သိရှိသလောက် Computer အခြေခံလေးများ ( အပိုင်း-၃ )

in steemit •  7 years ago  (edited)

Computer-Parts-660x400.jpg

အားလုံးပဲမင်္ဂလာပါခင်ဗျာ ... လာရောက်ဖတ်ရှုပေးတဲ့အတွက်လည်း ကျေးဇူးအများကြီးတင်ပါကြောင်း ပြောပါရစေ။ ဒီတခေါက် တင်ပြပေးချင်တာကတော့ ယခင် ကွန်ပျူတာမိတ်ဆက် အခန်း(၂) ရဲ့ အဆက် ကွန်ပျူတာ အစိတ်အပိုင်းလေးများအကြောင်းပဲဖြစ်ပါတယ်ခင်ဗျာ။

ကျွန်တော်သိရှိသလောက်လေး ဝေမျှတာဖြစ်တဲ့အတွက် လိုအပ်ချက်များရှိခဲ့ရင်လည်း ခွင့်လွှတ်ပေးဖို့ ဦးစွာပဏာမ ခွင့်ပန်ပါရစေ။
ယခင် အခန်းမှာတုန်းက ကွန်ပျူတာတစ်လုံးရဲ့ အဓိက အစိတ်အပိုင်းနှစ်ခုဖြစ်တဲ့ Motherboard နဲ့ CPU တို့အကြောင်းရှင်းခဲ့ပြီးပါပြီနော်။ ခု ဆက်ဖော်ပြပေးမှာကတော့ Memory (RAM) အကြောင်းပဲဖြစ်ပါတယ်ဗျာ။

(၃) Memory ( Random Access Memory - RAM )

DRAM-Feature.jpg

RAM လို့ခေါ်တဲ့ circuit အပိုင်းအစ ရှည်ရှည်လေးတွေဟာ ရုတ်တရက်ကြည့်ရင် ပေတံအတိုလေး လို ပုံသဏ္ဍာန်ရှိပါတယ်။ အဲ့ဒီအစိတ်အပိုင်းလေးများကို Motherboard ပေါ်မှာရှိတဲ့ memory slot ဆိုတဲ့ memory သီးသန့်စိုက်ရန် သတ်မှတ်ထားတဲ့ နေရာထဲသို့ စိုက်သွင်းတပ်ဆင်ကြရပါတယ်။ RAM စိုက်တယ်လို့ အလွယ်ပြောကြတာပေါ့ဗျာ။

အဲ သူ့ရဲ့အလုပ်လုပ်ပုံကတော့ Memory ဆိုတဲ့အတိုင်း Data တွေကို မှတ်ပေးတယ်ပေါ့ဗျာ။ ဒါပေမဲ့သာမန် ကွန်ပျူတာတစ်လုံးရဲ့ ပါဝါပိတ်ထားတဲ့အချိန်တွေမှာဆို RAM ထဲမှာ ဘာ Data မှ မရှိပါဘူး။ ကွန်ပျူတာစဖွင့်လိုက်ပြီဆိုရင်တော့ သက်ဆိုင်ရာ Window Service တွေ Process တွေနဲ့ Program တွေ Run ဖို့ရန် သူဟာ စတင်အလုပ်လုပ်ရပါတော့တယ်။

ဆိုလိုတာက ကွန်ပျူတာတစ်လုံးရဲ့ ယာယီမှတ်ဥာဏ်ပေါ့ဗျာ။ ဘာတွေလုပ်ရမယ် ဘာတွေလုပ်နေတယ် ဆိုတာကို ယာယီမှတ်ပေးထားတဲ့သဘောပါ။ ဒါပေမဲ့ ယာယီမှတ်ဥာဏ်သာဖြစ်တဲ့အတွက် ကွန်ပျူတာဖွင့်ချိန်မှာသာ data တွေမှတ်နိုင်ပြီး ကွန်ပျူတာပိတ်လိုက်သည်နှင့်တပြိုင်နက် သူ့ပေါ်မှာ သိမ်းဆည်းထားသမျှ data အားလုံးပျက်သွားမှာပါ။

Memory တို့၏ data သိုလှောင်နိုင်မှုပမာဏကို တော့ byte ဆိုတဲ့ ယူနစ်နဲ့တိုင်းတာပါသည်။ One Character သည် One byte စာနေရာယူပါတယ်။ ထို့ကြောင့် ကွန်ပျူတာပေါ်တွင် A လို့ဖြစ်ဖြစ်၊ 1 လို့ဖြစ်ဖြစ် စာတစ်လုံး ရိုက်လိုက်တိုင် memory ထဲမှာ 1 byte စာနေရာယူတယ်လို့ အကြမ်းဖျဉ်းမှတ်ယူလို့ရပါတယ်။

bit , byte unit conversion ကိုအောက်မှာလေ့လာနိုင်ပါတယ်။
8 bit = 1 byte
1024 byte = 1 Kilobyte (1 KB)
1024 KB = 1 Megabyte (1 MB)
1024 MB = 1 Gigabyte (1 GB) ဖြစ်ပါတယ်။

ဥပမာ - စာတစ်မျက်နှာကို ကွန်ပျူတာဖြင့်စီနေတဲ့အချိန်မှာ ကျွန်တော်တို့ ကိုယ်စီနေတဲ့စာကို File name သတ်သတ်မှတ်မှတ်ဖြင့် မ save ရသေးခင်မှာ ကျွန်တော်တို့ ရိုက်ထည့်သမျှစာကို memory က မှတ်ထားပေးနေ တယ်ဆိုတာကို ထင်ရှားစေမှာပါ။

ဒါပေမဲ့ hard disk ထဲမှာ မသိမ်းမချင်းတော့ ကိုယ့် data က စိတ်မချရပါဘူး။ RAM ဆိုတာ ယာယီမှတ်ထားပေးတာဖြစ်တဲ့အတွက် ကွန်ပျူတာ ပိတ်လိုက်မိရင်ဖြစ်စေ၊ မီးပျက်လို့ဖြစ်စေ အကြောင်းတစ်ခုခုကြောင့် ပိတ်သွားရင် ကိုယ် လုပ်လက်စ Data တွေ ပျောက်ကုန်ပါလိမ့်မယ်။ ဒါကြောင့် မိမိလိုအပ်တဲ့ Data များ ကို နေရာသတ်သတ်မှတ်မှတ် hard disk ထဲမှာ သိမ်းမှသာ နောက်နေ့တွေမှာ ပြန်လည် အသုံးပြုလို့ရနိုင်ပါမယ်။

ram-windows-speed-up.jpg

ခုလောက်ဆို RAM အကြောင်းအနည်းအကျဉ်းသိလောက်ပြီထင်ပါတယ်ခင်ဗျာ။ ကဲ နောက်တစ်ခုဆက်ရအောင်...

(၄) Graphic Card (Video Graphic Array - VGA (or ) Graphic Processing Unit - GPU)

71poTj2bWPL._SL1200_.jpg

Monitor ဆိုတဲ့ ကွန်ပျူတာ ဖန်သားပြင်ပေါ်မှာ ပုံရိပ်များ ဖော်ဆောင်ပြသပေးနိုင်ရန်အတွက် ကွန်ပျူတာတိုင်းမှာ Video ပိုင်းနဲ့ ဆိုင်တဲ့ Circuit တစ်ခု ပါရှိရပါတယ်။ အဆိုပါ Circuit ကို Motherboard ပေါ်မှာ တပါတည်း အသေထည့်သွင်းတည်ဆောက်ထားလေ့ရှိသလို၊ သီးခြား Card တစခုအနေနှင့် တည်ဆောက်ပြီး Motherboard ပေါ်မှာ တပ်ဆင်သုံးတာမျိုးလည်းရှိပါတယ်။

ထို့ကြောင့် Computer Graphic ပိုင်းမှာဆိုရင် Onboard လား ၊ Graphic Card နဲ့လား ဆိုပြီး ခွဲခြားပြောဆိုမှုတွေရှိခဲ့ပါတယ်။ ရှင်းအောင်ပြောရရင် Onboard ဆိုတာက Motherboard ပေါ်မှာ GPU အသင့်ပါရှိပြီး Graphic Card သီးခြားထပ်မတပ်ဘဲ သုံးလို့ရတာကို ဆိုလိုပါတယ်။

Onboard ရဲ့ အားသာချက်ကတော့ဗျာ Graphic card ထပ်ဝယ်စရာမလိုတော့ ကုန်ကျစရိတ်သက်သာစေခြင်းဖြစ်ပါတယ်ဗျ။ သို့ သော် Main Board ရဲ့ တစ်စိတ်တစ်ပိုင်းကို Video အဖြစ် ယူသုံးရတဲ့အတွက် ကွန်ပျူတာရဲ့ စွမ်းဆောင်ရည် ကိုတော့ အနည်းနဲ့အများ ထိခိုက်စေတယ်လို့ ပြောလို့ရပါတယ်ဗျ။ Graphic Card ဆိုတာကလည်း တကယ်တော့ CPU လိုပါပဲ။ သူက ရုပ်ထွက်ပိုင်း Video ပိုင်းနဲ့ ဆိုင်တဲ့ Processor တစ်ခုပါလို့ ပြောပါရစေ။

images.jpg

ကဲ ဒါပြီးတော့ Video ပိုင်းနဲ့ တဆက်စပ်တည်းဖြစ်တဲ့ Audio ပိုင်းကိုဆက်ပြောပေးပါမယ်။

sound-card.jpg

အမှန်ကတော့ Audio ဆိုတာကတော့ ကွန်ပျူတာတစ်လုံးရဲ့ အဓိကကျတဲ့အပိုင်းတော့မဟုတ်ဘူးဗျ။ ဆိုလိုတာက သူမရှိလဲ့ ကွန်ပျူတာက ကောင်းစွာအလုပ်လုပ်လို့ရတယ်ပေါ့ဗျာ။ အသံတော့မကြားရဘူးပေါ့။ ဒါပေမဲ့ ရုပ်ရှင်၊ ဗွီဒီယိုတွေ ကြည့်မယ်၊ သီချင်းနားထောင်၊ ဂိမ်းကစားတာတွေလုပ်မယ်ဆိုရင်တော့ သူ့ကို လိုအပ်တာပေါ့ဗျာ။

ဟိုအရင်တုန်းကတော့ audio ပိုင်းအတွက် ကွန်ပျူတာ Motherboard ပေါ်မှာ Sound Card တွေကို သီးခြားဝယ်ယူတပ်ဆင်ကြပါတယ်။ ယနေ့ခေတ်မှာတော့ Audio ပိုင်းအတွက် Motherboard အများစုမှာ Onboard Support ပါရှိပြီးဖြစ်တာမို့ သီးခြားဝယ်တပ်စရာမလိုတော့ပါဘူး။ ဒါပေမဲ့ မိမိဝါသနာအရ အသံပိုင်းဆိုင်ရာ ကွာလတီလိုအပ်ရင်တော့ Graphic Card လိုမျိုးပဲ Sound Card တွေကို အသုံးပြုလို့ရပါတယ်ဗျ။

ဒါပေမဲ့ Sound card စိုက်လိုက်ရုံနဲ့ လဲ အသံအရည်သွေးကောင်းမရနိုင်ပါဘူး။ သက်ဆိုင်ရာ အသံကောင်းရဖို့ရာ Speaker တို့ရဲ့ အရည်အသွေးပေါ်မှာလည်း များစွာ မူတည်နေပါသေးတယ်။

2.jpg

(၅) Hard Disk Drive (HDD)

installsataharddrive.gif

Hard Disk ဆိုတာက Window နဲ့ Program များ Software နဲ့ Data File အချက်အလက်များစွာကို မပျောက်ပျက်ဘဲ အမြဲတမ်းထည့်သွင်းသိုလှောင်သိမ်းဆည်းထားပေးနိုင်တဲ့ Storage ပဲဖြစ်ပါတယ်။ ဥပမာပြောရရင် ကျွန်တော်တို့ရဲ့ အချက်အလက်များသိမ်းဆည်းရာ သေတ္တာလေးတစ်ခုပေါ့ဗျာ။

သေတ္တာတစ်လုံးထဲကို ပစ္စည်းတစ်ခုထည့်လိုက်ရင် ဘယ်ချိန်ပြန်ဖွင့်ကြည့်ကြည့် အဲ့ပစ္စည်းလေးတွေ့ရပါမယ်။ ပြီးတော့ မလိုအပ်တဲ့ပစ္စည်းကိုဖယ်ထုတ်ပြီး လိုအပ်တဲ့ပစ္စည်းအသစ်ကိုလဲ ထပ်ထည့်သိမ်းလို့ရမယ်။ ဒါပေမဲ့ သူ့ထဲမှာဆံ့မယ့်ပစ္စည်းကိုပဲထည့်နိုင်မယ်။ စသဖြင့်ပေါ့ဗျာ။

အထက်ဖော်ပြပါဥပမာထဲက သေတ္တာလေးလိုမျိုးပဲ ကွန်ပျူတာ တစ်လုံးရဲ့ Hard Disk ဆိုတာကလဲ အလားတူ လုပ်ဆောင်ပေးနိုင်ပါတယ်။ Data အချက်အလက်များကို Permanent သိမ်းဆည်းခြင်း၊ မလိုအပ်တဲ့ Data များ ဖယ်ရှားရှင်းလင်းခြင်းနှင့် New Data အသစ်အသစ်သော Data များကို ထိုနေရာမှာ တစ်ဖန်ပြန်လည်သိမ်းဆည်း နိုင်ခြင်း စတဲ့ စွမ်းရည်တွေပိုင်ဆိုင်ပါတယ်။

ဒါကြောင့်မို့ သင်ကွန်ပျူတာထဲမှာ သိမ်းထားတဲ့ အချက်အလက် ဓါတ်ပုံ၊ သီချင်း၊ ဗွီဒီယို၊ စာဖိုင်နဲ့ အခြားData ပေါင်းများစွာသည် Hard Disk ထဲမှာပဲ ရှိနေမှာပါ။ ထို့ကြောင့် ကွန်ပျူတာ စက်ချို့ယွင်းတာနဲ့ကြုံရပြီး ဖွင့်မရ တော့တဲ့အခြေအနေမျိုးကြုံခဲ့ရင် အထဲက မိမိလိုအပ်တဲ့ Data ကို အချိန်မိ အရေးတကြီးလိုချင်နေတဲ့အခါ Hard Disk ကို ဖြုတ်ပြီး အခြားကွန်ပျူတာ တစ်လုံးမှာ တပ်ဆင်ကာ မိမိလိုအပ်တဲ့ Data ကို ရယူနိုင်ပါတယ်။

sata-ide-laptop-hard-drive.jpg

Hard Disk တွေကို Motherboard ပေါ်မှာ Cable ဖြင့် ချိတ်ဆက်တပ်ဆင်ကြရပါတယ်။ Hard Disk (2) မျိုးရှိပါတယ်။ IDE Drive နဲ့ SATA DRIVE တို့ပဲဖြစ်ပါတယ်။ အမှန်ကတော့ ပုံသဏ္ဍာန်အားဖြင့် ကွာခြား မှုမရှိဘူးဆိုပေမဲ့ Motherboard နဲ့ ချိတ်ဆက်ဖို့ရာ Cable တပ်ဆင်တဲ့အခါမှသာ အသုံးပြုရမဲ့ Cable အမျိုးအစား မတူညီတာကိုတွေ့ရမှာပါ။ SATA Drive ကတော့ IDE Drive ထက် ခေတ်မီပြီး သီအိုရီအရကြည့် ရင်လဲ လုပ်ဆောင်နိုင်မှု အမြန်နှုန်းပိုသာတာကိုတွေ့ရမှာပါ။ ကဲနောက်တစ်ခုဆက်ရအောင်

(၆) CD / DVD Drive

index.jpg

ဒီအစိတ်အပိုင်းကတော့ မိတ်ဆွေနဲ့ သိပ်စိမ်းအံ့မထင်ပါ။ ဘာလို့လဲဆိုတော့ ယနေ့ခေတ် DVD EVD Player များတွင်လည်း အဆိုပါ Drive ပါရှိသောကြောင့်ဖြစ်ပါတယ်။ အလွယ်ပြောရရင် CD / DVD Drive ဆိုတဲ့ အတိုင်း CD ခွေ တွေ DVD ခွေတွေ ထည့်ပြီး ခွေအထဲက Data တွေကို အသုံးပြုလို့ရတယ်ပေါ့ဗျာ။

CD DVD ခွေတွေဆိုတာ Hard Disk လိုပါပဲ Data အချက်အလက်များကို သူကိုယ်တိုင် မပျက်စီးသွားသ၍ သိမ်းဆည်းပေးထားတာမျိုးပါ။ ဝေးလံတဲ့ ကွန်ပျူတာ တစ်လုံးကနေ တစ်လုံး အလွယ်တကူ Data ကူးပြောင်းဖို့ အတွက် အချက်အလက်များကို CD, DVD ဖြင့် Soft Copy ယူပြီး ကူးပေးကြရပါတယ်။ CD/ DVD Drive ဟာ CD DVD ခွေမျာ ပေါ်မှ Data တို့ကို ရေးခြင်း၊ ဖတ်ခြင်း လုပ်ရာမှာ Laser Light ဖြင့် လုပ်ဆောင်တာဖြစ်တဲ့အတွက် Optical Drive များလို့လဲခေါ်ပါတယ်။

images1.jpg

(၇) Power Supply Unit (PSU)

Power-Supply-Unit-PSU-Connectors-640x470.jpg

ဒီအစိတ်အပိုင်းကတော့ ကွန်ပျူတာတစ်လုံးလည်ပတ်ဖို့ရန် အဓိကကျတဲ့ လျှပ်စစ်စွမ်းအင် Power ပိုင်းအတွက် အသုံးပြုရတာဖြစ်ပါတယ်။ PSU ကို များသောအားဖြင့် Casing ပုံးရဲ့ နောက်ဘက် အပေါ်ထောင့် မှာ ကပ်လျက်တွေ့ရတတ်ပါတယ်။ Power Supply ကိုတော့ သူ့ရဲ့ ၀န်ထမ်းနိုင်မှု Watt ပမာဏ (ဥပမာ 450 W, 550 W, 650 W, 700W) စသဖြင့် Watt အနည်းအများပေါ်မူတည်ပြီး ဈေးမတူညီပါဘူးဗျာ။ Watt များလေ Power လုံလုံလောက်လောက်ပေးနိုင်လေဖြစ်တဲ့အတွက် ကွန်ပျူတာရဲ့ အစိတ်အပိုင်းအားလုံး အလုပ်ကောင်းစွာလုပ်နိုင်ရန် Power ထောက်ပံ့ပေးနိုင်မှာဖြစ်ပါတယ်။

pc-psu-power-supply.jpg

ဒီနေ့တော့ဒီလောက်နဲ့ ခဏနားထားမယ်ဗျာ။ နောက်နေ့မှာ ကျန်ရှိနေသေးတဲ့ accessory ပိုင်းလေးတွေပြောပြပေးပါမယ်။

ကျေးဇူးတင်ပါတယ်ခင်ဗျာ
အပိုင်း(၄) ဆက်ပါဦးမည် >>
နည်းပညာတွေကိုစိတ်ဝင်စားတယ်ဆိုရင် ကျွန်တော့ Steemit Account ဖြစ်တဲ့ https://steemit.com/@zinmintun7 ကို Follow လုပ်ပေးကြပါ။
ကျွန်တော်တင်တဲ့ Post တွေကိုလည်း resteem နဲ့ upvote လုပ်ပေးခြင်းဖြင့် အားပေးဖို့ မေတ္တာရပ်ခံပါတယ်ခင်ဗျာ။
written by @zinmintun7
ကိုးကား စာအုပ် >> Easy Computer Basic By Myo Thura
Image - Google Image Search

Authors get paid when people like you upvote their post.
If you enjoyed what you read here, create your account today and start earning FREE STEEM!
Sort Order:  

This post has received a 0.85 % upvote from @morwhale thanks to: @zinmintun7.

THANKS

This post received a 0.544 SBD (15.62%) upvote from @upvotewhale thanks to @zinmintun7! For more information, check out my profile!

THANK U

This post has received a 0.09 % upvote from @drotto thanks to: @zinmintun7.

U LATE . I TRANSFERRED TWO TIMES TO U

2.43% @pushup from @zinmintun7

Thanks

You are welcome 😊

Thank You Bro