Mine Thout Bridge (Love Bridge)

in travel •  7 years ago 

Mine Thout Bridge

There is so beautiful bridge at Inn Lay lake, Nyaung Shwe, Southen Shan State, Myanmar. The name of bridge is Mine Thout. It can also call 'Inn Lay U Bein Bridge' or 'Shan hill U Bein Bridge' because it look like with U Bein Bridge at Amarapura, Mandalay Decision. It can also call Love Bridge. Why?

In Myanmar ther are two terms about love: first; love from parent to child, child to parent, brother to sister, sister to brother which we call family love ('512' love) and second; love couple ('1500' love).

20170623_143347.jpg

At early time, the length of bridge is 1800 ft. But now 1500 ft. There is 528 columns to lift the bridge. It is the description of combination of both loves. That is why it so called Love bridge.

It locates at Mine Thout Village, Inn Lay lake. It far 8 miles from Nyaung Shwe. It was built in by the owner of "Inle Princess" resort whose name U Own Maung and Planetwheeler Foundation at year 2000. They give the name Friendship Bridge. There was two months long to build. It is also repair at 2010 and 2014.

20170623_144148.jpg

The purpose is to improve the economy, social, education and also easier and better transportation for the villagers and Students.

Now there are both local people and many foreigners visit the bridge every day. All of them really happy and refresh when they reach there. You can also visit to the Village by boat.

20170623_142318.jpg

You can walk in no hurry not in any hurry on the bridge between breeze which across the lake. Along each side of the bridge is wide water. You can see the hills a little bit far from the bridge. The scence is really coll.
I'm absolutely sure, you like this. Come and enjoy us. We always welcome.
Have a good time in life.

#DonJaun
#SteemitMyanmar

မိုင်းသောက် တံတား (သံယောဇဉ် တံတား)

မြန်မာနိုင်ငံ၊ ရှမ်းပြည်နယ်တောင်ပိုင်း၊ ညောင်ရွှေမြို့ရဲ့ အင်းလေးကန်မှာ အလွန်လှတဲ့ တံတား တစင်းရှိပါတယ်။ မိုင်းသောက် တံတား လို့ ခေါ်ပါတယ်။ မိုင်းသောက် တံတားကို အင်းလေးဦးပိန် တံတား (သို့မဟုတ်) ရှမ်းကုန်းမြင့်ပေါ်က ဦးပိန် တံတား လို့လည်း ခေါ်ကြပါတယ်။ ဘာလို့လဲ ဆိုရင် မိုင်းသောက် တံတားဟာ မန္တလေးတိုင်း အမရပူရမြို့နယ် တောင်သမန်အင်းထဲမှာ ရှိတဲ့ ဦးပိန် တံတားနဲ့ ဆင်တူနေလို့ပါ။ မိုင်းသောက် တံတား ကို သံယောဇဉ် တံတားလို့လည်း ခေါ်ပါသေးတယ်။ ဘာလို့လဲ?

ကျတော်တို့ မြန်မာမှာ အချစ်ကို ၂ မျိုးခွဲခြား တတ်ကြပါတယ်။ တခုက မိသားစု အချစ် (၅၂၈) နဲ့ နောက်တခုက လင်ချစ်မယားချစ် (၁၅၀၀)။

အစောပိုင်း နှစ်တွေတုန်းက တံတားအရှည်ဟာ ပေ ၁၈၀၀ ရှိပါတယ်။ ခုခါမှာ ကုန်းမြေပေါ်လာမှု နဲ့အတူ တချို့အပိုင်းတွေ မရှိတော့လို့ ပေ ၁၅၀၀ သာ ကျန်ပါတယ်။ တံတားမှာ အသုံးပြုထားတဲ့ တိုင်လုံးရေပေါင်း ၅၂၈ တိုင် ရှိပါတယ်။ တံတားဟာ ချစ်ခြင်းမေတ္တာ နှစ်ခု ပေါင်းစပ်မှုကို ဖော်ပြနေပါတယ်။ ဒါကြောင့်ပဲ သံယောဇဉ် တံတားလို့ ခေါ်တွင်ရတာပါ။ သံယောဇဉ် တံတား လို့ ခေါ်ဖြစ်တဲ့ တခြား အကြောင်းကိစ္စရပ်လည်း ရှိပါတယ်။ မိုင်းသောက် ရွာသူ ရွာသား သမီးရည်းစား ချစ်သူတွေ အချိန်းအချက် တွေ့ဆုံကြတဲ့ နေရာဖြစ်လို့လည်း သံယောဇဉ် တံတား လို့ ခေါ်ခြင်းဖြစ်တယ် လို့လည်း အချို့က ဆိုကြပါတယ်။

မိုင်းသောက် တံတားဟာ အင်းလေးကန် အရှေ့ဖက် မိုင်းသောက်ရွာမှာ တည်ရှိပါတယ်။ ညောင်ရွှေကနေ ၈ မိုင်လောက်ပဲ ဝေးပါတယ်။ "Inle Princess" resort ပိုင်ရှင် ဦးအုန်းမောင်နဲ့ Planetwheeler Foundation တို့ ပူးပေါင်းပြီး ၂၀၀၀ ပြည့်နှစ်မှာ တံတားကို တည်ဆောက်ခဲ့ပါတယ်။ တံတားကို Friendship Bridge လို့ အမည်ပေးခဲ့ပါတယ်။ တည်ဆောက်ချိန် ၂ လ ကြာမြင့်ခဲ့ပါတယ်။ ၂၀၁၀ နဲ့ ၂၀၁၄ ခုနှစ်တွေမှာတော့ တံတားကို ပြန်လည် ပြင်ဆင်မှုတွေ လုပ်ခဲ့ပါတယ်။
တံတားကို တည်ဆောက်ရတဲ့ ရည်ရွယ်ချက်ကတော့ ဒေသခံတွေရဲ့ စီးပွားရေး၊ လူမှုရေး၊ သွားလာရေး လွယ်ကူစေဖို့နဲ့ ကျောင်းသား ကျောင်းသူလေးတွေ ကျောင်းသွား ကျောင်းပြန် အဆင်ပြေစေဖို့ပါ။

ယနေ့ အချိန်မှာတော့ ဒေသတွင်းမှ လူများအပြင် နိုင်ငံတကာမှ လာရောက် လည်ပတ်သူတွေနဲ့ စည်ကားလှပါတယ်။ ဒီနေရာလေးကို ရောက်လာတဲ့ သူတွေအားလုံး ပျော်ရွှင်ပြီးတော့ လန်းဆန်းမှုကို ခံစားရမှာ သေချာပါတယ်။ တံတားကနေ လှေစီးပြီး ရွာထဲကိုလည်း သွားလည်နိုင်ပါသေးတယ်။

ဘာအပူအပင်မှ မရှိပဲ တံတားကို ဖြတ်တိုက်လာတဲ့ လေပြေလေညှင်း တွေကြား အေးအေးလူလူ လမ်းလျှောက် နိုင်ပါသေးတယ်။ တံတားရဲ့ ဘေးတဖက်တချက်မှာလည်း ရေပြင်ကျယ်ကြီးက ရှိနေသေးတယ်လေ။ တံတားရဲ့ ခပ်လှမ်းလှမ်းမှာ မြင်ရတဲ့ တောင်တန်းတွေကို ကြည့်ရင်း လမ်းလျှောက် ရတဲ့ အရသာက သိပ်ကောင်းပါလိမ့်မယ်။

မိတ်ဆွေ တကယ် နှစ်သက်မယ်လို့ ကျတော် အပြည့်အဝ ယုံကြည်ပါတယ်။ လာရောက် လည်ပတ်လှည့်ပါလို့ ဖိတ်ခေါ်ပါတယ်။

#DonJaun
#SteemitMyanmar

Authors get paid when people like you upvote their post.
If you enjoyed what you read here, create your account today and start earning FREE STEEM!