Kyaw Thu Pagoda at Pyay

in travel •  7 years ago  (edited)

ကျော်သူဘုရား သို့မဟုတ် မဟာပဏိတ ပရဟိတအောင်တော်မူစေတီတော်

ပျူနှလုံးသားမြို့တော် သို့မဟုတ် ပြည်

  •   ပြည်မြို့လေးသည် မြန်မာရာဇဝင် သမိုင်း အဆက်ဆက်တွင် အမည်နာမ ကျော်ကြားသော မြို့လေးဖြစ်ပါတယ်။ ရှေးဘုရင် မင်းများ အဆက်ဆက် ထီးနန်း စိုက်ခဲ့ကြသော မြို့တစ်မြို့လည်း ဖြစ်ပါတယ်။ မြန်မာတို့ရဲ့ အသည်း နှလုံးဖြစ်သော ဧရာဝတီ မြစ်ကြီး၏ အရှေ့ဖက်ကမ်းတွင် မှေးတင်လျက် အေးချမ်း သာယာ လှပသော မြို့လေးဖြစ်ပါတယ်။
  • မြန်မာတို့အတွက် ဂုဏ်ယူဝံ့ကြွားစရာ သမိုင်း ရှေးဟောင်းအမွေအနှစ် စာရင်းဝင် သရေခေတ္တရာမြို့ဟောင်းရှိရာ မြို့လည်းဖြစ်ပါတယ်။ အနယ်အရပ်ရပ်မှ လာရောက် လည်ပတ်ရန် အတွက်လည်း ခရီးလမ်းပန်းသာ၍ ပို့ဆောင် ဆက်သွယ်ရေး ကောင်းမွန်ပါတယ်။ 
  • ရန်ကုန်မြို့မှဆိုလျှင် မိုင် (၁၇၀)ကျော်ခန့်သာ ကွာဝေးပြီး အဝေးပြေး လိုင်းကားနှင့်ဆိုလျှင် ပျမ်းမျှ(၆-၇)ခန့်သာ မောင်လျှင်ရောက်ပါတယ်။ တည်းခိုနေထိုင်ရန်အတွက်လည်း ဈေးနှုန်း သင့်တင့် လျှောက်ပတ်သော ဟိုတယ်၊ မိုတယ်များလည်း ရှိပါတယ်။ ဘုရားဖူး၊ အပန်းဖြေခရီး ထွက်မည့်သူများအတွက် လည်ပတ်လေ့လာရန် ဘုရား စေတီ လည်ပတ်စရာများလည်း ရှိပါတယ်။

ကျော်သူတည်သော မဟာပဏိတပရဟိတအောင်တော်မူစေတီတော်

  •   ပြည်မြို့နှင့် အနီးတဝိုက် သွားရောက် လည်ပတ်ချင်စရာများထဲက တစ်ခုဖြစ်တဲ့ ရုပ်ရှင် သရုပ်ဆောင် အကယ်ဒမီ ဦးကျော်သူ တည်ထားကိုးကွယ်သော ကျော်သူဘုရားသို့ သွားရောက်ဖူးမျှော်ဖြစ်ခဲ့ပုံလေးကို တင်ပြလိုက်ပါတယ်။
  •  ကျော်သူဘုရား၏ ဘွဲ့တော်အမည်မှာ မဟာပဏိတ ပရဟိတ အောင်တော်မူ စေတီတော် ဖြစ်ပါတယ်။ ဦးကျော်သူ ဆိုလျှင် မြန်မာပြည် တစ်ဝန်း ပရဟိတ မင်းသားကြီးဆိုတာ မသိသူမရှိ သလောက်ပါပဲ။ 
  • ထို့အတူ ရာဇဝင် မြို့လေးဖြစ်တဲ့ ပြည်မြို့ကို အလည်တစ်ခေါက် ရောက်ဖြစ်ခဲ့မယ် ဆိုရင်ဖြင့် ကျော်သူ ဘုရားသို့ မရောက်ဖြစ်ဖူးဆိုတာ မရှိရလေအောင် သွားရောက် ဖူးမျှော်သင့်ပါတယ်။

  •  ကျော်သူဘုရားကို ပြည်မြို့ရဲ့ အနောက်ဖက် ဧရာဝတီမြစ်ကြီးရဲ့ အနောက်ဖက်ကမ်း မှာ တည်ထားတာလည်း ဖြစ်ပါတယ်။ နာမည်ကျော် ရွှေဘုံသာမုနိ ဘုရားကြီးဆီ သွားရာလမ်းနဲ့ တစ်စပ် တစ်ဆက်တည်းလည်း ဖြစ်ပါတယ်။ ရွှေဘုံသာ မုနိ ဘုရားကြီးပြီးနောက် မိနစ်အနည်းငယ် ထပ်သွားလျှင် ရောက်ပါတယ်။
  •  မြေသားလမ်းသာ ဖြစ်ပေမယ့် တစ်နှစ်ပတ်လုံး ကားနှင့်အလွယ်တကူ သွားရောက်လို့ရပါတယ်။ ဧရာဝတီမြစ် အနောက်ဖက်ကမ်းသည် ရခိုင်ရိုးမနဲ့ တစ်စပ်တစ်ဆက်တည်း ဖြစ်နေတာကြောင့် ကျော်သူဘုရားသို့ သွားရာလမ်းဟာ တောင်ကုန်းတောင်တန်း အနည်းငယ်ကို ဖြစ်သွားရမှာပဲ ဖြစ်ပါတယ်။ 
  • ဒါပေမယ့် လမ်းကြမ်းတယ်လို့တော့ မဆိုသာပါဘူး။ ပြည်မြို့ထဲကနေဆိုလျှင် ဆိုင်ကယ်နဲ့ပဲဖြစ်ဖြစ် ကားနဲ့ပဲ ဖြစ်ဖြစ် အလွယ်တကူ သွားရောက်နိုင်ပြီး မိနစ် (၃၀)ခန့်သာ ကြာပါလိမ့်မယ်။  ဧရာဝတီမြစ် အနောက်ဖက်ကမ်းကို နဝဒေးမြစ်ကူးတံတားကြီးကို ဖြတ်သန်းပြီး သွားရမှာဖြစ်ပါတယ်။ ကျယ်ပြောလှသော မြစ်ပြင်ကျယ်ကြီးနှင့်အတူ လေကောင်းလေသန့် တစ်ဝကြီးရှူရှိုက်ပြီး သဘာဝ ရှုခင်း အလှအပများကို ခံစားကြည့်လိုက်ပါ။ 
  •  ကျော်သူဘုရားသို့ သွားရာလမ်းကို Google Map ကနေလည်း ရှာဖွေပြီး သွားနိုင်ပါတယ်။ 

Google Map လမ်းညွှန်

Image Source

  •   ကျော်သူဘုရားကို အဖြူရောင် သင်္ကန်း ကပ်ထားပြီး ဘုရားရှေ့ဘက်မုခ် ကွင်းပြင်တွင် ပရဟိဥဒါန်း ကျောက်စာတိုင်ကို ကိုင်ဆောင်ထားတဲ့ ငြိမ်းချမ်းရေးလက်ကို ဖန်တီးပြသထားပါတယ်။ 
  • ဘုရားကို ကုန်းတော် တစ်ခုပေါ်မှာ တည်ထားတာ ဖြစ်တဲ့အတွက် အနီးပတ်ဝန်းကျင် ရှုခင်းများဟာ မြင်ရသူ အဖို့ ကြည်နူးနှလုံး ချမ်းမြေ့ဖွယ် ဖြစ်ပါတယ်။ 

 ပြုပြုခဲ့သမျှ ကုသိုလ် အမျှအမျှ ခေါင်းလောင်းထိုးခဲ့ပါတယ်။ 

  •  ခေါင်းလောင်းထမ်းတဲ့ နောက်ကတစ်ဦးက ဦးကျော်သူ ရုပ်ဖြစ်မယ် ထင်ပါတယ်။
  •  ကျော်သူဘုရားဘေး ကုန်းတော်ပေါ်မှာပဲ ငရဲပြခန်း ရှိပါတယ်။ အကုသိုလ် ပြုမိသူတို့ရဲ့ ခံစားရမယ့် ဒုက္ခများကို ဖော်ကြူးထားတာပါ။ ရုပ်ကြွများနှင့် အသံတွေနဲ့ဖန်တီးထားတာပါ။ သရဲအိမ်လို ပုံစံမျိုး ဖြစ်ပါတယ်။  ငရဲပြခန်းရှေ့မှာ အမှတ်တရ ဓာတ်ပုံရိုက်ခဲ့ပါသေးတယ်။ 

ကျွန်တော် Steemit Content လေးကို ဖတ်ရှုပေးတဲ့အတွက် ဝမ်းသာပီတိဖြစ်ရပါတယ်။ တစ်ခါတစ်ခေါက်အလည်ရောက်ခဲ့ရင်ဖြင့် ကျော်သူဘုရားကို သွားရောက်ဖူးမျှော်ပါရန် တိုက်တွန်းလိုက်ရပါတယ်။ 

Written By @shankhunsm  

Authors get paid when people like you upvote their post.
If you enjoyed what you read here, create your account today and start earning FREE STEEM!
Sort Order:  

Hi! I am a robot. I just upvoted you! I found similar content that readers might be interested in:
https://www.xvideos.com/video22374949/japen_cosplay_hot_agent

This is Travelling and Religious Content. Not Sex Content. Shame on you @cheetah !!!

This is Travelling and Religious Content. Not Sex Content. Shame on you @cheetah !!! Wrong Bot!!!

Congratulations @shankhunsam! You have completed some achievement on Steemit and have been rewarded with new badge(s) :

You got your First payout

Click on any badge to view your own Board of Honor on SteemitBoard.
For more information about SteemitBoard, click here

If you no longer want to receive notifications, reply to this comment with the word STOP

Upvote this notification to help all Steemit users. Learn why here!

Did you know that there is a livestreaming service built on top of the Steem network called DLive? DLive enables anyone to stream what they enjoy and earn rewards in the form of Steem, just like on Steemit.com. Come check out some streams and see how easy it is to join in the conversation!

You received a 3.32% upvote from @dlivepromoter


Want to promote your posts? Send at least 0.010 STEEM or SBD to @dlivepromoter with the post link as the memo and receive an upvote on that post!

Delegate Steem Power to @dlivepromoter for a daily payout!

1 SP, 5 SP, 10 SP, 100 SP, 500 SP, custom amount
We pay 85% of bids back to the delegators each day. The remaining 15% is contributed back towards @dlivecommunity to help create a larger community.

Disclaimer:

@dlivepromoter is a part of the community project @dlivecommunity. We aim to help streamers navigate their way through @dlive and the overall Steem ecosystem. We are not affiliated with @dlive.