ
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
ဟုတ်

ငယ်ဘ၀အကြောင်းအရာရေးပြတာကောင်းပါတယ်...ဆက်ဖတ်ပါ့မယ်
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
Thanks sis
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
ကိုယ်လည်း
စာညံ့ တယ်
မင်း ကိုယ့်ကို အကြံပေးပါဦး
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
တော်ပါတယ် e major ကလည်း
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
ပျော်ခဲ့ရတဲ့ ဘဝလေး ..
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
ဟုတ်တယ်အမရေ
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
အလွယ်လိုက်တဲ့သူက ဈေးပေါတာကိုဘဲရမှာပေါ့ ဟုတ်တယ်မလားဗျ
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
ဟုတ်တယ် bro
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
ငယ်ဘဝနဲ့လိုက်ဖတ်အောင်ပုံလေးတွေတင်ဆက်တာ အရမ်းကောင်းပါတယ်@yway
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
ကောင်းတယ် အမှတ်တရတွေ ပြန်သတိရမိတာပေါ့လေ။
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
သတိတော့ရတယ် ပြန်မရနိုင်တော့ဘူး
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
အဆက်စောင့်မယ်ဗျာ
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
v100%$0.7 v n m don. thanks
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
စောင့်ပြီးထပ်ပေးမယ်လေ