နိုင်ငံတကာအမျိုးသမီး ရဲစွမ်းသတ္တိရှင်ဆုကို ရိုဟင်ဂျာအမျိုးသမီး ရဇီယာဆုလ်တာနာ ရရှိ

in rohingya •  6 years ago 


အမေရိကန်နိုင်ငံကချီးမြှင့်တဲ့ နိုင်ငံတကာ အမျိုးသမီး ရဲစွမ်းသတ္တိရှင်များဆုကို
မြန်မာနိုင်ငံတွင် မွေးဖွားသည့် ဘင်္ဂလားဒေ့ရှ်နိုင်ငံသူ မရဇီယာဆုလ်တာနာက နိုင်ငံတကာ
အမျိုးသမီး ၉ဦးနဲ့အတူ လက်ခံရရှိတာ ဖြစ်ပါတယ်။

ရဇီယာ ဆုလ်တာနာဟာ ၁၉၇၃ခုနှစ်မှာ ရခိုင်ပြည်နယ် မောင်တောမြို့တွင် နေထိုင်ကြတဲ့ ရိုဟင်ဂျာ မိဘနှစ်ပါးက မွေးဖွားခဲ့တာဖြစ်ပြီး သူမဟာ ရိုဟင်ဂျာ လူမျိုးစုရဲ့ လူ့အခွင့်အရေးဆိုင်ရာ ကိစ္စရပ်တွေကို ဆောင်ရွက်နေသူ တစ်ဦးဖြစ်ပါတယ်။

သူမရဲ့ ဘဝကို ရှေ့နေ၊ ကျောင်းဆရာမ၊ လူ့အခွင့်အရေး လှုပ်ရှားသူအဖြစ် ဖြတ်သန်းနေသူ တစ်ဦးလည်း ဖြစ်ပါတယ်။၂၀၁၆ခုနှစ်က စပြီး သူမဟာ ရာပေါင်းမြောက်များစွာသော ဘင်္ဂလားဒေ့ရှိ နိုင်ငံတွင်း ခိုလှုံနေကြသည့် ရိုဟင်ဂျာတွေဒုက္ခသည်တွေကို မေးမြန်းမှုတွေ အခြေခံပြီး ရိုဟင်ဂျာတွေ အပေါ် လူ့အခွင့်အရေး ချိုးဖေါက်မှုတွေ ရှိနေကြောင်း အစီရင်ခံစာတွေ ရေးသားခဲ့သူလည်း ဖြစ်ပါတယ်။

၁၃ ကြိမ်မြောက် နိုင်ငံတကာအမျိုးသမီး ရဲစွမ်းသတ္တိရှင်များဆုကို ချီးမြှင့်ရာတွင် အမျိုးသမီးများ၏ အခွင့်အရေးအတွက် အထူးကြိုးပမ်းခဲ့ကြသူများကို ရွေးချယ် ချီးမြှင့်တာဖြစ်ပြီး နိုင်ငံတကာမှ အမျိုးသမီး စုစုပေါင်း ၁၀ ဦးကို ချီးမြှင့်တာပဲ ဖြစ်ပါတယ်။

နိုင်ငံတကာ အမျိုးသမီးရဲစွမ်းသတ္တိရှင်များဆုချီးမြှင့်ရန် သက်ဆိုင်ရာနိုင်ငံများမှ အမျိုးသမီး စွမ်းဆောင်ရှင်များကို သက်ဆိုင်ရာ နိုင်ငံအသီးသီးရှိ အမေရိကန်သံရုံးများမှ ရွေးချယ်ခဲ့ပြီးနောက် အမေရိကန်နိုင်ငံခြားရေးဌာနက နောက်ဆုံးအတည်ပြု ရွေးချယ် အပ်နှင်းပေးခဲ့တာပဲ ဖြစ်ပါတယ်။
Source: thedailystar

သတင်းအချက်လက်များကိုပေးပို့လိုပါက [email protected] သို့ E-mail မှတစ်ဆင့်ပေးပို့နိုင်ပါသည်။



Posted from my blog with SteemPress : http://www.rvisiontv.com/burmese/%e1%82%8f%e1%80%ad%e1%80%af%e1%80%84%e1%80%b9%e1%80%84%e1%80%b6%e1%80%90%e1%80%80%e1%80%ac%e1%80%a1%e1%80%99%e1%80%ba%e1%80%ad%e1%80%b3%e1%80%b8%e1%80%9e%e1%80%99%e1%80%ae%e1%80%b8-%e1%80%9b%e1%80%b2/
Authors get paid when people like you upvote their post.
If you enjoyed what you read here, create your account today and start earning FREE STEEM!