အဆက်အသွယ် ဖြတ်ကြည့်ပါ ။
လူတယောက် သင့်အပေါ် တကယ်ချစ်ရဲ့လား
သူ့စိတ်ထဲမှာ သင် တကယ်ရှိရဲ့လားဆိုတာ
သိချင်ရင် အဆက်အသွယ် ဖြတ်ကြည့်ပါ ။
ဖုန်းမဆက်ပါနဲ့ ။ မက်ဆေ့မပို့ပါနဲ့ ။
messenger မှာ စကားမပြောပါနဲ့ ။
ဖြစ်နိုင်ရင် Facebook မသုံးပဲ နေပါ။
ကိုယ့်ဘက်က ဆက်သွယ်မှ
ကိုယ့်ကို အဆက်အသွယ် ပြန်လုပ်နေတဲ့
ဆက်ဆံရေးမျိုးကို ရပ်တန့်ပစ်ပါ ။
လိုအပ်မှ လာပတ်သက်တဲ့သူတွေကို
ဘ၀ထဲက ထုတ်ပစ်ပါ ။
သူခင်မှ ကိုယ်ကြင်ပါ ။
တချို့လူတွေက သင့်စိတ်ရင်းနဲ့
ဆက်ဆံရမှာ တန်တဲ့သူမျိုးတွေမဟုတ်ပါဘူး ။
သူတို့ သဘောထားသလို သဘောထားကြည့်ပါ။
သူတို့ဆက်ဆံသလို ဆက်ဆံကြည့်ပါ ။
သင့်ကို တကယ်ခင်တဲ့သူ
တကယ်ချစ်တဲ့သူရှိရဲ့လားဆိုတာ သိချင်ရင်
အားလုံးနဲ့ အဆက်အသွယ် ဖြတ်ကြည့်ပါ ။
Authors get paid when people like you upvote their post.
If you enjoyed what you read here, create your account today and start earning FREE STEEM!
If you enjoyed what you read here, create your account today and start earning FREE STEEM!