4G အင်တာနက်ရဲ့ အားသာချက်များကို သင်သိပါသလားsteemCreated with Sketch.

in life •  8 years ago  (edited)

image
4G အင်တာနက်ကိုသုံးနေကြပြီလား .. အရမ်းကိုမြန်ပြီး အရင်လို အ၀ိုင်းမလည်တော့ဘူးနော်

ဘာကြောင့် 4G က 3G ထက် ပိုကောင်းသလဲ

4G LTE ကတော့ fourth generation long term evolution ရဲ့ အတိုကောက်ပါ။ မိုဘိုင်းအင်တာနက် ဒေတာတွေကို 3G ထက် ပိုမြန်မြန်ဆန်ဆန် သယ်ဆောင်ပေးနိုင်ပြီး 3G ထက် ၅ဆကနေ ၁၀ ဆအထိ ပိုမြန်ပါတယ်။

3G နဲ့ 4G ၂ မျိုးလုံးဟာဖုန်းနဲ့အင်တာနက် ချိတ်ဆက်နိုင်တဲ့ ကွန်ရက်တွေပါ။ 3G က ဖုန်းခေါ်ဆိုဖို့ အတွက်ရောအင်တာနက်အတွက်ပါ အသုံးပြုနိုင်ပါတယ်။ 4G ကတော့ အင်တာနက် ချိတ်ဆက်ပြီး ဒေတာဖြန့်ဝေလွှင့်ဖို့အထူးသီးသန့် အသုံးပြုတာဖြစ်လို့ 4G က ၅ဆကနေ ၁၀ ဆလောက် ပိုမြန်ပါတယ်။ 20Mbps ကနေ 40 Mbps အထိ Data Speed ရှိလို့ အရမ်းအရမ်းကို မြန်တယ်။

အင်တာနက်လူသုံးများချိန် လိုင်းကြပ်ချိန်တွေမှာလည်း 4G က 3G ထက် ၅ဆအထိတောင် မြန်နေသေးတာမို့ အွန်လိုင်းမှာဗီဒီယိုတွေကိုထစ်ခြင်း၊ ပြတ်ခြင်းမရှိ အ၀ိုင်းမလည်တော့ဘဲ ကြည့်နိုင်ပြီလေ။3G ဆိုတာကလမ်းကျဉ်းလေးလိုပဲ။ အသွားအလာများလာရပ်လမ်းကကြပ်သွားမှာပေါ့။ 4G ကတော့ အဝေးပြေး အမြန်လမ်းမကြီးလိုပါ။ အားလုံးမြန်မြန်ဆန်ဆန်သွားနိုင်ပါတယ်။

source photo www.google.com

Authors get paid when people like you upvote their post.
If you enjoyed what you read here, create your account today and start earning FREE STEEM!