Leaning on the mouse (the patient)

in new •  8 years ago 


village is very poisonous Cobra cat outside in the fields near the village of there.The cobra at least all of the village, as well as out in the field The bite that villagers No one inside the village as well as in the field.Then alms round except when i Villagers cobra The applicant large cobra As long as I bless patience perpetration As well as the field went into the village, where the cobra.And the cobra out Field If you see a mouse came to the prison He ran a bite.How cobra bite smile he received nothing. Love can be multiplied many times.Then the big cobra terrified. My lord recluse venom is very strong. If you bite me. The process may take a short while Humans Why lord recluse Not an individual.
It asked the you will love cobra Be it your poison in my triumph It is poisoned by angry humans Victory will love Everything can be achieved. You do not bite humans since today I love to put on him.Then came like the cobra Commitment of you.When a cobra bite The villagers went to the top to slip past cobra. The cobra looked and I love being right ..ENGLISH
Then, the villagers went to tread a large cobra.. Then looked at and I love being right ..
Over time, and as villagers The cobra is a mockery of the great children Have since folded. And also I love being a mistake..
So he wakes up, more and more villagers. Have begun to afflict a large cobra. The situation does come up Tail waving hand.
So, the situation had not happened, I will die Thus the ring as well as the hermit asked :) Of sugar cane out. When The hermit could love Everything can now be achieved without going dead The situation at the other end.And such a good laugh .Then why O hermit cobra What will be my life that I love The bite is not dangerous to people But you must do The mouse has four thousand cushion.Or careless mockery of course you can be That's why the mouse've indicator of a prison And he released him..so As the edge of the villagers and the cobra The mouse indicator prison Keep longer remotely separated.
Power is not bad, although there were times If you are not too patient. Do not forget to show the downtrodden people. So good-natured Rice will need to appear. "Facilitating post-servant" The proverb, one who believes that too much.Therefore, all the time. He asked all the time. So, the absence of excessive upward Through his dignity and mutual respect.

အမောက်ထောင်၍(သည်းခံ)ပါ
ရှေးအခါက ရွာတစ်ရွာမှာ အင်မတန်အဆိပ်ပြင်းတဲ့မြွေဟောက်ကြီးတစ်ကောင်သည် ရွာ၏အနီးလယ်ကွင်းပြင်မှာ ရှိနေခဲ့တယ်။အဲဒီမြွေဟောက်ကြီးဟာ ရွာအပြင်လယ်ကွင်းထဲ ထွက်လာသူအားလုံးကို
လိုက်၍ကိုက်သတ်နေသောကြောင့် ရွာသားများဟာရွာအပြင်လယ်ကွင်းထဲကို မည်သူမျှမသွားရဲကြပေ။
ထိုအခါ ရသေ့ကြီးတစ်ပါးသည် ရွာထဲသို့ဆွမ်းခံကြွလာသောအခါi
ရွာသားများက ရသေ့ကြီးအား မြွေဟောက်ကြီးအကြောင်း
လျှောက်ထားကြရာ ရသေ့ကြီးသည် မြွေဟောက်ကြီးကိုမေတ္တာပို့သ၍ ခန္တီတရားလက်ကိုင်းထားကာ
မြွေဟောက်ကြီးရှိရာ ရွာအပြင်လယ်ကွင်းထဲသို့ သွားလေ၏။
မြွေဟောက်ကြီးသည် ရသေ့ကြီးလယ်ကွင်းထဲ ထွက်လာသည်ကို
မြင်တယ်ဆိုရင်ပဲ အမောက်ထောင်ကာ ရသေ့ကြီးရှိရာသို့ပြေးကာကိုက်လေ၏။ရသေ့ကြီးသည် မြွေဟောက်ကြီးမည်မျှကိုက်နေပါမူ
ဘာမျှမဖြစ် အပြုံးမပျက်ပဲ သီးခံတော်မူ၍ မေတ္တာကိုသာကြိမ်ဖန်များစွာပွားများနေလေသည်။ထိုအခါ မြွေဟောက်ကြီးသည် ထိတ်လန့်၍ မေးလေသည်။
အရှင်ရသေ့ ကျွန်ုပ်၏အဆိပ်ဟာ အင်မတန်ပြင်းသည်။ကျွန်ုပ်ကိုက်၍ ကွမ်းတစ်ယာညက်မျှကြာလျှင် လူသားတွေဟာ
သေကုန်ပါတယ် သို့သော် အရှင်ရသေ့က အဘယ်ကြောင့်မသေပါသနည်း။
ထိုသို့မေးသောအခါ ရသေ့ကြီးက သင်မြွေဟောက် မေတ္တာထား၍သည်းခံခြင်းကြောင့်သာ သင့်အဆိပ်ကို ကျွန်ုပ်အောင်နိုင်ခြင်းဖြစ်တယ်ဒါကြောင့် သင်သည်လည်း လူသားတွေကို ဒေါသအဆိပ်ဖြင့်အနိုင်ယူခြင်းထက် မေတ္တာထား၍သီးခံခြင်းဟာအရာအားလုံးကိုအောင်မြင်နိုင်ပါတယ်။သင်သည်လည်းယနေ့က စ၍လူသားတွေကို မကိုက်သတ်ပါနဲ့မေတ္တာထား၍ သီးခံပေးပါလို့ ဆုံးမတော်မူလေသည်။
ထိုအခါ မြွေဟောက်ကြီးလည်း သဘောကျနှစ်သက်၍ကတိသစ္စာပေးလိုက်၏။
မြွေဟောက်ကြီး မကိုက်တော့မှန်း သိလေသောအခါရွာသားများသည် မြွေဟောက်ကြီးအပေါ်ကနေ ကျော်ခွသွားလေ၏။မြွေဟောက်ကြီးက မော့ကြည့်ကာ အော်မေတ္တာထားသီးခံရမယ်လေ
ဆိုကာ သီးခံ၍သာ နေလေ၏။
ထို့နောက် ရွာသားများဟာ မြွေဟောက်ကြီးကို နင်း၍သွားကြ၏။
ထိုအခါမှာလည်း မော့ကြည့်ကာအော်မေတ္တာထားသီးခံရမယ်လေဆိုကာ သီးခံ၍သာ နေလေ၏။
အချိန်ကြာလာသည်နှင့်အမျှ ရွာသားများဟာ မြွေဟောက်ကြီးကို ပျက်ရယ်ပြုကာ ကလေးတွေကအစခွေခေါက်ကစားလာကြသည်။ ထိုအခါတွင်လည်း
အော်မေတ္တာထားသီးခံရမယ်လေ ဆိုကာ သီးခံ၍သာ နေလေ၏။
ဒါနဲ့ရွာသားများဟာ မကိုက်မှန်းသိလေတော့ ပို၍တိုး၍မြွေဟောက်ကြီးကို ညှဉ်းဆဲလာကြသည်။
အခြေအနေက ဘယ်အထိရောက်လာသလဲဆိုရင်အမြီးကိုင် ဝှေ့ယမ်းကစားကြလေသည်။
ဒီတော့ မဖြစ်လေဘူး ဒီအတိုင်းဆို ငါသေလိမ့်မည် အရှင်ရသေ့ထံသွားမေးလျောက်အုံးမှပဲလို့ကြံကာ ထွက်လာခဲ့၏။ ရသေ့ကြီးထံ ရောက်တဲ့အခါအရှင်ရသေ့ ပြောတော့ သီးခံခြင်းမေတ္တာထားခြင်းဟာအရာရာအောင်မြင်နိုင်တယ်ဆို ခုတော့ သေရတော့မဲ့အခြေအနေရောက်လာပါပြီဘုရား။ဒီလိုလျောက်တော့ ရသေ့ကြီးက ရယ်လေ၏။ထိုအခါ မြွေဟောက်ကြီးက အရှင်ရသေ့ အဘယ်ကြောင့်ရယ်ရပါသလဲ အော် မေတ္တာထား သီခံရမည် ဆိုတာလူတွေကို အန္တရာယ်မပေး မကိုက်သတ်ဘဲနေရမယ်လို့ ပြောတာပါ ဒါပေမဲ့မင်းက အမောက်ကလေးထောင်အုံးမှပေါ့။သို့မဟုတ်ပါက မထီလေးစား ပျက်ရယ်ပြုတာခံရနိုင်တာပေါ့ဒါကြောင့် အမောက်လေးတော့ ထောင်ပြလိုက်ပါလို့မှာ၍ ပြန်လွှတ်လိုက်လေ၏။
သို့မှသာမြွေဟောက်ကြီးသည် ရွာသားများသူ့အနားလာသည်နှင့်အမောက်ထောင်ပြလိုက်ရာ ရွာသားတို့သည်လည်းအနားမကပ်ရဲတော့ဘဲ အဝေးမှ ကွေကွင်းသွားလေသည်။သည်းခံသည် ဆိုပေမဲ့ ကိုယ့်မညံ့ဘူးအစွမ်းအဆရှိတယ်ဆိုတာတော့ပြသပေးဖို့ မမေ့ပါနဲ့။သည်းခံလွန်းရင်လည်း လူတွေရဲ့ နင်းပြားဖြစ်တတ်ပါသည်။သဘောကောင်းတယ်ဆိုသော်လည်းပေါ်ပေါ်တောတော မဆန်ဖို့လိုပါသည်။ "သဒ္ဓါလွန်တော့ ကျွန်ဖြစ်တယ်"ဆိုတဲ့ စကားပုံလို မိမိသည် တပါးသူအပေါ် အလွန်အမင်းယုံကြည်သည်။ထို့ကြောင့် သူလိုသမျှ ပေးတတ်သည်။သူခိုင်းသမျှ လုပ်တတ်သည် ။ဒါ့ကြောင့် လိုတာထက် ပိုလွန်မှု မရှိခြင်းသည် မိမိသိက္ခာအား ထိန်းသောအားဖြင့် အပြန်အလှန် လေးစားမှုကို ရရှိစေမှာ ဖြစ်ပါတယ်။

Authors get paid when people like you upvote their post.
If you enjoyed what you read here, create your account today and start earning FREE STEEM!
Sort Order:  

I Afraid Snake . But upvote you.

Thank.bro