ရက်ရောစွာ ပေးလှုခြင်း
မဟတ္တမ ဂန္ဓီ ဟာ Charkha Sangh အတွက် ရန်ပုံငွေ စု ဆောင်းရန် အလို့ငှာ တစ်မြို့ပြီး တစ်မြို့ တစ်ရွာပြီးတစ်ရွာ သွား ရောက် ခဲ့ပါတယ်။ သူ့ခရီးစဉ်များထဲမှ တစ်ခု ဖြစ်တဲ့ Orissa ပြည် နယ်သို့ ရောက်ရှိစဉ် အစည်းအဝေး တစ်ခုမှာ မိန့်ခွန်း ပြောကြားခဲ့ ပါတယ်။သူ့မိန့်ခွန်း ပြီးဆုံးသွားချိန်မှာ သူဆင်းရဲ အဖွားအို တစ်ဦး ဟာ မတ်တပ် ထရပ်ခဲ့ပါတယ်။
သူမဟာ အသက်အရွယ်အရ ခါး ကိုင်းနေပြီး ဆံပင်များက အဖြူရောင် ဖြစ်နေကာ အဝတ်အစားများ ကလည်း ဆုတ်ပြဲ ဟောင်းနွမ်းနေပါတယ်။တာဝန်အရ လုပ်အားပေး များက သူမကို တားမြစ်ဖို့ ကြိုးပမ်းခဲ့ပေမဲ့ သူမက ငြင်းဆန် တွန်း ဖယ်ကာ ဂန္ဓီကြီး ထိုင်နေသည့် နေရာသို့ လျှောက်လာခဲ့ပါတယ်။ နှုတ်မှလည်း `` ငါသူ့ကို တွေ့ရမှ ဖြစ်မယ် ´´ ဟု ဆိုကာစိတ်ထက် သန်စွာဖြင့် ဂန္ဓီကြီး ရှေ့ သို့ရောက်လာခဲ့ပြီး သူ့ရဲ့ ခြေထောက် ကို ထိကိုင်လိုက်ပါတယ်။ပြီးတော့ သူမရဲ့ ဆာရီအတွင်းမှ ကြေးနီ ဒင်္ဂါးပြား တစ်ခုကို ထုတ်ယူလိုက်ပြီး ဂန္ဓီကြီးရဲ့ ခြေထောက် ရှေ့နား မှာ ထားလိုက်ပါတယ်။
ဂန္ဓီကြီးဟာ ကြေးနီဒင်္ဂါးကို ကောက်ယူလိုက် ပြီး ဂရုတစိုက် ယူဆောင်ထားလိုက်ပါတယ်။Charkha Sangh ရန်ပုံ ငွေဟာ Jamnalal Bajaj ရဲ့ စီမံမှု အောက်မှာ ရှိနေတာ ဖြစ်ပါ တယ်။ သူက ကြေးနီဒင်္ဂါးကို ထိန်းသိမ်းရန်အတွက် ဂန္ဓီကြီး ထံမှ တောင်းခံခဲ့သော်လည်း ဂန္ဓီကြီးက ငြင်းပယ်လိုက်ပါတယ်။
Jamnalal Bajaj က သူဟာ Charkha Sangh ရဲ့ ရူပီးငွေ ထောင်ပေါင်းများစွာသော ချက်လက်မှတ်များကို ထိန်းသိမ်းထားတာ ဖြစ်ပြီး ယခု ကြေးနီဒင်္ဂါး တစ်ခုအတွက်နဲ့ သူ့အပေါ် ယုံကြည်မှု မရှိ ဖြစ်ရသည် ဟုဆိုကာ ပြက်ရယ်ပြုလိုက်ပါတယ်။အဲဒီအခါမှာ ဂန္ဓီကြီး က ကြေးနီဒင်္ဂါးဟာ ထောင်ပေါင်းများစွာသော ငွေကြေးများထက် အ ဖိုးတန်ကြောင်း ပြောလိုက်ပါတယ်။
သိန်းပေါင်းများစွာ ပိုင်ဆိုင်တဲ့ သူတစ်ဦးဟာ တစ်ထောင် နှစ်ထောင် ပေးလှူလိုက်တယ်ဆိုရင် များ ပြားတယ်လို့ မဆိုနိုင်ပါဘူး။ဒါပေမဲ့ ယခု ကြေးနီ ဒင်္ဂါးပြားကတော့ သူဆင်းရဲ အဖွားအိုရဲ့ ပိုင်ဆိုင်မှု တစ်ခုလုံးပဲ ဖြစ်ပါတယ်။သူမဟာ သူမရဲ့ပိုင်ဆိုင်မှုအားလုံးကို ကျွန်ုပ်ကို ပေးလှူခဲ့ပါတယ်။
ထိုအခါဟာ သူမရဲ့ အလွန့်အလွန်သော ရက်ရောစွာ ပေးကမ်းမှုပဲ ဖြစ်ပါတယ်။ သူမဟာ ကြီးမြတ်လှတဲ့ စွန့်လွှတ်လှူဒါန်းမှုကို ပြုလုပ်ခဲ့တာ ဖြစ်ပါ တယ်။အဲဒါကြောင့် ကျွန်ုပ်ဟာ ရူပီးကုဋေပေါင်းများစွာ ထက်ပို၍ ကြေးနီဒင်္ဂါးကို ပိုတန်ဖိုးထားရခြင်း ဖြစ်ကြောင်း ပြောပြလိုက်ပါ တယ်။
(၁) မည်သူမဆို တစ်ခုမဟုတ် တစ်ခု ပေးကမ်းနိုင်သည်ကို သိပါသလား။
……………………………………………………………………………………………………
(၂) သင့်ရဲ့ ယုံကြည်ချက်အတွက် ဘယ်လောက်ထိ စွန့်စားနိုင်ပါသလဲ။
Translator >> @shweyaungmyanmar
ဘဝဒသန စိတ်အားဖြည့် ဘာသာပြန် ပုံပြင်များ - 2 >> https://steemit.com/story/@shweyaungmyanmar/thng-yae-mhundefined-hako-eyapanglepa
Interesting thoughts
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
ဖတ်ရှုတဲ့ အတွက် ကျေးဇူးပါ
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit