ပိတ်ရက်ကလည်းဖြစ်ပြန်၊ အိမ်မှာလည်း ပျင်းပျင်းရှိနေတာနဲ့ မြို့တစ်ခွင် ပြဲပြဲစင်အောင် လျှောက်လည်ပါတော့တယ်။ ထိုနေ့က ပြည်ကျွန်းကြိုးဝိုင်းမှာ ဆင်စခန်း အသစ် ဖွင့်မယ် ကြားတာကြောင့် သွားရောက် စပ်စုရန် ချီတက်ပါတော့တယ်။ ဆင်စခန်းက ပြည်ကျွန်း ကြိုးဝိုင်းမှာပါ။ ပြည်ကျွန်း ကြိုးဝိုင်းက ရန်ကုန်-ပြည် ကားလမ်းမပေါ် ပြည်ပညာရေး ကောလိပ်နဲ့ မျက်စောင်းထိုးမှာ ရှိပါတယ်။ ဂျာမန်ပညာရှင် ဒေါက်တာ ဘရန်းဒစ်က ကျွန်းသစ် စိုက်ခင်းကို စတင် စိုက်ပျိုးခဲ့တယ်လို့ သိရှိရပါတယ်။ နှစ်ပေါင်းက ရာကျော်နေပါပြီ။ ကျွန်းပင်ကြီးတွေက အလွန်တရာ ကြီးမားလှပါတယ်။ သာမန်ဆို ဒီလို ကျွန်းသစ်ပင်ကြီးမျိုးဆိုတာ တောထဲတောင်ထဲ တောနက်ထဲမှာသာ တွေ့နိုင်တာပါ။ သို့ပေမယ့် ရှေးရှေးပညာရှင်တို့ရဲ့ အမျှော်အမြင် ကြီးမားမှု၊ ခေတ်အဆက်ဆက် ထိန်းသိမ်း စောင့်ရှောက်မှုတွေကြောင့်သာ ခုလို လွယ်လင့်တကူ လေ့လာလို့ရတာပါ။
ထိုနေ့က စတင်ဖွင့်လှစ်တဲ့နေ့မို့ ဝင်ကြေး အခမဲ့ပါ။ နောက်နေ့တွေဆို ဝင်ကြေး ၅၀၀ ပေးရမှာပါ။ နောက်ပြီး စတင်ဖွင့်လှစ်တဲ့နေ့ အထိမ်းအမှတ်အနေနဲ့ ၅၀% Discount ပေးပါတယ်။ Long Trip (ခရီးရှည်) နဲ့ Short Trip (ခရီးတို) ဆိုပြီး နှစ်မျိုး ခွဲခြားထားပါတယ်။ Long Trip ကတော့ ပြည်ကျွန်းကြိုးဝိုင်း တစ်ပတ် ဆင်စီးရမှာပါ။ ယနေ့ Discount တစ်ဦးကို ကျပ်တစ်သောင်းပါ။ Short Trip ကတော့ ပြည်ကျွန်းကြိုးဝိုင်း ရှေ့မျက်နှာစာ မီတာရာဂဏန်းလောက် ခေါက်ပြန်လေး စီးရမှာပါ။ တစ်ဦးကို ကျပ်ငါးထောင်ပါ။ နောက်နေ့ဆို ဒီဈေးနဲ့ ရမှာမဟုတ်တာက တစ်ကြောင်း၊ တစ်ခါမှလည်း ဆင်မစီးဖူးတာက တစ်ကြောင်းတို့ကြောင့် Short Trip လေး စီးဖြစ် သွားပါတယ်။
ဆင်မစီးခင် ဆင်ပေါက်စလေးကို အစာကျွေး ကြပါသေးတယ်။ အစာက ပုံထဲမှာပါတဲ့ အတိုင်းပါပဲ။ တစ်ခြင်းကို ကျပ်သုံးရာနဲ့ ဝယ်ကျွေးလို့ရပါတယ်။ ကျွန်တော်လည်း စစချင်းတုန်းက ဆင်ကို ကျွေးတဲ့အစာကို ကြံရိုးလို့ ထင်မိတာပါ။ တီဗွီထဲမှာ တွေ့ဖူးတာကလည်း ဆင်တွေ့ ကြံကိုဆို အလွန်ကြိုက် ဆိုပဲလေ။ ကျွေးတဲ့အစာတွေက ကြံရိုးလိုပါပဲ။ ဒါပေမယ့် ကြံရိုးလောက်လည်း မတုတ်ဘူး။ သေးတယ်။ အရည် ရွမ်းမယ့်ပုံလည်း မပေါ်ဘူး။ နောက်မှ ကျွန်တော် သိရတာက အဲ့တာက ကြံမဟုတ်ဘဲ နေဗီယာ မြက်မျိုးတွေပါ။ နေဗီယာမြက်ဆိုတာက နို့စားနွား တွေကို အထူးတလည် ကျွေးတဲ့ မြက်မျိုးတွေပါ။ အပင်တွေက ကြံပင်တွေလိုပါပဲ။ ဆင်တယ်ပေါ့။ ကြံပင်လိုပဲ လူတစ်ရပ်ကျော် မြင့်တယ်။ မသိရင် ကြံပင်တွေလို့ ထင်မှတ်မှားစရာ ရှိပါတယ်။
ကဲ…ဆင်စီးကြပြီလေ။
ဆင်ပေါ်တက်ဖို့ လှေကားလေးကနေ တက်ရပါတယ်။ ဆင်ကလှုပ်တုတ်လှုပ်တုတ် ဆိုတော့ ပြုတ်ကျမသွားအောင် သတိထားရတယ်။ ဆင်စီးရတာ ဘယ်လိုနေလည်း ဆိုတော့ စိတ်လှုပ်ရှားဖို့ကောင်းပါတယ်။ တစ်ခါမှလည်း မစီးဖူးတာဆိုတော့ အသစ်အဆန်း ဖြစ်နေတာပေါ့။ နေကာဖို့အတွက် ပုသိမ်ထီးလေးပေးပါတယ်။ ပုသိမ်ထီးလေးဆောင်းပြီး ကျွန်းကြိုးဝိုင်းထဲမှာ တစ်ပတ်စီးပြီး မိနစ် ၃၀ လောက်တော့ ကြာပါတယ်။ ရှေးခေတ်က ဘုရင်တွေ စစ်သူရဲကောင်းတွေ ဆင်စီးတာကို ပုံတွေ စာတွေထဲမှာပဲ သင်ခဲ့ ဖတ်ခဲ့ မှတ်သားခဲ့ရတာဆိုတော့ ကိုယ်တိုင်စီးကြည့်တော့ စိတ်ဘဝင်တောင် အတော်မြောက်သွားသား။
ဘာပဲပြောပြော မြန်မာဆင့်တွေကို ထိန်းသိမ်းရာလည်း ရောက်ပါတယ်။ ထိုင်းလို နိုင်ငံမှာတောင် ဆင်တွေကို ပင်ပင်ပန်းပန်း သစ်ဆွဲခိုင်းတာမျိုးတွေ မလုပ်တာ့ပဲ အလှပြ အနေနဲ့ နိုင်ငံခြားဝင်ငွေတောင် ရှာပေးနေတာ ဖြစ်ပါတယ်။ ကျွန်တော်တို့ မြန်မာက ခုမှ စလုပ်တာပါ။ ဘာပဲပြောပြော ခိုင်းဆင်တွေရဲ့ ဆင်နေမှုဘဝ တွေ တိုးတက်လာတယ်ပဲ ပြောရမှာပါ။ မိတ်တွေတို့လည်း မြန်မာဆင်တွေကို ထိန်းသိမ်းရာလည်း ရောက်အောင်၊ မိမိတို့ အနေနဲ့ ဆင်စီးဖူးသည်လည်းရှိအောင် အားလပ်ရက်များမှာ လည်ပတ်မယ်ဖို့ ကြုံကြိုက်ခဲ့မယ်ဆိုရင် ဆင်စီးဖြစ်အောင် စီးကြပါလို့ တိုက်တွန်းညွှန်းဆိုပါရစေ။
ကျေးဇူးပါဆင်စီးကြည့်ချင်နေတာနဲ့အတော်ဘဲ
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
ဟုတ်ကဲ့ မိသားစု မိတ်ဆွေ သူငယ်ချင်းတွေနဲ့တူတူ ဆင်စီးတာ ပျော်ဖို့အလွန်ကောင်းပါတယ်။
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
You received a 54.16% upvote from @dlivepromoter
Want to promote your posts? Send at least 0.010 STEEM or SBD to @dlivepromoter with the post link as the memo and receive an upvote on that post!
Delegate Steem Power to @dlivepromoter for a daily payout!
1 SP, 5 SP, 10 SP, 100 SP, 500 SP, custom amountWe pay 85% of bids back to the delegators each day. The remaining 15% is contributed back towards @dlivecommunity to help create a larger community.
Disclaimer:
@dlivepromoter is a part of the community project @dlivecommunity. We aim to help streamers navigate their way through @dlive and the overall Steem ecosystem. We are not affiliated with @dlive.Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit