Poem

in poem •  7 years ago 

Poem
ဂျင်​နီ သင့်​ရဲ့လက်​နှိပ်​ဓာတ်​မီးကို ပိတ်​လိုက်​ပါ​တော့
ရေဆိုး​မြောင်းထဲမှာ သံ​ချေးတက်​​နေတဲ့ ငါး​တွေကူးခတ်​​နေကြ တလူပ်​လူပ်​....
မျက်​ကန်းဖားတစ်​​ကောင်​က​တော့
ခုန်​ဆွခုန်​ဆွ ပြီး​တော့ခုန်​ဆွ ​နောက်​ခုန်​ဆွနဲ့လမ်းမ​ပေါ် အိမ်​မပြန်​တတ်​​တော့တဲ့ ​မော်​​တော်​ကား​တွေ
ကတ္တရာလမ်းမ​ပေါ် မျက်​စိလည်​​နေကြ...
ရုပ်​ရှင်​ရုံ​တွေမှာ "UFO ​တွေ​ရောက်​လာပြီ" ဆိုတဲ့ဇာတ်​ကားပြ​နေ လူ​တွေကြိတ်​ကြိတ်​တိုးလို့....။
ဗျိုး...ဂျင်​နီ
ကင်​မရာ​ရှေ့မှာ လူကြမ်း​တွေ​မှောက်​​မှောက်​လဲသွား​အောင်​ ဘာဖြစ်​လို့ခဏခဏ ဖန်​ဆင်းရတာလဲ..
အစာရှာသူ​ခွေးမကြီးကို ​လော်​လီကားကြီးတစ်​စင်း အရှိန်​ပြင်းပြင်း
ဝင်​ကြိတ်​သွား ​သွေး​တွေအိုင်​ထွန်းပွက်​ကျ ၊ အဲ့​သွေး​တွေကို ​ခွေးက​လေး​တွေ လျှက်​​နေကြရဲ့..
အရက်​ပြတင်း​တွေ တစ်​ပြိုင်​ထဲပွင့်​လာ၊ လူ​တွေဒရွတိဆွဲကြလို့..
အရက်​ခိုး ၊ ​ချွေးနံ့​ဟောင်​​ဟောင်​ ၊
ချေး​ညှော်​အထပ်​ထပ်​ ၊ မလတ်​မဆတ်​ အသားတုံး​တွေ ၊ နှမ်းဖတ်​ချဉ်​ ၊
အဆင်​မ​ပြေမူ့နဲ့ ၊ သင်​တုန်း​ဓားတစ်​လက်​..။
ဗျို့....ဂျင်​နီ
ယာဉ်​ထိန်းရဲ​တွေကို ဝီစီသံစူးစူးမြည်​​အောင်​ ဘာဖြစ်​လို့ ခဏခဏ ဖန်​ဆင်းရတာလဲ..
ထပ်​ခိုး​ပေါ်မှာ ခို​တွေညည်း​နေကြ
ပေါက်​ပြဲ​နေတဲ့ ဝိုင်​ယာ​တွေက လူပ်​လိုက်​တိုင်း မီးပွား​တွေလွင့်​ကျလို့..
ဆောက်​လက်​စတိုက်​ရဲ့ ပဉ္စမ​မျောက်​အထပ်​က အုတ်​ခဲတစ်​လုံးပြုတ်​ကျလာ ​လေထဲမှာ ရပ်​တန့်​သွား...
ဗျို့....ဂျင်​နီ
ကြွက်​​ထောင်​​ချောက်​ထဲမှာ အသားတုံးကြီးကြီး​တွေကို ဘာဖြစ်​လို့ ခဏခဏ တပ်​ဆင်​ရတာလဲ။
နာရီစင်​​တွေက မြို့ကြီးကို တုန့်​ခနဲ
ရပ်​တန့်​မ​သွား​အောင်​ကာကွယ်​​နေကြ..
သူ​တောင်းစားတစ်​​ယောက်​က သူ့လက်​ဖဝါးကို ဖြန်​ပြလို့ (အင်္ဂါမစုံ)
ဒီက​နေ့ရရှိတဲ့အ​ဖြေ​တွေဟာ မနက်​ဖြန်​မှာ ​မေးခွန်း​တွေဖြစ်​သွားအုံးမှာပဲတဲ့..ဝှက်​ဖဲတစ်​ချပ်​က " ကျွန်​​တော်​ဒီမှာဗျ " လို့ထ​အော်​​နေ..
" ဝံပ​လွေများသာ" တဲ့ က​ဖေးဆိုင်​ဆီက ​ညှော်​နံ့​တွေရ​ပေါ့..။
ဗျို့ .. ဂျင်​နီ
မ​အောင်​မြင်​​သေးတဲ့ ကဗျာဆရာတစ်​​ယောက်​အတွက်​ ဘာဖြစ်​လို့ ကာရန်​ခဏခဏ ဝှက်​ထားရတာလဲ ။
အသံထွက်​ ဒါဏ်​ရာတစ်​ခု အခန်းနံပါတ်​ (၉၆)မှာတည်းခို​နေ..
ကမ္ဘာဦးသား​ကောင်​​တွေ ​ခေါင်းခြင်းဆိုင်​ကာ အကြီးအကျယ်​​တွေး​ခေါ်​နေကြ...
ကောင်းကင်​ဘုံက ရိုက်​လိုက်​တဲ့ သံကြိုးစာ ကမ္ဘာ​မြေ​ပေါ်မှာ​ပျောက်​ဆုံးသွား (လိပ်​စာမှားလို့ဆိုပဲ)
သင်​တုန်းဓားထဲမှာ သံသယ​တွေမပါပါ​စေနဲ့ ..။

ဗျို့ ..ဂျင်​နီ
သင့်​ရဲ့မုတ်​ဆိတ်​​မွှေး​တွေကို ဆံသဆရာမမြင်​​အောင်​ ဘာဖြစ်​လို့ ခဏခဏ ဝှက်​ထားရတာလဲ။
နံရိုးတစ်​​ချောင်းမပါသူက စွတ်​ပြုတ်​ပူပူတစ်​ပွဲကို လိုက်​ရှာ​နေ..
သားသတ်​ရုံထဲမှာ ဦး​ခေါင်းမပါတဲ့ နွားကြီး လှည့်​ပတ်​​ပြေး​နေ ..
image
သံလိုက်​တုံးတစ်​တုံးက ပင်​အပ်​ ၊
ဘလိပ်​ဓား ၊ သံမို ၊ သံတိုသံစ​တွေကိုဆွဲငင်​လို့...
ဗျို့...ဂျင်​နီ
ဘာဖြစ်​လို့ ​ကောင်းကင်​ကို အ​ပေါက်​​တွေ ထွင်းမထားတာလဲ ။
သစ်​သီး​တွေ ၊ ပြီး​တော့ ဘယာ​ကြော်​ ၊​ ​နောက်​ ​ပေါင်​မုန့်​ ၊လက်​ဖက်​ရည်​နဲ့ ၊​ကောင်းကင်​ဘုံ တစ်​ဆိပ်​ဘီယာ ကြွပ်​​နေ​အောင်​​ကြော်​ထားတဲ့ ကြက်​​တောင်​ပံ...
image
ဆာ​လောင်​မူ့က ကိုယ်​​ရောင်​ကိုယ်​ဝါ​တောက်​ပလို့..
ဗျို့.....ဂျင်​နီ
image
သင့်​ရဲ့ လက်​နှိပ်​ဓာတ်​မီးကို ပိတ်​လိုက်​ပါ​တော့ ။
Photo credit google
SMT-1
aungmyomindin
Thank

Authors get paid when people like you upvote their post.
If you enjoyed what you read here, create your account today and start earning FREE STEEM!
Sort Order:  

SMT 32

Smt 21 done

Smt37

Thank

Smt29 done

Thank

Smt40

SMT26

SMT-34

Smt 33

Thank

SMT-28
Done

SMT36 nice bro

Thank

SMT 35

SMT-24 done

SMT 30

Smt 27

Smt23

SMT 25 Done bro

SMT 39

SMT 22

This post has received a 0.03 % upvote from @drotto thanks to: @aungmyomindin.