The King who revolted against the superstitious old rites

in story •  7 years ago 

The King who revolted against the superstitious old rites
"အယူသီးသော ရှေးဟောင်းဓလေ့ထုံးစံများကို တွန်းလှန်ဖယ်ရှားသည့် ရှင်ဘုရင်"

Once on a time when Brahmadatta was reigning in Benaies, the Bodhisatta was reborn in the womb of the Queen Consort. When he was born, he was named Prince Brahmadatta on his name-day. By sixteen years of age he had been well educated atTakkasila, had learned the Three Vedas by heart, and was versed in the Eighteen Branches of Knowledge. And his father made him a Viceroy.

ရှေးအခါက ဗာရာဏသီပြည်တွင် ဗြဟ္မဒတ်မင်းကြီး ထီးနန်းစိုးစံစဉ် ဘုရားလောင်သည် ထိုမင်းကြီး၏ ကြင်ရာတော်မိဖုရား ဝမ်းကြာတိုက်၌ ပဋိသန္ဓေယူခဲ့သည်။ ဖွားမြင်ပြီး၍ နာမည်ပေး ကင်ပွန်းတပ်သောနေ့တွင် "ဗြဟ္မဒတ်မင်းသား" ဟု အမည်မှည့်ခေါ်ကြ၏။ သူသည် အသက်ဆယ့်ခြောက်နှစ်အရွယ်တွင် တက္ကသိုလ်ပြည်၌ ပညာသင်ယူခဲ့၏။ ဝေဒသုံးကျမ်းကို အလွတ်ရသည့်အထိ သင်ယူနိုင်ခဲ့သည့်အပြင် အဋ္ဌရသအတတ် ဆယ့်ရှစ်ရပ်ကိုပါ တတ်မြောက်ကျွမ်းကျင်ခဲ့သည်။ ဖခင်ဖြစ်သူက သူ့ကို အိမ်ရှေ့မင်းအဖြစ် အပ်နှင်းခဲ့သည်။

Now in those days the Benares folk were much given to festivals to 'gods,' and used to shew honour to 'gods.' It was their wont to massacre numbers of sheep, goats, poultry, swine, and other living creatures, and perform their rites not merely with flowers and perfumes but with gory carcasses. Thought the destined Lord of Mercy to himself, "Led astray by superstition, men now wantonly sacrifice life ; the multitude are for the most part given up to irreligion : but when at my father's death I succeed to my inheritance, I will find means to end such destruction of life." I will devise some clever stratagem whereby the evil shall be stopped without harming a single human being."

ထိုခေတ်အချိန်က ဗာရာဏသီပြည်သားများသည် ဗလိနတ်စာတင်မြှောက်ပွဲ ကျင်းပပြီး နတ်ဒေဝါများကို ပူဇော်လေ့ရှိကြသည်။ ယင်းပွဲတော်သည် သိုးများ၊ ဆိတ်များ၊ ကြက်ငှက်များ၊ ဝက်များနှင့် အခြားတိရစ္ဆာန်ကို အစုလိုက် အပြုံလိုက် သတ်ဖြတ်သော အလေ့အကျင့်ဖြစ်သည်။ ပန်းများ၊ အမွှေးနံ့သာများနှင့် ပူဇော်ရုံသာမက သွေးအလိမ်းလိမ်းထွက်နေသော တိရစ္ဆာန်အသေကောင်များနှင့်ပါ ရိုးရာဓလေ့ထုံးစံကို လုပ်ဆောင်ကြသည်။ ကြင်နာသနားတတ်သော မင်းသားသည် တစ်နေရာသို့ သွားလာရင်း "အယူသီးပြီး လမ်းလွဲနေကြတယ်။ လူတွေဟာ အကြောင်းမဲ့သက်သက် အသက်သတ်ဖြတ်ပြီး ယဇ်ပူဇော်နေတယ်။ လူအများအပြားဟာ ဘုရားမဲ့ဝါဒအောက် ရောက်နေကြတယ်။ ငါ့ ခမည်းတော် နတ်ရွာစံလို့ ငါ ထီးနန်းအမွေဆက်ခံပြီးရင်တော့ အသက်သတ်ဖြတ်မှု အဆုံးသတ်သွားအောင် နည်းလမ်းရှာမယ်။ လူတစ်ယောက်ကိုမှ ထိခိုက်ညှင်းဆဲခြင်း မပြုဘဲ မကောင်းမှုတွေ ရပ်သွားစေမယ့် လိမ္မာပါးနပ်တဲ့ ပရိယာယ်နည်းကို ငါ တီထွင်ကြံဆမယ်" ဟု တစ်ကိုယ်တည်း စဉ်းစားနေ၏။

In this mood the prince one day mounted his chariot and drove out of the city. On the way he saw a crowd gathered together at a holy banyan-tree, praying to the fairy who had been reborn in that tree, to grant them sons and daughters, honour and wealth, each according to his heart's desire. Alighting from his chariot the Bodhisatta drew near to the tree and behaved as a worshipper so far as to make offerings of perfumes and flowers, sprinkling the tree with water, and pacing reverently round its trunk. Then mounting his chariot again, he went his way back into the city.

ဤသို့ ဆန္ဒရှိနေသော မင်းသားသည် တစ်နေ့တွင် မြင်းရထားစီးလျှက် မြို့ထဲသို့ ထွက်လာခဲ့၏။ လမ်းခရီးတွင် အထွတ်အမြတ်ထားသော ညောင်ပင်ကြီး တစ်ပင်၌ စုရုံးပြီး တစ်ဦးချင်း ဆန္ဒရှိသည့်အတိုင်း သားသမီးများ၊ ဂုဏ်ထူးဝိသေသများ၊ ဥစ္စာဓနများ ရရှိရန် သစ်ပင်စောင့် ရုက္ခစိုးနတ်ထံ ဆုတောင်းနေသော လူများကို တွေ့မြင်သွားသည်။ ဘုရားလောင်းသည် မြင်းရထားပေါ်မှ ဆင်းလိုက်ပြီး သစ်ပင်အနီးသို့ ချဉ်းကပ်သည်။ သစ်ပင်ကို အမွေးနံ့သာများ၊ ပန်းများတင်လှူကာ ရေဖြင့် ဖြန်းပက်မည့် ယဇ်ပူဇော်သူတစ်ဦးကဲ့သို့ ဣနြေ္ဒရရ နေပြီး ပင်စည်ကို တရိုတသေ ပတ်လျှောက်၏။ ထို့နောက် မြင်းရထားစီးကာ မြို့တွင်းသို့ ပြန်လာခဲ့သည်။

Thenceforth the prince made like journeys from time to time to the tree, and worshipped it like a true believer in 'gods.' In due course, when his father died, the Bodhisatta ruled in his stead. Shunning the evil deeds, and practising the ten royal virtues, he ruled his people in righteousness. And now that his desire had come to pass and he was king, the Bodhisatta set himself to fulfil his former resolve. So he called together his ministers, the brahmins, the gentry, and the other orders of the people, and asked the assembly whether they knew how he had made himself king. But no man could tell.

ထိုအခါမှစ၍ နောင်တွင် မင်းသားသည် ထိုသစ်ပင်သို့ အကြိမ်ကြိမ် ခရီးသွားဟန်ပြုပြီး အမှန်တကယ် နတ်ကိုးကွယ်သူတစ်ဦးကဲ့သို့ ကိုးကွယ်လေသည်။ ခမည်းတော် နတ်ရွာစံသောအခါ ယင်း၏ အရိုက်အရာကို ဆက်ခံကာ တိုင်းပြည်အုပ်ချုပ်မင်းလုပ်ခဲ့သည်။ သူသည် ဒုစရိုက်အမှုများမှ ရှောင်ကျဉ်၍ တိုင်းသူပြည်သားများကို မင်းကျင့်တရား ဆယ်ပါးနှင့်အညီ တရားသဖြင့် အုပ်ချုပ်၏။ ဘုရားလောင်းသည် သူ၏ ဆန္ဒအောင်မြင်ပြီး ရှင်ဘုရင်ဖြစ်လာသဖြင့် ယခင် ဆုံးဖြတ်ချက် ပြီးမြောက်အောင် စတင်လိုက်သည်။ သူသည် ဝန်ကြီးများ၊ ပုဏ္ဏားများ၊ သူဌေးများနှင့် အခြား အလွှာအသီးသီးမှ လူများကို ဆင့်ခေါ်ပြီး သူ ဘယ်လိုနည်းနှင့် ရှင်ဘုရင်ဖြစ်လာသလဲဆိုတာ သိသလားဟု တစ်ဖွဲ့လုံးကို မေးမြန်းလိုက်သည်။ မည်သူမှ မလျှောက်တင်ဝန့်ကြပေ။

" Have you ever seen me reverently worshipping a banyan-tree with perfumes and the like, and bowing down before it?"
"Sire, we have," said they.
"Well, I was making a vow ; and the vow was that, if ever I became king, I would offer a sacrifice to that tree. And now that by help of the god I have come to be king, I will offer my promised sacrifice. So prepare it with all speed."
" what " But are we to make it of"
" My vow," said the king, " was this : —All such as are addicted to the Five Sins, to wit the slaughter of living creatures and so forth, and all such as commit the Ten Paths of Unrighteousness, them will I slay, and with their flesh and their blood, with their entrails and their vitals, I will make my offering.

"ငါကိုယ်တော်အရှင်မြတ် ညောင်ပင်ကို အမွှေးနံ့သာများ၊ အလားတူပစ္စည်းများဖြင့် တရိုတသေ ပူဇော်ပြီး ယင်းအပင်ရှေ့မှာ ဦးညွှတ်ဂါရဝပြုတာကို မြင်ဘူးကြသလား" ဟု မေးမြန်းပြန်၏။
"မှန်လှပါ မြင်ဘူးပါတယ်" ဟု လျှောက်တင်ကြ၏။
"ကောင်းပြီ ဘုရင်ဖြစ်ရင် သစ်ပင်ကို ယဇ်ပူဇော်မယ်လို့ ငါကိုယ်တော် အဓိဋ္ဌာန်ပြုထားတယ်။ ရုက္ခစိုးနတ်ရဲ့ ကူညီစောင်မမှုနဲ့ အခုလို ဘုရင်ဖြစ်လာတဲ့အတွက် ကတိပေးထားတဲ့ ဗလိနတ်စာပူဇော်မှု ဆောင်ရွက်မယ်။ အမြန်ဆုံး ပြင်ဆင်ကြပါ"။
"ကျွန်တော်မျိုးတို့ ဘာများစီစဉ် ဆောင်ရွက်ပေးရမလဲ"။
"ငါဘုရင်မင်းမြတ်ရဲ့ အဓိဋ္ဌာန်က ဒီလိုပါ။ သတ္တဝါတွေကို သတ်ဖြတ်ခြင်းစတဲ့ ကံငါးပါး ဖောက်ဖျက်သူ အားလုံးနှင့် ဒုစရိုက်ဆယ်ပါး ကျူးလွန်သူများကို သေဒဏ်ပေးပြီး သူတို့ရဲ့ အသားတွေ၊ အသွေးတွေ၊ ကလီစာတွေ၊ ကိုယ်ခန္ဓာအစိတ်အပိုင်းတွေနဲ့ ယဇ်ပူဇော်မှု ပြုမယ်ဆိုတာပါပဲ"။

So proclaim by beat of drum that our lord the king in the days of his viceroyalty vowed that if ever he became king he would slay, and offer up in a sacrifice, all such of his subjects as break the Commandments. And now the king wills to slay one thousand of such as are addicted to the Five Sins or commit the Ten Paths of Unrighteousness ; with the hearts and the flesh of the thousand shall a sacrifice be made in the god's honour. Proclaim this that all may know throughout the city. Of those that transgress after this date," added the king, " will I slay a thousand, and offer them as a sacrifice to the god in discharge of my vow." Obedient to the king's commands, the ministers had proclamation made by beat of drum accordingly throughout the length and breadth of Benares

ဒါကြောင့် ဘုရင်မင်းမြတ်သည် သူဘုရင်ဖြစ်လျှင် သီလဖောက်ဖျက်သူကဲ့သို့ ဖော်ပြပါ ပုဂ္ဂိုလ်များကို သတ်၍ ယဇ်ပူဇော်မည်ဟု အိမ်ရှေ့စံဘဝ အချိန်ကတည်က အဓိဋ္ဌာန်ပြုထားသည်။ ယခုအချိန်မှစ၍ ငါးပါးသီလဖောက်ဖျက်သူ၊ ဒုစရိုက်ဆယ်ပါး ကျူးလွန်သူ လူတစ်ထောင်ကို သတ်ပြီး အသည်းနှလုံး တစ်ထောင်၊ အသွေးအသားတစ်ထောင်ဖြင့် ရုက္ခစိုးနတ်ကို ပူဇော်မည့် ဘုရင်မင်းမြတ်၏ ဆန္ဒတော်ကို အကောင်အထည်ဖော်ဆောင်မည်။ တစ်မြို့လုံး သိစေရန် ဤအမိန့်တော်ကို ထုတ်ပြန်လိုက်သည်။ဤအမိန့်ကြေငြာချက်ထုတ်သည့်နေ့မှစ၍ ဥပဒေကို ဖောက်ဖျက်ကျူးလွန်သူ လူတစ်ထောင်အား ငါဘုရင်မင်းမြတ် အဓိဋ္ဌာန်ရှိထားသည့်အတိုင်း သေဒဏ်ပေး၍ ဗလိနတ်စာကျွေးမည်" ဟု အမိန့်တော်ရှိလိုက်သည်။ ဝန်ကြီးများသည် ဘုရင့်အမိန့်တော်ကို နာခံပြီး ဗာရာဏီသီမြို့၏ နေရာ အနှံ့အပြားသို့ စည်တော်တီး၍ ကြေငြာထုတ်ပြန်လိုက်သည်။

Such was the effect of the proclamation on the townsfolk that not a soul persisted in the old wickedness. And throughout the Bodhisatta's reign not a man was convicted of transgressing. Thus, without harming asingle one of his subjects, the Bodhisatta made them observe the Commandments. Boddhisattha did alms-giving and other good works at the close of a life of and passed away with his followers to throng the city of the devas.

မြို့နေလူထုထံ အမိန့်ကြေငြာချက်ထုတ်ပြန်ခြင်း၏ အကျိုးဆက်အဖြစ် ရှေးဟောင်းအစဉ်လာ ထိခိုက်နစ်နာစေသော အမှုများကို မည်သူမျှ ဆက်မလုပ်တော့ပေ။ ဘုရားလောင်း မင်းပြုစိုးစံသည့် ကာလတစ်လျှောက်လုံး မည်သူမျှ ဥပဒေကို ဖောက်ဖျက်ကျူးလွန်ခြင်း မရှိတော့ပေ။ ဤသို့ဖြင့် ဘုရားလောင်းသည် အုပ်ချုပ်ခံလူတစ်ဦးတစ်ယောက်မျှကို မထိခိုက်စေဘဲ သီလဆောင့်ထိန်းအောင် လုပ်ဆောင်ခဲ့သည်။ ဘုရားလောင်းသည် လှူဒါန်းပေးကမ်းခြင်း ဒါနစသော ကုသိုလ်ကောင်းမှုများကို အသက်ထက်ဆုံး ဆောင်ရွက်ပြီး နတ်ရွာစံသောအခါ နောက်လိုက်များနှင့်အတူ နတ်ပြည်သို့ စုပြုံရောက်ရှိသွားတော့သည်။

Authors get paid when people like you upvote their post.
If you enjoyed what you read here, create your account today and start earning FREE STEEM!
Sort Order:  

Hi! I am a robot. I just upvoted you! I found similar content that readers might be interested in:
http://www.sacred-texts.com/bud/j1/j1053.htm

cheetah i tell me my post my writing