ဆီးချိုရှိ၊ မရှိ ဘယ်လိုသိနိုင်မလဲsteemCreated with Sketch.

in steemit •  7 years ago 

ကိုယ့်မှာ ဆီးချိုရှိ၊ မရှိ ယေဘုယျသိနိုင်တဲ့အချက်လေးတွေ ရှိပါတယ်။
ဒီအချက်လေးတွေက ဆီးချိုလက္ခဏာရဲ့ ရှေ့ပြေးတွေဖြစ်ပြီး ဒီအချက်တွေကိုသာ သိထားမယ်ဆိုရင် စောစောစီးစီး ကုသကာကွယ်မှုတွေ လုပ်နိုင်မှာ အမှန်ပါပဲ။

ဆီးချိုဖြစ်ရခြင်းရဲ့ အဓိကအကြောင်းကတော့ ကိုယ့်ရဲ့သွေးထဲမှာ သကြားဓာတ်တစ်မျိုးဖြစ်တဲ့ ဂလူးကို့စ် level က ရှိသင့်တာထက် ပိုများနေလို့ပဲ ဖြစ်ပါတယ်။

ရှေ့ပြေးလက္ခဏာတွေက သိပ်မသိသာတာကြောင့်မို့လို့ ကိုယ်တိုင်တောင် သတိထားမိမှာ မဟုတ်ပါဘူး။

တချို့ဆို ဆီးချိုရှိနေမှန်းတောင်မသိဘဲ ကျန်းမာရေးပြဿနာတွေပေါ်လာပြီး ဆရာဝန်နဲ့ပြတော့မှ ဆီးချိုမှန်း သိကြရတဲ့သူတွေလည်း ရှိပါတယ်။

ဒီတော့ အောက်မှာ ဖော်ပြထားတဲ့အချက်လေးတွေ နေ့စဉ်ရက်ဆက်ဆိုသလို ဖြစ်နေပြီဆိုရင်တော့ ဆရာဝန်နဲ့ အမြန်ဆုံးပြပြီး ဆီးချိုရှိ၊ မရှိ စစ်ဆေးသင့်ပါပြီ။

(၁) ဆာလောင်ခြင်းနှင့် နွမ်းနယ်ခြင်း

ကိုယ်ရဲ့ခန္ဓာကိုယ်က ကိုယ်စားလိုက်တဲ့အစားအစာတွေကို ဆဲလ်တွေအတွက် စွမ်းအင်အရင်းအမြစ်ဖြစ်တဲ့ ဂလူးကို့စ်အသွင် ပြောင်းပေးလိုက်ပါတယ်။ ဆဲလ်တွေအနေနဲ့ ဂလူးကို့စ်ကို စုပ်ယူဖို့ အင်ဆူလင်ဓာတ် လိုအပ်ပါတယ်။ ဒါပေမယ့် ဆီးချိုရှိလာတဲ့အခါ ကိုယ်ခန္ဓာမှာ အင်ဆူလင်မလုံလောက်တော့တာမျိုး ဒါမှမဟုတ်လည်း ခန္ဓာကိုယ်ကဆဲလ်တွေက အင်ဆူလင်ကို ဆန့်ကျင်တာမျိုးတွေဖြစ်လာတဲ့အခါ ဆဲလ်တွေအတွက် လိုအပ်တဲ့ ဂလူးကို့စ်ကို မရနိုင်တော့ပါဘူး။ ကလူးကို့စ် မရနိုင်တော့ စွမ်းအင်မထုတ်နိုင်တဲ့အတွက် အားကုန်နွမ်းနယ်တာမျိုး၊ ဝမ်းဟာတာမျိုးတွေ ဖြစ်လာရတာပါပဲ။

(၂) မကြာခဏ ဆီးသွားခြင်းနှင့် ပိုမိုရေငတ်ခြင်း

ပုံမှန်အားဖြင့် ပျှမ်းမျှလူတစ်ယောက်ဟာ ၂၄ နာရီအတွင်းမှာ လေးကြိမ်ကနေ ခုနစ်ကြိမ်ကြား ဆီးသွားတတ်ကြပေမယ့် ဆီးချိုရှိနေတဲ့သူတွေဆိုရင်တော့ အဲဒီအကြိမ်အရေအတွက်ထက် ဆီးသွားတာပိုများပါတယ်။

(၃) အာခေါင်ခြောက်ခြင်းနှင့် အရေပြား ယားယံခြင်း

ဆီးသွားဖို့ ကိုယ့်ရဲ့ခန္ဓာကိုယ်ထဲက အရည်ဓာတ်တွေကို သုံးစွဲရတဲ့အတွက် တခြားခန္ဓာကိုယ်အစိတ်အပိုင်းတွေအတွက် လိုအပ်တဲ့ အစိုဓာတ် (moisture) ကို လုံလောက်အောင် မပေးနိုင်တော့တာကြောင့် ဒီလိုမျိုးအာခေါင်ခြောက်တာတွေ၊ အရေပြားခြောက်သွေ့ပြီး ယားယံတာတွေ ဖြစ်ပေါ်လာတာပါပဲ။

(၄) အမြင်ဝေဝါးခြင်း

ကိုယ့်ရဲ့ခန္ဓာကိုယ်ထဲမှာရှိတဲ့ အရည်ဓာတ်တွေ ပြောင်းလဲမှုက မျက်လုံးထဲမှာရှိတဲ့ Lens ကို ရောင်လာစေတာ ကြောင့် အမြင်အာရုံဝေဝါးမှုကို ဖြစ်ပေါ်စေတာပါ။

အဲဒီကနေမှ ရောဂါအဆင့်နည်းနည်းမြင့်လာရင် အောက်ပါအချက်တွေကို ဖြစ်လာစေပါတယ်။

(၅) ကူးစက်ရောဂါများဖြစ်ခြင်း

အရေပြားကူးစက်ရောဂါတွေကတော့ အမျိုးသား၊ အမျိုးသမီးနှစ်ဦးလုံးမှာ ဖြစ်တတ်ပါတယ်။ များသောအားဖြင့် အရေပြားနှစ်ထပ်ထိနေတဲ့နေရာတွေ၊ ပူနွေးစိုစွတ်နေတဲ့နေရာတွေမှာ ကူးစက်ရောဂါတွေဖြစ်တတ်ပါတယ်။

ဥပမာအားဖြင့် လက်ချောင်းတွေနဲ့ ခြေချောင်းတွေကြား၊ အမျိုးသမီး ရင်သားအောက်နဲ့ လိင်အင်္ဂါတစ်ဝိုက်လို နေရာတွေမှာ ကူးစက်ရောဂါတွေ ဖြစ်တတ်ပါတယ်။

(၆) နာကျင်ဒဏ်ရာ/ ပြတ်ရှဒဏ်ရာများရှိပါက အချိန်ကြာမြင့်စွာ ကုသရခြင်း

ဆီးချိုဓာတ် အရမ်းကို မြင့်မားနေပြီဆိုရင်တော့ ခန္ဓာကိုယ်ပေါ်မှာဖြစ်တတ်တဲ့ နာကျင်ဒဏ်ရာတွေနဲ့ အနာတရတွေကို ပျောက်ဖို့ ခဲယဉ်းပြီး ကုသဖို့ အချိန်တော်တော်ယူရပါတယ်။

(၇) ခြေထောက်နှင့် ခြေဖဝါးများ နာကျင်/ထုံကျဉ်ခြင်း

ဆီးချိုသမားတွေမှာ အာရုံကြောပျက်စီးမှုတွေကြောင့် ခြေထောက်နဲ့ ခြေဖဝါးတွေမှာ နာကျင်တာတွေ၊ ထုံကျဉ်တာတွေ ဖြစ်လာတတ်ပါတယ်။

(၈) ရုတ်တရက် ကိုယ်အလေးချိန် ကျသွားခြင်း

အစားအသောက်တွေကနေ စွမ်းအင်တွေကို ခန္ဓာကိုယ်က မစုပ်ယူနိုင်တော့တဲ့အတွက် အဲဒီအစား စွမ်းအင်ကိုရဖို့ ကြွက်သားတွေ၊ အဆီတွေ စပြီးလောင်ကျွမ်းတာကြောင့် ခန္ဓာကိုယ်အလေးချိန် ကျဆင်းလာရတာပဲ ဖြစ်ပါတယ်။

(၉) မူးဝေအော့အန်ခြင်း

ခန္ဓာကိုယ်က စွမ်းအင်ရဖို့အတွက် အဆီတွေကို ချက်လုပ်ရတဲ့အခါ ကိုယ့်ရဲ့သွေးထဲမှာ အန္တရာယ်ရှိတဲ့ “ketones” ဓာတ်တွေ များလာပြီး ဝမ်းဗိုက်ထဲမှာ မအီမလည်ဖြစ်လာတာကြောင့် မူးဝေအော့အန်တာတွေ ဖြစ်လာစေပါတယ်။

ref wow box
source photo google.com image

Authors get paid when people like you upvote their post.
If you enjoyed what you read here, create your account today and start earning FREE STEEM!
Sort Order:  

vote ဒါန်း