အာကာသထဲသို့ ခရီးသွားခြင်း

in space-craft •  7 years ago 

Peaceဆိုတာက ဘာလဲ...ကျွန်တော်တို့ Peaceဆိုတာကို ငြိမ်းချမ်းရေး/ငြိမ်းချမ်းသည်လို့ ပဲနားလည်ကြတာပါ...အခုပြောမဲ့နေရာမှာ Peace(russiaလိုmir)ဆိုတာကတော့ Russiaကနေ တည်ဆောက်ထားတဲ့ အကြီးဆုံး အာကာသအခြေစိုက်စခန်းကြီးပဲ ဖြစ်ပါတယ်...အဲ့အခြေစိုက် စခန်းကြီး အာကာသထဲမှာ လွင့်မျှောနေတဲ့ အိမ်တစ်လုံးနဲ့တူပါတယ်...အဆိုပာအာကာသ အခြေစိုက်စခန်းသည်လည်းပဲ ကမ္ဘာကြီး ကို လ ကဲ့သို့ စက်ဝိုင်းပုံစံ လည်ပတ်နေပါတယ်..အာကာသယာဉ်မှူးတွေဟာ အဆိုပါ အာကာသ အခြေစိုက်စခန်းမှာ လပေါင်းများစွာ နေနိုင်ပါတယ်...အာကာသ အခြေစိုက်စခန်းကြီးဟာ 1986 ခုနှစ်မှာ ကမ္ဘာပတ်လမ်းကြောင်းထဲသိုရောက်ရှိခဲ့ပါတယ်...
images (2)_1502814721574.jpg
အာကသအခြေစိုက်စခန်းပုံ
ကျွန်တော်တို့ဟာ အဆိုပါ အာကာသ အခြေစိုက်စခန်းကြီးဆီကို သွားနိုင်ပါတယ်...ငုင်းဆီသွားချင်ရင်တော့ ပထမဦးဆုံး ရုရှားလေ့ကျင့်ရေးစင်တာဆီကို အရင်သွားရပါမယ်.. ရုရှားလေ့ကျင့်ရေး စင်တာရဲ့ နာမည်က တော့ Yuri Gagarinဖြစ်ပါတယ်...Yuri Gagarinဆိုတာ ဘယ်သူလဲ...ဘာလို့ အဲ့နာမည်ပေးထားလဲ...Yuri Gagarinဆိုတာကတော့ 1961နှစ်မှာ အာကာသ ထဲသို့ ပထမဆုံး ခြေချနိုင်ခဲ့တဲ့ ပထမဆုံး လူသားပါ.. ခုနက လေ့ကျင့်ရေး စင်တာ အကြောင်း ဆက်ရအောင် ... လေ့ကျင့်ရေး စင်တာမှာ လအနည်းငယ်ကြာလေ့ကျင့်ပြီးရင်တော့ ခင်ဗျား အာကာသထဲက အိမ်ကြီးဆီကို သွားလို့ရပါပြီ...
သွားလို့ရပြီဆိုပေမဲ့ အဆိုပါ ကိစ္စက ထင်သလောင်မလွယ်ပါဘူး..ပထမဦးဆုံး Baiknourမြို့ရှိရာသို့ လေယာဉ်စီးရပါမယ်...အဆိုပါမြို့မှာSoyuz အာကာသာဉ်တွေ ထားရှိရာ မြို့ဖြစ်ပါတယ်...images (1)_1502814722173.jpgimages_1502814722390.jpg
အဆိုပါ အာကာသယာဉ်တွေကနေ ကျွန်တော်တို့ကို အာကာသ အခြေစိုက်စခန်းဆီကို သယ်ဆောင်သွားမှာ ဖြစ်ပါတယ်...အာကာသယာဉ်တွေဟာ ဒီအတိုင်း လေယာဉ်တွေ ပျံတတ်သလို ပျံတတ်လို့မရပါဘူး...ဒါဆို ဘယ်လိုပျံတတ်မလဲ...ဆက်ကြည့်ရအောင်... အာကာသယာဉ်တွေကို စွမ်းအားမြင့် ဒုံးကျည်များဖြင့် အာကာသ ထဲသို့ ပို့ဆောင်လွှတ်ပေးမှာပဲဖြစ်ပါတယ်...ဒီလို ပို့လွှတ်တဲ့ ဒုံးကျည်ကိုလည်း အပိုင်းလေးပိုင်းခွဲထားပါတယ်...ပထမပိုင်းနဲ့ဒုတိယအပိုင်းမှာတော့ ဒုံးကျည်စွမ်းရည်ကို မြင့်ပေးမဲ့ Booster 4လုံးပနဲ့ဂြိုလ်တုရဲ့ အဓိကအပိုင်းပါဝင်ပါတယ်... တတိယပိုင်းမှာတော့ အာကာသယာဉ် ကိုယ်ထဲ ပါတယ်...အဆိုပါ အပိုင်းနဲ့ လူသားတွေ လိုက်ပါရမှာပါ..အာကာသယာဉ် ထိပ်ဆုံးအပိုင်းမှာတော့ rocketအသေးစားလေးပါပါတယ်...
အကုန်လုံး အဆင်သင့်ဖြစ်ပြီဆိုရင်တော့ အာကာသဝတ်စုံဝတ် ခုံပေါ်မှာထိုင်ပြီး ခါးပတ်တွေပတ်ထားရပါမယ်...ဘဝရဲ့ အန္တရာယ် အများဆုံးခရီး ကို ခဏတာ ထွက်ခွာရပါပြီ...
10 to 1 အစဉ်လိုက်ရေတွက်ပြီးချိန်မှာတော့ စတင် လွှတ်တင်လိုက်ပါတယ်...တန်300ရှိတဲ့Rocketရဲ့အလေးချိန်နဲ့ ကမ္ဘာမြေမှ စတင်ထွက်ခွာလိုက်ပါပြီ..လျင်မြန်လှတဲ့ အရှိန်နဲ့ ၂မိနစ်လောက်သွားပြီးချိန်မှာတော့ Booste rocketတွေကို Main Bodyကနေ လွှတ်ချလိုက်ပါတယ်...
Main Bodyကနေ လောင်စာပို့ပေးရတာဖြစ်သည့်အတွက် အဆိုပါ Booster rocketတွေဟာ
လွှတ်ကျသွားပါတယ်...ဂြိုလ်တု ထိပ်ဖူးမှာ တပ်ထားတဲ့ Rocketအသေးစားကိုတော့ ကမ္ဘာပတ်လမ်းကြောင်းထဲ ထိသယ်ဆောင်သွားပါတယ်...ကမ္ဘာပတ်လမ်းကြောင်း ထဲ ရောက်တာနက်တစ်ပြိုက်နက် ငုင်းrocketအသေးကိုလည်းအာကာသယာဉ်မှ လွှတ်ချလိုက်ပါတယ်..Rocketအသေးလည်း မီးလောင်ပျက်စီးသွားပါတယ်
download_1502814722549.jpg
ကျွန်တော်တို့ဟာ Mir (အာကာသ အခြေစိုက်စခန်း)ပေါ်မှာနေရင်းနဲ့ ဘဝသစ်ကို လွတ်လပ်စွာ ခံစားနိုင်ပါတယ်...Mirဟာ တစ်နေ့ကို ၁၆ကြိမ် ကမ္ဘာကို လှည့်ပတ်ပါတယ်...ဒါကြောင့် ကျွန်တော်တို့ဟာ နေထွက်/နေဝင်တာကို 16ကြိမ် မြင်ရမှာပါ...
အာကာသထဲရောက်ရင်ဖြင့်အရာအားလုံးဟာမျှောနေပါလိမ့်မယ်...အလေးချိန်မဲ့နေပါလိမ့်မယ်..အစားအစာတွေကလည်း ပေါ်လောမျောနေပါလိမ့်မယ်...ဒါကြောင့် အစားအစာတွေစားတဲ့အခါ အာကာသထဲမှာစားဖို့ သီးသန့်ခွက်တွေ ပန်းကန်တွေလုပ်ထားရပါတယ်..ကျွန်တော်တို့ ဘာလုပ်လုပ် ကျွန်တော်တို့ ခန္ဓာကိုယ်ကို ကြိုးနဲ့ ချည်ထားရပါမယ်..ဘာကြောင့်လဲဆိုတော့ မျောမသွားဖို့ပါ..
images_1502815422207.jpgimages (1)_1502815422048.jpg
အာကာသထဲမှာတော့ အာကာသယာဉ်မှူးတွေက ခက်ခက်ခဲခဲ အလုပ်လုပ်ကြရပါတယ်
သူတို့ဟာ အာကာသထဲမှာ ရှိတဲ့ ကမ္ဘာတွေအကြောင်း နေအဖွဲ့အစည်းတွေအကြောင်း နဂါးငွေ့တန်းတွေ အကြောင်းကို လေ့လာရပါတယ်...ဒါ့အပြင် အလေးချိန်မဲ့တာတွေ... ဖန်တီးမှုတွေ ဖြစ်ပေါ်လာတာတွေကိုလေ့လာရပါတယ်...အကာကသထဲမှာ ကျွန်တော်တို့ အတော်အတန်ကြာအောင် လှည့်ပတ်လေ့လာပြီးချိန်မှာတော့ ကျွန်တော်တို့ ကမ္ဘာမြေကို ပြန်ဆင်းရပါတော့မယ်...ပြန်ဆင်းရင် ရရှားမဟုတ်တော့ဘဲ အမေရိကန်နိုင်ငံ လွန်းပျံယာဉ် ကွင်းသို့ သို့ ပြန်ဆင်းရပါ့မယ်...ပြန်ဆင်းတဲ့အချိန်မှာလည်း လုံခြုံမှု အထူးလိုအပ်ပါတယ်...ဘာလို့ဆို ပြန်ဆင်းရမဲ့ဟာက ဖိအား တအားများပါတယ်...လွန်းပျံယာဉ် လေထုထဲကို ဝင်ရောက်ဖို့ ကမ္ဘာမြေပြင်နဲ့100kmဝေးပါတယ်...ဆင်းလာတဲ့အရှိန်က တအားကို များပါတယ်..ဒါအပြင့် အာကာသတွင်း အပူချိန် လေထု အပူချိန်တွေကြောင့် လွန်းပျံယာဉ် အပြင်ဘက်မှာ2000°Cကျော်လောက်ရှိပါတယ်...တွေးကြည့်ရင်တော့ မီးဘောလုံးကြီး ထဲရောက်နေသလိုပါပဲ...ဒါပေမဲ့ လူတွေကို မထိအောင် လွန်းပျံယာဉ် ရဲ့ သတ္တုအကောင်းစားတွေနဲ့ ပြုလုပ်ထားပါတယ်...လွန်းပျံယာဉ်ဟာ ကမ္ဘာပတ်လမ်းကြောင်းကနေ အရှိန် နဲ့ပြန်ဆင်းလာပြီးရင်တော့ အိန္ဒိယ သမုဒ္ဒရာနဲ့ ကုန်းမြေပိုင်းကို ဖြတ်သန်းလာရမှာပါ..ပြီးရင်တော့ အမေရိကန်နိုင်ငံ Floridaပြည်နယ်မှာရှိတဲ့ Cape Canaveralမြို့ကို ဆင်းသက်မှာပါ..ဆင်းသက်လိုက်ပါပြီ..နောက်ဆုံးမှာတော့ စွန်စားခန်းခရီးတစ်ခု ပြီးဆုံးပါပြီ...ရွှင်လန်းချမ်းမြေကြပါစေX37 Schematics_slideshow_604x500.jpg
Ref:AGTI 3rd English, Space Travel
Photo:Google
Translator: Htet Linn Aung
တစ်စုံတစ်ရာအမှားပါ ပါကျွန်တော်၏အမှားသာဖြစ်ပါတယ်

Authors get paid when people like you upvote their post.
If you enjoyed what you read here, create your account today and start earning FREE STEEM!
Sort Order:  

နောက်ထပ် ဆောင်းပါးတွေ စောင့်မျှော်လျက်

ဟုတ် bro

good

Thanks Bro

nice photo

Thanks bro

good knowledge

ကျေးဇူးပဲ အစ်ကို

a nice post!

ကျေးဇူးပါBro

thanks for sharing.

Thanks bro

This post has received a 1.17 % upvote from @booster thanks to: @htetlinnaung.