ဘင်္ဂလားဒေ့ရှ်မှ ထွက်ခွာနေသည့် ရိုဟင်ဂျာ(၃၀)ဦးကို နယ်ခြားစောင့်တပ်က ရပ်တန့်ခဲ့

in rvisionburmese •  6 years ago 


ဒုက္ခသည်စခန်းများတွင် နေထိုင်ကြသော ရိုဟင်ဂျာဒုက္ခသည်များ အရှေ့တောင်အာရှနိုင်ငံများသို့ လူကုန်ကူးခံရမည်ကို စိုးရိမ်နေချိန်တွင် မလေးရှားနိုင်ငံသို့ လူကုန်ကူးခံနေရသည့် ရိုဟင်ဂျာဒုက္ခသည် (၃၀)ဦးရေကို ဖေဖေါ်ဝါရီလ(၈) ရက် သောကြာနေ့က ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့်တပ်ဖွဲ့မှ ရပ်တန့် နိုင်ခဲ့ကြောင်း Channel News Asiaတွင် ဖော်ပြထားပါတယ်။

လူကုန်ကူးသူများအဖြစ် သံသယရှိသူနှစ်ဦးကို ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့်တပ်ဖွဲ့က ကော့ဇ်ဘဇားခရိုင်မှာ ပြီးခဲ့တဲ့ ကြာသပတေးနေ့က ဖမ်းဆီးနိုင်ခဲ့ကြောင်း တာဝန်ရှိသူများက ပြောဆိုလိုက်ပါတယ်။ ပြီးခဲ့တဲ့ နိုဝင်ဘာလကစပြီး မွတ်စလင်အများစုနေထိုင်ကြတဲ့ မလေးရှားနိုင်ငံသို့ စက်လှေများဖြင့် လူကုန်ကူးခြင်း ခံနေရသည်ကို တတိယအကြိမ် တားဆီးနိုင်ငံခြင်းပဲ ဖြစ်ပါတယ်။

မြန်မာနိုင်ငံမှ ထွက်ခွာရန် ကြိုးစားနေသော စက်လှေတစ်ချို့ကိုလည်း အချိန်မှီ တားဆီးနိုင်ခဲ့ပြီး တဲခ်နာ့ဖ်မြိ့ အနီးရှိ ကမ်းခြေတစ်ခုတွင် ရိုဟင်ဂျာ အမျိုးသမီး (၁၇)ဦး၊ ကလေးငယ်(၆)ဦးနှင့် အမျိုးသား(၇)ဦး တို့ကို ထိန်းသိမ်းထားခဲ့ကြောင်း သိရှိရပါတယ်။

ကော့ဇ်ဘဇား ဒုက္ခသည်စခန်းများမှ ရိုဟင်ဂျာ (၃၀)ဦးတို့သည် လူကုန်ကူးသူများ၏ သွေးဆောင် ဖျားယောင်းမှုကို ခံရခြင်းဖြစ်ပြီး မလေးရှားနိုင်ငံသို့ ဘေးကင်းလုံခြုံစွာ ရောက်ရှိပါက တစ်ဦးလျင် အမေရိကန်ဒေါ်လာ တစ်ထောင်နှုန်း ပေးရကြောင်း ဒုတိယဗိုလ်မှူးကြီး အဆာဒူဇာမန်ချောင်ဒရီက ပြောဆိုခဲ့ပါတယ်။

တားဆီးခံရသည့် အဖွဲ့မှ အမည်မဖော်လိုသူ အမျိုးသမီးတစ်ဦးက သူမသည် မလေးရှာနိုင်ငံသို့ သူမတစ်ကြိမ် တစ်ခါမှ မဆုံဖူးသူနဲ့ အိမ်ထောင်ပြုရန် သွားနေခြင်းဖြစ်ပြီး၊ သူမရဲ့ ဦးလေးက ဒီခရီးစဉ်အတွက် ကုန်ကျစရိတ်ကို ပေးခဲ့ကြောင်းနှင့် သူမ လက်ထပ်ရမည့်သူကို မလေးရှားရောက်လျင် တွေ့ဆုံနိုင်မည် ဖြစ်ကြောင်း ပြောခဲ့ပါတယ်။

ရာသီဥတုအခြေနေ ကောင်းမွန်လာချိန်မှာ အန္တရာယ်များတဲ့ စက်လှေခရီးနဲ့ ဘင်္ဂလားဒေ့ရှ် ဒုက္ခသည်စခန်းက ရိုဟင်ဂျာတွေကို လူကုန်ကူးသူတွေက သွေးဆောင်ဖြားယောင်းပြီး မလေးရှားနိုင်ငံသို့ လူကုန်ကူးမည်ကို စိုးရိမ်နေကြရပါတယ်။ ၂၀၁၅ခုနှစ်မှာ ဘင်္ဂလားဒေ့ရှ်နိုင်ငံက လူကုန်ကူးမှုကို မနှိမ်နှင်းမှီ ကာလအတွင်း ထောင်ပေါင်းများစွာသော ဒုက္ခသည်စခန်းမှ ရိုဟင်ဂျာများ မလေးရှားသို့ လူကုန်ကူးခံခဲ့ကြရပါတယ်။
Source: Channelnewsasia
သတင်းအချက်လက်များကိုပေးပို့လိုပါက [email protected] သို့ E-mail မှတစ်ဆင့်ပေးပို့နိုင်ပါသည်။



Posted from my blog with SteemPress : http://www.rvisiontv.com/burmese/%e1%80%98%e1%80%82%e1%81%a4%e1%80%9c%e1%80%ac%e1%80%b8%e1%80%b1%e1%80%92%e1%80%b7%e1%80%9b%e1%80%bd%e1%80%b9%e1%80%99%e1%80%bd-%e1%80%91%e1%80%bc%e1%80%80%e1%80%b9%e1%80%81%e1%80%bc%e1%80%ac%e1%80%b1/
Authors get paid when people like you upvote their post.
If you enjoyed what you read here, create your account today and start earning FREE STEEM!