၈။Third-party launcher ကိုအသုံးပြုခြင်
၉။ Factory reset ချခြင်း
နည်းပညာချစ်သူ
www.7techlover.org
(Unicode)
၁။ အမြဲ Update ပြုလုပ်ပေးပါ
နောက်ဆုံးပေါ် Software တွေမှာ error တွေကိုပြုပြင်ပေးဖို့နှင့် လုပ်ဆောင်ချက်အသစ်တွေ ပါဝင်ခြင်းကြောင့် သင့်ရဲ့ ဖုန်းကိုသွက်လက်စေဖို့အတွက် အကောင်းဆုံး ကူညီပေးနိုင်မှာပါ။ ကိုယ့်ဖုန်းထဲမှာ ရှိတဲ့ Software တွေကို အမြဲ Update လုပ်ထားသင့်ပါတယ်။
Software Updateတွေဟာ အမြဲ OTA (Over The Air) ပေါ်မှလာလေ့ရှိတဲ့အတွက် အလိုအလျှောက် Update ပြုလုပ်တဲ့ စနစ်ကိုရွှေးချယ်ထားသင့်ပါတယ်။ အလိုအလျှောက်Updateပြုလုပ်ဖို့ အခက်အခဲရှိမယ်ဆိုရင်တော့ Go to Settings > About device > Software update ထဲသို့ဝင်ရောက် စစ်ဆေးနိုင်ပါတယ်။
ဒီနည်းအတိုင်းဘဲ မိမိဖုန်းထဲမှာရှိတဲ့ Applications တွေကိုလဲ Play Storeမှ My apps ထဲသို့ဝင်ရောက်၍
Update ပြုလုပ်နိုင်ပါတယ်။
၂။ Home Screen ကိုရှင်းလင်းထားပါ
ကိုယ့် Home Screen မှာ Live Wallpaperတွေသုံးမယ့်အစား ပုံကောင်းကောင်းလေး တစ်ပုံကိုရွှေးချယ်ထားတာဟာလဲ ကိုယ့်ဖုန်းကို သွက်လက်စေမှာပါ။
အသုံးမဝင်တဲ့ icons တွေ widgets တွေကိုလဲ ဖယ်ရှားထားသင့်ပါတယ်။ Home Screen ကိုရှင်းရှင်းထားလေ ကိုယ့်ဖုန်းရဲ့ စွမ်းဆောင်ရည်ကို သွက်လက်စေလေပေါ့။
၃။ အသုံးမလိုတဲ့ Applications များကို Uninstall
လုပ်ပါ သို့မဟုတ် ပိတ်ထားပါ
သင် တစ်ခါမှ မသုံးဖြစ်တဲ့ Applications တွေက သင့်ဖုန်းကို Memory တွေပြည့်ပြီး ဖုန်းရဲ့ စွမ်းဆောင်ရည်ကို ထိခိုက်စေမှာကို သင်လိုလားမှာ မဟုတ်ပါဘူး။ Settings > Apps > All tab ထဲသို့ ဝင်ပြီး ကိုယ့်အတွက်အသုံးမလိုတဲ့ မသုံးဖြစ်တဲ့ Applicationsတွေကို မှတ်ကာ Uninstall ပြုလုပ်နိုင်ပါတယ်။
Uninstall လုပ်လို့မရတဲ့ Applications တွေကိုတော့ Disable ကိုနှိပ်၍ ပိတ်နိုင်ပါတယ်။ Disabled လုပ်ထားတဲ့ Applications တွေကို Tab အသစ်တစ်ခုထဲမှာ တွေ့နိုင်ပါတယ် နောင်ကိုယ်ပြန်သုံးချင်ရင်တော့ Enable ပြန်လုပ်ပေးလိုက်ပေါ့။
Settings > Apps > Running tab ထဲသို့ဝင်ရောက်ပြီး ဖုန်းမှာ Run နေတဲ့ Applications များကိုလဲကည့်ရူနိုင်ပါတယ်။ တစ်ချို့ Applications တွေကမရှိမဖြစ်လိုတဲ့ Applicationsတွေဆိုတော့ သေချာစဉ်းစားဖို့တော့ လိုတာပေါ့။
၄။ Animations တွေကိုပိတ်ပါ သို့မဟုတ် လျော့ချပါ
တစ်ချို့သော Animations တွေကိုပိတ်ခြင်း လျော့ချခြင်းဖြစ်လည်း ဖုန်းရဲ့စွမ်းဆောင်ရည်ကို သွက်လက်စေနိုင်ပါတယ်။ ဒီလုပ်ဆောင်ချက်ကို လုပ်ဆောင်ဖို့အတွက်တော့ Developer options ထဲကို ဝင်ရောက်ဖို့ လိုပါတယ်။ Settings > About phone >အတိုင်းဝင်ရောက်၍ System Section မှ Build number ကို ၇ကြိမ်နှိပ်ပါ developer ဖြစ်တဲ့ message ပေါ်လာပါလိမ့်မယ်။ နောက်သို့ပြန်ထွက်၍ Developer options ထဲသို့ဝင်ရောက်၍ Window animation scale, Transition animation scale နှင့် Animator duration scale တို့ကို နှိပ်၍ ကိုယ့်ဖုန်းနဲ့ သင့်တော်မယ့် တန်ဖိုးများကို ရွှေးချယ် သတ်မှတ်နိုင်ပါတယ်။
၅။ Cached dataများကို ရှင်းလင်းပါ
Cached data တွေဟာ Applications တွေကို Run ရာမှာ မြန်ဆန်စေပေမယ့် ကိုယ့်ဖုန်းရဲ့ Memory မှာတော့ နေရာအတော်ယူပါတယ်။ Cached data များကို ရှင်းလင်းပေးခြင်းဖြင့် ကိုယ့်ဖုန်းရဲ့ Memory ပြည့်ခြင်းကို သက်သာစေမှာပါ။ Settings > Apps > All tab ထဲမှ Application တစ်ခုချင်းမှ Cached data များကို Clear cache ကိုနှိပ်ပြီး ဖျက်နိုင်ပါတယ်။ Applications အားလုံးရဲ့ Cached dataများကိုဖျက်ဖို့ ရည်ရွယ်ထားရင်တော့ Settings > Storage > Cached data ထဲသို့ ဝင်၍ Cached data အားလုံးကို ဖျက်နိုင်ပါတယ်။ CCleaner Application ဖြင့်လည်း Cached data များကိုဖျက်ခြင်းဖြင့် ဖုန်းရဲ့ စွမ်းဆောင်ရည်ကိုလဲ maintenance ပြုလုပ်ပေးနိုင်ပါတယ်။
၆။ Auto-sync ကိုပိတ်ထားပါ
ကျနော်တို့ တော်တော်များများဟာ ဖုန်းမှာ accounts မျိုးစုံကို အသုံးပြုကြတဲ့ အတွက် ဒီ accountsတွေအတွက် data အသစ်များ updates အသစ်များ ရယူဖို့အတွက် auto-sync ကိုဖွင့်ထားတတ်ကြပါတယ်။ Auto-sync တွေဟာ နောက်ကွယ်မှာ Runနေတဲ့ အတွက် Phone ရဲ့စွမ်းဆောင်ရည်ကို ထိခိုက်စေနိုင်ပါတယ်။ Settings > Accounts > Auto-sync ထဲသို့ဝင်ရောက်၍ ပိတ်ထားနိုင်ပါတယ်။ ဒီလိုပိတ်ထားတာဟာ တစ်ချို့သူတွေအတွက် အဆင်မပြေဖူးဆိုရင်တော့ Application ရဲ့ Setting ထဲသို့ ဝင်ရောက်ပြီးတော့ sync frequency ကိုလျော့ချနိုင်ပါတယ်။
၇။Cache partition ကိုရှင်းလင်းခြင်း
Cache partition ဆိုတာ သင့်ရဲ့ Application Data cache ကိုပိုင်းခြားထားတဲ့ဟာဖြစ်ပြီးတော့ သူ့ထဲမှာတော့ ယာယီ Filesများစွာ ပါဝင်ပါတယ်။ Cache partition ကိုလဲ မကြာခဏ ရှင်းလင်းသင့်ပါတယ်။ ဒီဟာကို ပြုလုပ်ဖို့ ဆိုရင်တော့ recovery mode ထဲသို့ ဝင်ရောက်ရမှာပါ။ Recovery mode သို့ဝင်ရောက်ရာမှာတော့ ဖုန်းအမျိုးအစားပေါ် လိုက်ပြီးတော့ ကွဲပြားနိုင်ပါတယ် ဒါပေ့မယ် Google search ထဲမှာ အလွယ်တကူ ရှာဖွေလို့ရနိုင်ပါတယ်။
၈။Third-party launcher ကိုအသုံးပြု ုခြင်း
OEMs မှ တစ်ချို့သော ပြု ပြင်ပြောင်းလဲခြင်းတွေဟာ ဖုန်းကိုပိုပြီးလေးစေပါတယ်။ ဒါကြောင့် သင့်အေနနဲ့ ဖုန်းကို ပိုပြီးသွက်လက်စေခြင်းတယ် ဆိုရင်တော့ third-party launcher တွေကိုစမ်းသုံးကြည့်သင့်ပါတယ်။
Nova Launcher, Go Launcher EX, Apex Launcher စတဲ့ Launcher တွေထဲမှ ကိုယ်ဖုန်းနဲ့ အဆင်ပြေမယ့် Launcher ကိုသုံးပြီး ကိုယ့်ဖုန်းကို ပိုပြီးသွက်လက်စေမှာပါ။
၉။ Factory reset ချခြင်း
ဒီအဆင့်ကို လုပ်ရတာဟာ တစ်ချို့သူတွေကတော့ ကြိုက်နှစ်သက်မှာ မဟုတ်ပါဘူး။ ဒါပေမယ့် အကြံပေးချက်တွေ အရတော့ အချိန်တစ်ခု ရောက်တိုင်း Factory reset ချခြင်းအားဖြင့် သင့်ဖုန်းကို ဖုန်းအသစ်တုန်းက အတိုင်းပြန်လည် သွက်လက်စေနိုင်ပါတယ်။ Factory reset ချရင် Data တွေ Applications တွေ အားလုံးကို ရှင်းလင်းပစ်လိုက်လို့် ကိုယ့်အတွက် အရေးကြီးတဲ့ Data တွေကိုတော့ အရင်ဆုံး back up လုပ်ထားဖို့တော့ လိုပါတယ်။ Settings > Backup & reset > Factory data reset ဒီအဆင့်တွေဝင်ရောက်၍ Factory reset ပြုလုပ်နိုင်ပါတယ်။
၁၀။ ဖုန်းကို Overclock ပြုလုပ်ခြင်း
ဖုန်းတွေမှာ အသုံးပြုထားတဲ့ processors ချင်းတွေ တူနေရင် တစ်လုံးနဲ့ တစ်လုံး စွမ်းဆောင်ရည်ကွာတာကို သင်သတိထားမိမှာပါ။ ဘာကြောင့်လဲဆိုတော့ တစ်ချို့သော OEMs တွေက ဖုန်းအပူလွန်ကဲခြင်းကို လျော့ချဖို့နှင့် battery သက်တမ်းကြာရှည်ခံရန်အတွက် Phone ရဲ့ Speed ကိုလျော့ချထားခြင်းဖြစ်ပါတယ်။
သင့်ဖုန်းဟာ Root ဖောက်ထားမယ်ဆိုရင်တော့ SetCPU or Android Overclock Applications တွေကို အသုံးပြုပြီးတော့ ဖုန်းကို Overclock ပြုလုပ်နိုင်ပါတယ်။
Overclock လုပ်ပါက ဖုန်းအပေါ် သက်ရောက်မှုများ ရှိနိုင်သည့် အတွက် အမျှော်အမြင်ရှိရှိ စဉ်းစားပြီးမှ ပြုလုပ်သင့်ပါတယ်။
၁၁။ Custom ROM ကို Install လုပ်ခြင်း
ဖုန်းကို Root ဖောက်ရုံနဲ့တော့ ဖုန်းရဲ့စွမ်းဆောင်ရည်က အလိုအလျှောက် မြင့်မလာနိုင်ပါဘူး ဒါပေမယ့် Custom ROM ကတော့ လုပ်ဆောင်ပေးနိုင်ပါတယ်။ Custom ROM version အသစ် မထွက်တဲ့ တစ်ချို့ဖုန်းတွေ အတွက်တော့ Android version အသစ်ကိုတင်တဲ့ နည်းလမ်းကိုလဲ အသုံးပြုနိုင်ပါတယ်။
ဖုန်းကိုသွက်လက်စေဖို့ နည်းလမ်း ၁၁ချက်ကတော့ ပြီးဆုံးသွားပါပြီး။ သင့်ရဲ့ အကြံပြုချက်လေးတွေ ကိုကြားချင်းပါသေးတယ်။
နည်းပညာချစ်သူ