အေးစက်စက်နေ့ရက်များ
စက္ကန့်တွေ ဒရဟောထွက်ကျနေခဲ့ပြီ
စက္ကန့်တွေ...စက္ကန့်တွေ...မြို့လုံးအနှံ့ ဖုံးလွှမ်းပြည့်နှက်လို့
လူတွေကို အိုမင်းစေဖို့ အရာဝတ္ထု တွေကို ဆွေးမြည့်စေဖို့
ကမ္ဘာကြီးကို ပိုပြီး ရူးသွပ်စေဖို့
စက္ကန့်တွေ တဖွဲဖွဲ ကြဲပက်သွန်ချနေခဲ့သည်။
သင်္ချို င်းမြေကို သိပ်သည်းစေဖို့
မြစ်များကို တွန့်ကောက်စေဖို့နဲ့
ကြယ်တာရာတွေကို ပိုပြီးအထီးကျန်စေဖို့ အေးစက်စက် စက္ကန့်များ
တဖွဲဖွဲ တသဲသဲ နှင့် မြို့လုံးအနှံ့
ဖုံးလွှမ်းပြည့်နှက်လာခဲ့ပေါ့
ကျွန်တော်က စက္ကန့်တွေကို ဂေါ်တစ်လက်နဲ့ ကြုံးပြီး အအေးခန်းလေးထဲ ထည့်နေခဲ့တယ်
ပြီးနောက်
အခန်းတံခါးတွေ တဂျို င်းဂျို င်းပိတ်ပိတ်လိုက်တော့ အေးသောစက္ကန့်များထဲမှာ နာရီအိုကြီးက ညည်းညူလိုက်သည် ငါ အကြီးအကြယ် အအေးမိတော့မှာပဲဟေ့...တဲ့။
လေယာဉ်တစ်စင်း စက္ကန့်တွေထဲ တိုးဝင် ပျံသန်းသွားသည်။
ဆွေးမြည့်နေသော အင်ဂျင်စက်သံများက သမိုင်းစာအုပ်ထဲမှာ
အက္ခရာတွေအဖြစ်ပေါ်လာပေါ့...
မြို့ကြီးက မေးချင်းတဂတ်ဂတ်ရိုက်လို့..
ရေနွေးငွေ့ ရထားကြီးက စက္ကန့်တွေတက်ဆောင်ကာ မနက်ဖြန်မြို့များဆီ ခုတ်မောင်းသွားပြီ..
စားသူမဲ့ ပေါင်မုန့်များကိုတင်ဆောင်ကာ မြည်းလှည်းတစ်စီး မြို့ထဲကိုဝင်လာသည်။
စက္ကန့်တွေထဲမှာ လူငယ်တေလေဂျပိုးတစ်ယောက် အသားတုံးတစ်တုံးကို မြိုချနေခဲ့ ဖန်ခွက်ထဲမှာလည်း
စက္ကန့်အေးအေးလေးတွေ
အဖိုးအိုတစ်ယောက်ရဲ့ စုဗူးထဲမှားလည်း စက္ကန့်တွေအေးစက်လို့
ဥတစ်လုံးကွဲအက် ငှက်တစ်ကောင်
ထွက်လာ ပျံသန်းသွား..
မျြို့ကြီးပေါ်မှာ နားပြီးတွန်ကျူးလိုက်ပေါ့ ...
မြို့ကြီးရဲ့ ကိုယ်ပိုင်အဘိဓမ္မာတွေ
အရေခွံလဲကြ..
မြို့ကြီးရဲ့ ကိုယ်ပိုင်ရက်စွဲတွေ အရေခွံလဲကြ..
မြို့ကြီးရဲ့ ကိုယ်ပိုင်အိမ်မက်တွေ အရေခွံလဲကြ....
နေ့နဲ့ ညက ခြေခြင်းလိမ်လို့ လမ်းပေါ်မှာ..
ဘတ်စ်ကားတစ်စီးက တယောသံကို လမ်းမကြီးအထိ ဆွဲဆန့်လိုက်တယ်...
အဖိုးအိုတစ်ယောက် သူ့ခြေထောက်ထဲက ဆူးတွေ တစ်ချောင်းပြီး တစ်ချောင်း နူတ်လို့...
ဝန်ချီစက်တွေက လေးလံတဲ့မေးခွန်းများကိုတဖြည်းဖြည်းမ ယူလိုက်ကြပြီ..
နာရီအိုကြီးက နို့ပူပူတစ်ခွက်ကို သောက်ကာ အခန်းထောင့်မှာထိုင်လို့ ..
ဆံသဆရာရဲ့ စက်ကတ်ကြေးက ကျွန်တော့်အခန်းထဲမှာ တဒီးဒီးပျံဝဲလို့ ..
လမ်းမပေါ် စက္ကန့်တွေထဲမှာ သစ်ပင်တွေက မုတ်ဆိတ်မွှေး ရှည်ရှည်တွေထွက်လာကြတယ်...
ယူစရာ သံဝေဂ ဘာမှလက်ကျန်မရှိတော့တဲ့ ၃၂ ကောဌာသကြီးက ခုန်ဆွခုန်ဆွနဲ့...
ကောင်းကင်တီးဝိုင်းက ကျယ်လောင်လောင် တောက်တောက်ပပ ဒရမ်ကြီးကလည်း တုန်ခါလို့....
ပင်လယ်ထဲမှာလည်း စက္ကန့်တွေ အေးစက် စီးဆင်းနေ..
အဝေးက သင်္ဘောတစ်စီး ခုတ်မောင်းလာ၊ သံလိုက်အိမ်မြှောင်မှာ တောင့်တင်းအေးခဲလို့..
ကျွန်တော့်ရဲ့ ကပ္ပတိန်ဟာ စက္ကန့်တွေခွာချဖို့ အမိန့်ပေးရင်း ကမ်းကပ်ဖို့
ချဉ်းနင်းဝင်ရောက်လာခဲ့ပြီ...။
Authors get paid when people like you upvote their post.
If you enjoyed what you read here, create your account today and start earning FREE STEEM!
If you enjoyed what you read here, create your account today and start earning FREE STEEM!
Good
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
Vote
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
Like
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
Good
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
good
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
Good bdo
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
done bro
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit