ကျွန်တော်ရဲ့ အားလပ်ရက်

in myanmar •  7 years ago  (edited)

အားလုံးကို မင်္ဂလာပါခဗျာ ကျွန်​​တော်​အခုတစ်​ပါတ်
အားလုံးကိုရေးသားပြချင်​မိတဲ့ အ​ကြောင်းအရာ
က​တော့ ကျွန်​​တော်​ရဲ့ အားလပ်​ရက်

ဒီ​နေ့ အလုပ်​နားရက်​ဆို​တော့ ကျွန်​​တော်​အိပ်​ရာထဲက
တော်တော်နဲ့ မထ​ဘဲ မနက်​၉နာရီ​လောက်​ထိ မထဘဲ
အိပ်​​နေလိုက်​တယ်​ဗျာ ။ ကျွန်​​တော်​ရဲ့ ချစ်​ဇနီးက​တော့
အလုပ်​နားရက်​ဆို ​ဈေးဝယ်​​နေကြဆို​တော့
ဘယ်​ချိန်​ထဲက ထွက်​သွားလဲမသိပါဘူးဗျာ
ကျွန်​​တော်​ အိပ်​ရာထထခြင်းဆိုဘဲ steemit ကို
အရင်​ဖွင့်​ပြီး ကြည့်​မိတာ​တော့ ​နေစဉ်​​နေတိုင်း
အလုပ်​တစ်​ခုလို့ ဖြစ်​​နေလို့ လားမသိဘူး ☺ ☺
ဖွင့်​ကြည့်​ပြီး steemဈေး​တွေ တက်​တက်​လာတာတွေ့ ​လေ ပိုပြီး အားအင်​ဖြစ်​​စေတဲ့အတွက်
စာ​တွေ​ရေးရတာ ပိုပြီးအားဖြစ်​​စေတယ်​​လေ
ဒါ​ကြောင့်​ ဒီ​နေ့ ကျွန်​​တော်​တို့ အဖွဲ့ ရဲ့. Pro အတွက်
ကြိုတင်​ပြီး ပိုစ့်​တင်​ရမယ့်​​နေဆို​တော ကျွန်​​တော်​လည်း
ပိုစ့်​တင်​နိုင်​ဖို့ ကြိုးစားရမည်​ ဖြစ်​သဖြင့်​ စဉ်းစား​နေတာက
ငါရဲ့ အလုပ်​နားရက်​ဖြစ်​တဲ့အတွက်​ ကိုယ့်​အ​ကြောင်းဘဲ
ဒီတစ်​ပါတ်​​ရေးမယ်​လို့ စိတ်​ကူးမိပြီး ကျွန်​​တော်
အိပ်​ရာထ ကိုယ်​လက်​သန့်​စင်​ပြီး မိန်းမကို ဖုန်းဆက်
အ​ကြောင်းကြားပြီး ကျွန်​​တော်​ မိဘအိမ်​ကို အလည်
သွားခဲ့တယ်​ဗျာနောက်​ပြီးမိသားစုနဲ့ ထမင်းလက်​ဆုံစားသောက်​ခဲ့ပြီး ကျွန်​​တော်​လည်းနေခင်း ၁နာရီ​လောက်​မှာ အိမ်​သို့ ပြန်​မယ်​ဆိုပြီး အ​မေနဲ့ အ​ဖေကို နှုတ်​ဆက်​ပြီး
အိမ်​သို့ ပြန်​ခဲ့ပါတယ်​ဗျာ။
အိမ်​သိုအပြန်​ ကားဂိတ်​မှာ ကား​စော​င့်​နေစဉ်
ကျွန်​​တော်​ရဲ့ ဖုန်းမှ
#လမ်းထိက်​က ဆိုင်​ ငါထိုင်​​ငေး​နေ ........#
ဖုန်း​ခေါ်သံ​ကြောင့်​ ကျွန်​​တော်​ဖုန်းကို ကြည့်​လိုက်​​တော့
ကျွန်​​တော်​ရဲ့အသိ .လူပျို ကြီး ဆက်​တာ​တွေ့ ​တော့
ဟယ်​လို လူပျိုကြီး ​ပြောပါ ဘာကိစ္စရှိလို့လဲဗျ
အေ ကိစ္စ​တော့မရှိပါဘူးကွာ အလုပ်​နားရက်​ဆို​တော့
ငါတို့လူစုပြီး ဘိလိယက်​ ထိုးကြရ​အောင်​ကွာ မင်းအား
တယ်​မလား ထိုးကြမယ်​​လေ

ထိုးမယ်​​လေ ကျွန်​​တော်​အခု အ​မေ့အိမ်​က​နေ
ပြန်​ဖို့ ကား​စောင့်​နေတာ ဒါဆို တစ်​ခါတည်း
ကျွန်​​တော်​ ဘိလိယက်​ ခုံကိုလာခဲ့မယ်​ လူပျို ကြီး
လူစုထားလိုက်​​တော့ ဒါဘဲ​နော်​ ကျွန်​​တော်​ဖုန်းချလိုက်
တော့မယ်

အေ​အေ ဒါဆို ငါတို့ ​စောင့်​​နေမယ်
ကျွန်​​တော်​လဲ အခုမှသတိရတယ်​ ဟာ ငါဒီ​နေ့
အားမှမအားတာကို ​မေ့​နေတယ်​ ကျွန်​​တော်
ဒီ​နေ့ proအတွက်​ ကြိုပြီး ပိုစ့်​တင်​ရမယ်​​နေဆိုတာကို
မနက်​က​တော့သတိရပါတယ်​ဗျာ အ​ပေါင်းအသင်း​တွေ
က​ခေါ်​တော့လဲ ကျွန်​​တော်​ ၁နာရီ​လောက်​ သူတို့ နဲ့ 
အချိန်​​ပေးခဲ့ပြီး ပြန်​ရမယ်​ဆိုပြီး အကြံထုတ်နေတာပေါ့ဗျာ
လမ်းထိပ်​ကဆိုင်​ ငါထိုင်​​ငေး​နေ ​ငါ​တွေ့လိုက်​တာ....
ကျွန်​​တော်​ဖုန်းက မည်​သံကြားသဖြင့်​ ကျွန်​​တော်
အလွန်​​ပျော်သွားတာ​ပေါ့ဗျာ ကြည့်​လိုက်​​တော့
ချစ်​ဇနီးက ဖုန်း​ခေါ်ခြင်းဖြစ်​တယ်​.
ဇော်​ရေ ဘယ်​မှာလဲ အ​မေ့အိမ်​မှာလား
ပြန်​လာ​နေပြီးလား ဒီမှာ မိုးရွာ​နေလို လေလဲပါတယ်
အဲတာ အင်​တနာတိုင်​ လေတိုက်​ပြီး ​ကျိုးကျ​နေလို့
ပြန်​လာခဲ့​တော့​နော်

လာ​နေပြီ မိန်းမ​ရေ ​ရောက်​​တော့မယ်​ အခုမိုးခို​နေတာ
လမ်းထိပ်​က ကွမ်းရာဆိုင်​မှာ

အော်​ ပြီး​ရော်​ ပြီး​ရော်
မိန်းမဖုန်းချလိုက်​ပြီးကျွန်​​တော်​လဲ အားလုံးကို
အကြိုးအ​ကြောင်း​ပြောပြီး မြန်​မြန်​အိမ်​သို့ ထွက်​ခဲ့ပါတယ်
ကျွန်​​တော်​ ​ပြောဖို့ ​မေ့သွားလို ခုနက မိန်းမဖုန်းလာ​တော့
ဘာဖြစ်​လို့ ​ပျော်​တာလဲဆိုတာကိုပြောဖို့​မေ့​တော့မလို့☺
အ​ကြောင်းက ဘိလိယက်​ထိုးတာက ၅ပွဲ၆ပွဲ​လောက်​ထိ
ဆက်​တိုက်​ ကျွန်​​တော်​ကြီးဘဲ နိုင်​​နေ​တော့ ပြီး​တော့
Steemit မှာ ပိုစ့်​တင်​ဖို့ ကလဲ ရှိ​သေးတယ်​​လေဗျာ
ဒီတိုင်းကြီး ပြန်​ရင်​ မ​ကောင်းသလို ဖြစ်​​နေမှာ​ပေါ့ဗျာ
မိန်းမ ဖုန်း​ခေါ်လိုက်​​တော့ ကျွန်​​တော်​အတွက်​ အားနား
စရာ မရှိ​တော့ဘူး​ပေါ့ဗျာ ☺
ဒီ​နေ့ မှ ဘိလိယက်​ ထိုးတာ ကံ​ကောင်းတာဗျ
အရင်​ပါ​တ်​တွေက တစ်​ပါတ်​ကို ၄​သောင်း၅​သောင်း
ရှုံး​နေကြဗျ ဒီ​နေ့ မှ ကံက​ပေးလို့ မနက်​က ကျွန်​​တော်
အ​မေအိမ်​ကို သွားတာ ​ငွေ ၂သောင်း​လောက်​ဘဲ
ပါသွားတာ​လေ ၁သောင်းက ကျွန်​​တော်​ ၃လုံးထိုးခဲ့ပြီး
တူ​တွေ မှန့်​ဖိုးဘာညာ​ပေးပြီး ကျွန်​​တော်​မှာ
၆ထောင်​လောက်​ဘဲရှိ​တော့တာဗျ ☺
ဘိလိယက်​ ထိုး​ကြေးက ၅ထောင် ၁ထောင် ထိုးတာ☺
ပထမ တစ်​ပွဲစာ​တောင်​ မရှိဘူး ကျွန်​​တော်​မှာ ပါတာက
ကံ​ကောင်းစွာ ၆ပွဲဆက်​တိုက်​ နိုင်​လိုက်​တာ ☺
ထိုးတာက ကျွန်​​တော်​အပါအဝင်​ အားလုံး၅​ယောက်
ထိုးတာဆို​တော့ တစ်​ပွဲကို ၄သောင်းအထက်​​လောက်
ရလိုက်​လို့ ကျွန်​​တော်​ဟာ
၂သိန်း​ကျော်​၃သိန်း​လောက်​ အနိုင်​ရရှိခဲ့လို့ ကျွန်​​တော်
အိမ်​အပြန်​လမ်းဟာ တက်​ကြွရွှင်​လန်း​နေပြီး
အိမ်​​ရောက်​ရင်​ မိန်းမကို ငွေ​တွေပြပြီး ကြည်​နူးလိုက်
မယ်​ကွာလို့ ​တွေးပြီး ကျွန်​​တော်​​ပျော်​ရွှင်​​နေခဲ့ရတဲ့
တစ်​​နေ့အဖြစ်​ ကျွန်​​တော်​ရေးသားတင်​ပြလိုက်​ပါတယ်​ခဗျာ အားလုံးလဲ စိတ်​၏ကျန်းမာခြင်းနှင့်​ ပြည့်​စုံပြီးအောင်​မြင်​​သော​နေ့တစ်​​နေ့ ဖြစ်​ပါ​စေလို့ ကျွန်​​တော်
ဆု​တောင်း​ပေးလိုက်​ပါတယ်​ခဗျာ... zawzawhtwe
image
@zzawzawhtwe
MSC.161

Authors get paid when people like you upvote their post.
If you enjoyed what you read here, create your account today and start earning FREE STEEM!
Sort Order:  

အခုစာကို ပျော်ရွှင်စွာ ရေးသားလိုက်တယ်ပေါ့ ... ကာယကံရှင်နဲ့ ထပ်တူဝမ်းသာမိပါတယ်

ကျေုဇူးပါ ကိုစော

your post is very good friend

ဘိလိယက်တော့ ဂိမ်းထဲမှာဘဲထိုးတတ်တယ်😁😁

ကျွန်တော်လဲ အကျွမ်းကြီး မဟုတ်ပါဘူးဗျာ
ဒီနေ့ ကံကောင်းလိုပါဗျာ

You got a 0.38% upvote from @emperorofnaps courtesy of @zzawzawhtwe!

Want to promote your posts too? Send 0.05+ SBD or STEEM to @emperorofnaps to receive a share of a full upvote every 2.4 hours...Then go relax and take a nap!

သားကို တစ်ခုမှ မတွ့လို့ ယုံကြည်ခြင်းအထိ ပေးထားခဲ့တယ်။

ကျေုးဇူးပါ ဆရာ

ဘိလိယက်ကတော့ ဝါသနာပါတယ် ခုတော့ မထိုးဖြစ်တော့ဘူးရယ်

ဟုတ်ကဲ့ပါ

Wow ဆရာကျတယ်ဗျာ

ကံကောင်းလို့ ပါဗျာ

"အိပ်ရာထဲက တောတေမထဘဲ" ဆိုတာကို နားမလည်လို့ ရှင်းပြပါလား

ကျေးဇူးပါအကိုရေ
အိပ်ရာထဲက တော်တော်နဲ့ မထဘဲ ရေးတာဗျ ဟီးး
ပြင်လိုက်ပြီ ကိုလေးရေ

ကိုဇော်ထွေး သူများပိုက်ပိုက်တွေသွားယူပြီးပြန်လာတယ်ပေါ့။ မိန်းမအကြောင်းပြပြီး အမြတ်တွေရခဲ့သည်ပေါ့😂😂😂
နှစ်လုံးသုံးလုံးတွေလည်းသိပ်မလုပ်နဲ့ဗျ ကုန်မယ့်အလုပ်တွေမို့ မလုပ်စေချင်ဘူး။
စာလုံးပေါင်းသတ်ပုံလေးတွေပြန်စစ်အုံးနော်။

ကားစောက် လို့ မရေးနဲ့ 👉ကားစောင့်လို့ရေး
လမ်းထိက် 👉 လမ်းထိပ်
ကျိုးကြ 👉 ကျိုးကျ

စောက် ဆိုတဲ့စာက ဆဲတာနဲ့တူနေတာ😁😁
စောင့် လို့ရေး...မှန်ပီ👏👏👏👍

ဟုတ်ကဲ့ ကိုမိုးရေ
အခုလို အမှားများစွာကို ထောက်ပြပေးလို့ ကျေးဇူးတင်ပါတယ်ဗျာ
ကျွန်တော် သေချာစစ်တာတောင် ပါသွားသေးတယ် ဟီးးး

ကိုမိုးပြောတာလေးတွေပြင်လိုက်ပါဦးဘဒိုရေ
edit လေးကိုနိပ်ပြီးပြင်လို့ရပါတယ်

You got a 6.06% upvote from @nado.bot courtesy of @zzawzawhtwe!

Send at least 0.1 SBD to participate in bid and get upvote of 0%-100% with full voting power.

ဘိလိယက်​မှာ pro​ပေါ့

မဟုတ်ရပါဘူးဗျာ

ကျူတန်​ မကိုင်​ဖြစ်​ခဲ့တာ ဆယ်​နှစ်​​တောင်​ ​ကျော်​ခဲ့ပြီဗျာ

ညီကိုတွေ တစ်နေ့ ဆုံရင်တော့ ပြန်ကိုင်ရမယ်နော်
ကျူတန် ပြောတာနော်

မကွေးမှာမီးပျက်နေတာ၄ရက်ရှိနေလို့ ဖုန်းအားမရှိလို့ အချိန်ပေးမဖတ်နိုင်တာကိုခွင့်လွှတ်ပေးပါဗျ

ရပါတယ္ဗ်ာ

ဘိလိယက်​ကိုဂိမ်းထဲမှာ​တောင်​မထိုးတတ်​ဘူးညီ​တော့😁ဆရာပြီး😁

ဆရာကြီး ဟုတ်ပါဘူးဗျာ ကံကြောင့်ပါ

Congratulations! This post has been upvoted from the communal account, @minnowsupport, by zzawzawhtwe from the Minnow Support Project. It's a witness project run by aggroed, ausbitbank, teamsteem, theprophet0, someguy123, neoxian, followbtcnews, and netuoso. The goal is to help Steemit grow by supporting Minnows. Please find us at the Peace, Abundance, and Liberty Network (PALnet) Discord Channel. It's a completely public and open space to all members of the Steemit community who voluntarily choose to be there.

If you would like to delegate to the Minnow Support Project you can do so by clicking on the following links: 50SP, 100SP, 250SP, 500SP, 1000SP, 5000SP.
Be sure to leave at least 50SP undelegated on your account.