ဒီနေ့တော့ အာကာသဂိမ်းအကြောင်း မရေးဖြစ်တော့ပါဘူး ရေးဖို့လည်း စကားလုံးရှာမရနိုင်ခဲ့ဘူး ဒီနေ့ မနက်ကတည်းက စိတ်ထဲမယ် တအုံနွေးနွေးနဲ့ သူ့အကြောင်း ခေါင်းထဲရောက်နေခဲ့ပါတယ် သူဆိုတာကတော့ ကျွန်တော်တို့ရဲ့ စတီးမစ်ပေါ်က စာရေးဖော် စာရေးဘက် ဂိမ်းကစားဖော် ဂိမ်းကစားဘက် ကို @aggamun (ခေါ်) (ကိုရန်နိုင်) ပါဘဲ ဒီမနက် အိပ်ရာနိုးတော့ သူ့ရဲ့နာရေးသတင်း တွေ့မြင်လိုက်ရတာပါဘဲ ဘယ်လိုမှ ထင်မှတ်မထားခဲ့မိပါဘူး အဲ့သလိုဖြစ်သွားမယ် တကယ်မထင်ထားဘူး သူပျောက်နေတဲ့ သုံးလေးရက်အတွင်း ဒီလောက် အခြေအနေဆိုးနေမှန်း မသိလိုက်ဘူး အခုတော့ တကယ့်ကိုဘဲ နောက်ဆုံး နှုတ်ဆက်ခြင်းနဲ့ နှုတ်ဆက်လိုက်ရပါပြီ
ကိုရန်နိုင် တကယ့်ကို စိတ်သဘောထား နူးညံ့ပျော့ပျောင်းတဲ့သူ သည်းခံစိတ်အပြည့်ရှိတဲ့သူ စိတ်ကောင်းရှိတဲ့သူ သဘောထားပြည့်ဝလွန်းတဲ့သူ သူ စတီးမစ်ကို စရောက်လာကတည်းက သတိထားမိခဲ့တယ် သူစရောက်လာတော့ ကာတွန်းပုံလေးတွေနဲ့ ပို့စ်တင်တာ အမှတ်ရမိတယ် အဲ့ဒီနောက်ပိုင်း ကိုဒီပကျော်ရဲ့ ဂရုမှာစတင်လှုပ်ရှားလာပြီး ပို့စ်တွေ ဆက်တိုက်တင်လာပြီ များမကြာခင် စတင်းမွန်းစတားဂိမ်းပေါ်လာတယ် အဲ့ဒီမှာ သူနဲ့ ဂိမ်းအကြောင်းစကားအနည်းငယ်ပြောဖြစ်တယ် စတင်းမွန်းစတားဂိမ်းကစားရင် ကစားချိန်တူတဲ့အတွက် သူနဲ့ တိုက်ပွဲမှာ မကြာခဏ ထိပ်တိုက်တွေ့နေကျ အဲ့ဒီအခါ သူက ကမြဲတမ်းအရှုံးပေးနေကျ နှစ်ယောက်သား သူကအရှုံးပေး ကိုယ်ကအရှုံးပေးနဲ့ သရေပွဲဖြစ်သွားတာလည်းခဏခဏပါဘဲ
![](https://steemitimages.com/640x0/https://steemhosting.com/bobokyaw/wp-content/uploads/sites/4/2019/10/1g7b42nf0s.jpg)
@aggamun
နောက်ပိုင်း ဂိမ်းတွေအတွက် ပို့စ်တွေ ရေးရင်း ကောမန့်တွေ မန့်ဖြစ်တယ် သူနဲ့ ထိတွေ့မှုက ဒီလောက်ပါဘဲ အပြင်မှာ မဆုံးဖူးသလို ဖုန်းလည်း မပြောဖြစ်ခဲ့ဘူး ထိတွေ့ဆက်ဆံမှုက အနည်းငယ်လောက်ပါဘဲ ဒါပေမယ့် သူနဲ့ တူညီတာတွေ များစွာရှိခဲ့တယ် စတီးမစ်အပေါ် စွဲလမ်းတာတွေ စတင်းကို ယုံကြည်တာတွေ မျှော်လင့်တာတွေ ဂိမ်းတွေအပေါ်ကနေ အကျိုးအမြတ်ထုတ်ယူတာတွေ ခေတ်မကောင်းစဉ် ကြပ်တည်းစဉ်ကာလတွေမှာ ၀ိရိယအားစိုက် ပို့စ်တွေ ရေးပြီး စတင်းရှာကြတာတွေ သူများပို့စ်တစ်ပုဒ်ရေးရင် ကိုယ်က နှစ်ပုဒ် သုံးပုဒ်ရေးတာတွေ သူများ နှစ်ရက်တစ်ခါ သုံးရက်တစ်ခါ ရေးတင်ရင် ကိုယ်က နေ့စဉ်မပြတ်ရေးတင်တာတွေ အဲ့သလို အားစိုက်မှုတွေမှာ တူညီတယ်
![](https://steemitimages.com/640x0/https://steemhosting.com/bobokyaw/wp-content/uploads/sites/4/2019/10/IMG20191016180249.jpg)
တိုင်ပင်မထားတဲ့ အချက်တွေလည်းရှိတယ် သူ့ရဲ့ပိုစ့်တွေ မလွတ်တမ်းလိုက်ဖတ်ဖြစ်တယ် သူရေးတာတွေ သဘောကျတယ် သူ့အတွေးအမြင်တွေကို နှစ်သက်တယ် ပေါ့ပေါ့ပါးပါးရေးတာတွေကိုဘဲ အမြဲတမ်းစောင့်ဖတ်ဖြစ်တယ် ကိုယ်ရေးတာတွေကိုလည်း သူက စောင့်ဖတ်နေခဲ့တယ် စတီးမစ်ပေါ်မှာ ကူကယ်ရာမဲ့နေချိန်မှာတောင် သူက အပ်ဗုတ်ပေးမပျက်ခဲ့ဘူး အားပေးခဲ့တယ် အမြဲတမ်း အဲ့သလိုတွေနဲ့ ကိုယ့်ရဲ့ စိတ်အစဉ်မှာ ကိုရန်နိုင်က ရင်းနှီးလွန်းတဲ့ မိတ်ဆွေတစ်ယောက်လိုအမှတ်တထင်ထင်ရှိနေခဲ့ပါတယ်
ဒီနေ့သူ့ရဲ့ လက်တလော ဓါတ်ပုံတွေမြင်လိုက်ရတော့ သူ့ကို တော်တော်လေး သနားသွားမိတယ် သူတကယ်ဘဲ စတီးမစ်ကို နောက်ဆုံးအချိန်ထိ မျှော်လင့်သွားခဲ့တယ် အားထုတ်သွားခဲ့တယ် ကြိုးစားသွားခဲ့တယ် ဖက်တွယ်သွားခဲ့တယ်ဆိုတာ ယုံမှားသံသယဖြစ်စရာမရှိပါဘူး ကျန်းမာရေး အားနည်းနေချိန်တွေမှာတောင် သူ့ရဲ့ ကြိုးစားမှုတွေ လျှော့မသွားခဲ့ဘူး သူ့ရဲ့ နောက်ဆုံး ပို့စ်တွေမှာတောင် သူ မလျှော့ဘူးလို့ ရေးခဲ့တာတွေ့ရတယ် တကယ်ဘဲ စတီးမစ်ကို မျှော်လင့်ချက်အပြည့်နဲ့ ရာနှုန်းပြည့် အားထုတ်လို့သွားခဲ့တာပါ
![](https://steemitimages.com/640x0/https://steemhosting.com/bobokyaw/wp-content/uploads/sites/4/2019/10/received_2497232197035015.jpg)
@aggamun
သူ့ရဲ့လှုပ်ရှားမှုတွေကို မျက်စိထဲ မြင်ယောင်လာမိတယ် Nc ဂိမ်းအတွက် ရှာဖွေရေးယဉ်တွေကို မျှော်လင့်ချက် အပြည့်နဲ့ ပြစ်လွှတ်နေတာတွေ နေ့စဉ်ပို့စ်တင်ဖို့အတွက် စာတွေ တစ်လုံးချင်းရိုက်နေတာတွေ စတင်းဝေါလက်လေးကြည့်ရင်း ပါဝါတစ်ထောင် ပြည့်မှီရေး အစီအစဉ်ဆွဲနေမှာတွေ စတီးမစ်ပလက်ဖေါင်း အောင်မြင်လာရင်ဆိုတဲ့ အနာဂါတ်ကို မျှော်ကြည့်ပြီး အားရကျေနပ်နေမှာတွေ
စတီးမစ်မှာ ခင်ဗျားရဲ့ ကြိုးစားအားထုတ်မှုက တကယ့်ကို ပထမတန်းစားပါဘဲ အခုလို ကျန်းမာရေးအားနည်းနေချိန်တွေမှာတောင် ပို့စ်တင်မပျက်ခဲ့ဘူး ခင်ဗျားကြိုးစားခဲ့တယ် ခင်းဗျားမျှော်လင့်ချက်အပြည့် ထားခဲ့တယ် အဲ့သလိုလူတစ်ယောက်ကို ဒီနေ့တော့ ဆုံးရှုံးလိုက်ရပြီ စတီးမစ်ပေါ်မှာ ခင်ဗျားရဲ့ ကြိုစားအားထုတ်မှုတွေအမှတ်တရတွေကို ထာဝရ သိမ်းဆည်းထားခဲ့ပြီပေါ့ စိတ်ချပါ ခင်းဗျားရဲ့ ကြိုးစားအားထုတ်မှု အမှတ်တရတွေ အားလုံးကို စတီးမစ်ကြီးက ထာဝရ သိမ်းဆည်းပေးထားမှာပါ လမ်းခရီးတစ်ဝက်မှာ အကြွေစောခဲ့ပေမယ့် ကျွန်တော်တို့အားလုံးရဲ့ ရင်ထဲမှာ ခင်ဗျားကို အမှတ်တထင်ထင်ရှိနေမှာပါ စတီးမစ်လောကသားတစ်ယောက်အနေနဲ့ကော စာရေးဖော်ရေးဖက်တစ်ယောက်အနေနဲပကော ခင်ဗျားရဲ့ ကြိုးစားအားထုတ်ခဲ့မှုတွေကို ချစ်ခင်လေးစားစွာ ဦးညွှတ်လိုက်ပါတယ် နှုတ်ဆက်ပါတယ် ကိုရန်နိုင်ရေ............ ကောင်းရာသုဂတိရောက်ပါစေ.........
Posted from my blog with SteemPress : https://steemhosting.com/bobokyaw/2019/10/16/%e1%82%8f%e1%80%bd%e1%80%af%e1%80%90%e1%80%b9%e1%80%86%e1%80%80%e1%80%b9%e1%80%95%e1%80%ab%e1%80%90%e1%80%9a%e1%80%b9%e1%80%80%e1%80%ad%e1%80%af%e1%80%9b%e1%80%94%e1%80%b9%e1%80%94%e1%80%ad%e1%80%af/
အတူတူပါပဲ bro ကျွန်တော်ဆို အတူလက်တွဲခဲ့ကြတာ
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit