တစ္ဆေ ချစ်သူ

in story •  7 years ago 

စုန်းချစ်သူ

  တစ္ဆေ လားစုန်းလားမသဲကွဲနေဘူး သူချစ်တာက

ဂွေးမြင် ကုန်းမရောက်ဖြစ်တာကြာပြီ ပြန်သွားကြရအောင်ပါဗျာ အဲ့ဒီရွှာလေးမှာ စော်မျိုးနွယ်ဆိုတဲ့ကောင်းမလေး တစ်ယာက်ရှိသတဲ့ အရမ်းချောအရမ်းလှ ဆိုပါဘဲ ဒါပေမဲ့ ရည်းစားအရန်းပေါလိမ့်မယ်လို့တော့ထင်လိုက်ပါနဲ့ သူ့ကို ဘယ်ကောင်လေးကမှ စကားမပြောရဲပါဘူး တဲ့ သူ့ကို စုန်းမ အောက်လမ်းတတ်တဲ့ကောင်မလေးဆိုပြီး အရန်းကြောက်နေကြတာ သူကလည်း ရွှာအစွန်က အိမ်လေးထဲမှာတစ်ယောက်ထဲနေတာလေ အရင်ကတော့သူ့အမေနဲ့ပေါ့ နောက်တော့် သူ့ အမေကွယ်လွန်ပြီးနောက်ပိုင်း သူတစ်ယောက်ထဲနေပါတယ် အကုန်ကြောက်ကြတဲ့ အထဲ မကြောက်နိုင်တာတစ်ယောက်က ချစ်တိုင်းညား ဆိုတဲ့ကောင်လေး သူကချစ်လိုက်တိုင်း သူနဲ့ညားတာတော့်မဟုတ်ရပါဘူး သူချစ်လိုက်တိုင်း သူများနဲ့ညားသွားတာကြောင့်ပါ ချစ်တိုင်းညား ကတော့် သူငယ်ချင်းတွေဘယ်လိုတားတား ရဲရဲ ဝံ့ဝံ့ ချစ်ရဲသူပေါ့် ဒီလိုနဲ့ နေလာရင်းတစ်နေ့ စော်မျိုးနွယ်နဲ့ ချစ်သူဖြစ်သွားပါလေရောတဲ့ ဖြစ်လာပြီး သိပ်မကြာခင် လပြည့်ညတစ်ခု ရောက်ပါရော အဲ့မှာ သူတို့ နှစ်ယောက်လွတ်လွတ်လပ်လပ် လရောင်အောက်မှာ နှစ်ယောက်သားစကားလေးတပြောပြောနဲ့ပေါ့ အဲ့မှာကောင်မလေးကမေးတယ်
image
Image from pixabay.com .You can find out more picture from pixabay.com .

ကို ညီမကိုတစ်ဂယ်ချစ်လားဟင်
ချစ်တာပေါ့်ဗျာ
ညီမက ရုပ်ဆိုးကြီးဆိုရင်ရော
ဘယ်လိုမျိုးဘဲဖြစ်ဖြစ်ပါ ညီမရယ် ဘယ်လိုပုံစံဘဲ ဖြစ်ဖြစ် အကိုကချစ်ပြီးသား
မွန်နေတာ ကောင်မလေးရုပ်က တဖြည်းဖြည်းပြောင်းလဲလာတာ သတိမထားမိသေး
ဒါဆို ညီမရဲ့ ပုံစံလေးက ဘယ်လိုဖြစ်ဖြစ်ချစ်တယ်နော် ညီ မတစ်ဂယ်ပုံစံကိုများတွေ့ရင်လန့်သွားမလား
ဟီး မလန့် ပါဘူး ကိုယ်က က အမလေး အစွယ်ကြီးက သူများတွေပြောတဲ့ ငှက်ပျော်ဖူးလောက်နဲ့ မျက်လုံးကြီးတွေကရဲလို့ဗျာ ပန်းကန်လုံးထက်တောင်ကြီးမယ် အလိုလေး အရင် ကအသားလေးဖွေးဥနေတာတာဘဲထင်ခဲ့တာ ဒီလောက်ထူတဲ့ အမွှေးတွေဖုံးထားမှမှတော့် မဖြူခံနိုင်မလား ဘယ်လိုများရုပ်ပြောင်းရုပ်လွှဲ လုပ်လိုက်လဲ မသိပါဘူး တော်တော်လေး ကြောင်ကြည့်နေပြီးမှ ထွက်ပြေးလာလိုက်တယ် အိမ်လဲရောက်ရောဖျားရောဗျာ ဒါတောင် နောက်နေ့ရောက်တော့် အိမ်ကို စော်မျိုးနွယ်က လူနာလာမေးသတဲ့ အိမ်က အမေတွေကိုတော့် မရှိဘူးပြောခိုင်းပြီး အိမ် နောက်ပေါက်က တစ်ခါတည်းဟလစ်ပြေးရှာတာ ချစ်တိုင်းညားက မကြောက်တတ်ပါဘူးဆို ဒါတောင်ကောင်မလေးကပြောသွားသေးတယ် သမီးကသူ့ကိုချစ်လို့ စလိုက်တာပါတဲ့ ဒီလိုနဲ့ ချစ်တိုင်းညားလဲ အိမ်တွင်းပုန်း ဖြစ်လာရင်းတစ်လလောက်ကြာတော့် စော်မျိုးနွယ်လဲ ဘယ်ပြောင်းသွားသလို ဘယ်ပျာက်သွားသလိုနဲ့ ရွှာမှာမတွေ့ရတော့်ပါဘူး ချစ်တိုင်းညားကတော့် ရွှာပြင်ထွက်ရင်တောင် စော်မျိုးနွယ်တို့အိမ်ရှေ့ မသွားတော့်ပါဘူး အဲ့လောက်ချစ်ပစ်ကြတာလေ ဟဲဟဲ အဲ့ဒါက ကျွှန်တော့် အဘိုးရဲ့ ဦးလေး ကိုယ်တွေ့ပါတဲ့ ပလီပလာတွေ ဘယ်လိုများတွေ့ ပါလိမ့်နော် သူက လူပြိုကြီးပါ ခုတော့်တေသွားပြီ အချစ်ကြီးပုံဘဲ သစ္စာလည်းရှိပါ့ နောက်ထပ် ရည်းစားမထားရဲတော့ဘူးဆိုဘဲဗျာ ကျွှန်တော် နံမည်တွေပြောင်းရေးထားတာပါ မပြောင်းလဲ သူ့နံမည်ကိုယ်မှမသိတာ ရွှာလည်းကျွှန်တော့်ရွှာပါ

ကဲ နားပါအုံးမယ်ဗျာ . . .

image

domelay (အတွေးမျှင်လေးများ)

Authors get paid when people like you upvote their post.
If you enjoyed what you read here, create your account today and start earning FREE STEEM!
Sort Order:  

Done

good အားပေးသူများလာပီ

good ဆိုပါလား ကျေးဇူးပါဗျာ good လေး တစ်လုံးနဲ့တင် ပို့စ် မရလို့စဉ်းစားရသမျှ ရေးတင်ရသမျှ ဘေလ် ကုန်ရသမျှ အပျော် ဘက်ပြောင်းသွားသလိုဘဲဗျာ

ကောင်းတယ်ဟေ့ ညီတော်မောင် ခက်တာကလှတဲ့ကောင်မလေးတွေက အဲ့လိုအပြင်ဘက်မှာဆိုရင်တော့ ဒုတ်ခ😂

ခုနောက်ပိုင်း ကောင်မလေးတွေက အဲ့ထက်ဆိုးတယ်ကြားတယ်ဗျာ