အရွက်များဖျန်းရန်

in writing •  7 years ago 

FB_IMG_1505998128538.jpg

ဆေးအရည်ဖော်စပ်တဲ့အခါငါးများကိုအသုံးပြုပါတယ်လူတို့စားသုံး၍မရသောငါးအမျိုးမျိုးနှင့်စွန့်ပစ်ပစ္စည်းများကို
အသုံးပြုနိုင်ပါတယ် ငါးမြေဩဇာအဖြစ် ပြုလုပ်သုံးစွဲနိုင်ပါသေးတယ် စဥ့်အိုး တစ်လုံးသို့မဟုတ်ပလပ်စတစ်ပုံးတစ်ပုံးတွငငါးအပိုင်းအစများကိုထည့်ပြီး ရေထည့်အပုတ်ခံထားလိုက်ပါအချိန်ကြာသော အခါ အတော်များများ ကြေပျက်အရည်
ပျော်သွားတာကိုတွေ့ရပါမယ် ပြီးတဲ့အခါမှာတော့ ထိုငါးပုတ်ရည်ကို အချို့သော စိုက်ပျိုးသူများက မြေဩဇာအဖြစ်လည်းအသုံးပြုကြတာကိုတွေ့ရပါတယ် ထိုငါးပုတ်ရည်ရဲ့ အထူးကောင်းမွန်သော
အာနိသင်ကို စိုက်ပျိုးသူ အတော်များများက သတိပြုမိကြပါလေတယ်ဒါပေမယ့်လည်းငါးပုတ်အနံ့ဟာဆိုရင်
အလွန်ဆိုးဝါးသောအနံ့ရှိသောကြောင့် စိုက်ပျိုးသူကို သာမက ဝန်းကျင်ရှိလူများအတွက်ပါ အခက်အခဲ ဖြစ်စေနိုင်ပါတယ အကယ်၍ ထိုအနံ့ကို လျော့နည်းပပျောက် အောင် ပြုလုပ်နိုင်မယ်ဆိုရင်တော့ပိုပြီးတွင်ကျယ်စွာ အသုံးပြုနိုင်မှာဖြစ်ပါတယ်အခက်အခဲကြီးမားစွာ မရှိနိုင်ပါဘူး ဝက်ချေးများအတွင်းသို့လည်း လေမှုတ်သွင်းသကဲ့သို့ ငါးပုတ်ရည်အတွင်းသို့ လျှပ်စစ်မော်တာများဖြင့် လေကို စဉ်ဆက်မပြတ် မှုတ်သွင်းပေးပါက အနံ့ဆိုးများပျောက်ပြီး ကောင်းစွာအသုံးပြုနိုင်တယ်ဆို
တာတွေ့ရပါတယ်အချို့ကလည်း ငါးအလေးချိန်၏ တစ်ဆခန့်ရှိသော ထန်းလျက်ကြံသကာကဲ့သို့ အချို့ပစ္စည်းတစ်မျိုးမျိုးကို ငါးပုတ်ရည်ထဲထည့် ပြီး ရေစိမ်ထားခြင်းဖြင့် ငါးပုတ်နံ့ကို သက်သာစေတယ်ဆိုတယပြောပြပါတယ်ငံပြာရည်ကဲ့သို့ ငါးနှင့် အချိုပေါင်းစပ်နေသော အရည် မှာလည်း အာနိသင်ကောင်းမွန်သော သဘာဝမြေဩဇာကောင်းတစ်မျိုး ဖြစ်ပါတယ်အရွက်ဖျန်းမြေဩဇာအဖြစ် လည်း ကောင်းစွာအသုံးပြုနိုင်ပါသေးတယ်ထိုကဲ့သို့ နိုင်ငံခြားမ
ှလာသော အနံ့ဖျောက်ထားသည့် ဈေးကြီးမြေဩဇာ များအစား ဈေးသက်သက်သာသာဖြင့်မြေဩဇာကောင်းတစ်
မျိုးကို စိုက်ပျိုးသူကိုယ်တိုင် ပြုလုပ်သုံးစွဲနိုင်တယ်ဆိုတာပြောပြလိုပါတယ်
တောင်သူစိုက်ပျိုးသူများအနေနှင့် ပဲဖတ်တွေ နှမ်းဖတ်ကဲ့သိုသောဆီကြိတ်ဖတ်များကို ရေစိမ်အပုတ်ခံပြီးတော့
မြေဩဇာအဖြစအသုံးပြုတတ်ကြပါတယ်
အဲ့ဒိအပုတ်ရည်များမှာ အပင်များ၏ ကြီးထွားဖွံ့ဖြိုးခြင်းကို အထူးကောင်းမွန်ကြောင်း
တွေ့ရှိရပါတယ် ကြိတ်ဖတ်ပုတ်များ၏ အဓိကအားနည်းချက်မှာ အနံ့ဆိုးဝါးလွန်းခြင်းဖြစ်ပါတယ် ထိုအနံ့များမှာ
လက်များ၌ စွဲကပ်သွားပါက ဆပ်ပြာနှင့် အကြိမ်ကြိမ်ဆေးသည့်တိုင်အောင် အနံ့ဆိုးမပျောက်ကြပါဘူးတဲ့
အဲ့ဒီိုအနံ့ဆိုး များ ပပျောက်ရန် သို့မဟုတ် သက်သာစေရန်မှာ ကြံသကာတွေ ထန်းလျက်တွေတင်လဲရည်တွေ
သကြားကဲ့သို့ အချိုပစ္စည်း တစ်မျိုးမျိုးကို အသုံးပြုရန် လိုအပ်ပါတယ်ယခုလို့စိုက်ပျိုးရေးဈေးကွက်တွင်
အဲ့ဒီလိုသို့ပြုလုပ်ထားသော သဘာဝမြေဩ ဇာများကို တွေ့နိုင်ပါတယ်ဒါပေမယ့် တံဆိပ်အမျိုးမျိုးဖြင့်ရှိနေသော
နိုင်ငံခြားမှ ရောက်လာသည့် မြေဩဇာများ မှာ သာမန်စိုက်ပျိုးသူများအတွက်လက်လှမ်းမမှီနိုင်အောင်
ဈေးကြီးလှတယ်ဆိုတာသိမှာပါအကယ်၍ အသုံးပြုသောသီးနှံ ဈေးမ ကောင်းပါက အသုံးပြုရန် ပို၍ခက်ခဲ
မည်ဖြစ်ပါတယ် စိုက်ပျိုးသူများအနေနှင့် မိမိတို့အသုံးပြုမည့် မြေဩဇာ များကို ကိုယ်တိုင်ပြုလုပကာ
် သုံးစွဲခြင်းကသာ အကောင်းဆုံးဖြစ်ပါတယ်ဆိုတာကိုအသိပေးလိုက်ရပါလေသည်

Author : @ladyrose
Photos credit; Google Image

Authors get paid when people like you upvote their post.
If you enjoyed what you read here, create your account today and start earning FREE STEEM!
Sort Order:  

nice 🙂

thanks

you always have great content

thanks